Sunday, September 29, 2013

ချန်ပီယံ လိဒ် မှာ အောင်မြင် မှု့ ရဖို့ ဆိုရင် ကမ္ဘာ့ အဆင့်မှီ ကစား သမား ငါးယောက် ခြောက်ယောက် လောက် ရှိနေ ဖို့ လိုပါ တယ် (မိုယက်စ်)

0 comments



29.9.2013

မန်ချက်စတာ ယူနိုက်တက်သည် ယမန်နေ့က အိမ်ကွင်းတွင် ၀က်စ်ဘရွန်း အသင်းအား ရှုံးနိမ့်ခဲ့ရာ ထိုအရှုံးသည် ၀က်စ်ဘရွန်း နှင့်ပါတ်သတ်ပြီး ၁၉၇၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး ရှုံးနိမ့်မှု့လည်း ဖြစ်ခဲ့သည်။ ပရီးမီးယားလိဒ် ပွဲစဉ် (၆)ပွဲ အပြီးတွင် (၃)ပွဲ အရှုံးနှင့် အတူ၊ နည်းပြသစ် မိုရက်စ် အား စိန်ခေါ်မှု့ ပြင်းထန် လွန်းသည့် ချန်ပီယံလိဒ်တွင် အောင်မြင် ရနိုင်ပါ့မလား ဆိုသည့် မေးခွန်းများ နိုင်ငံတကာ အားကာစား သတင်းများတွင် ဖေါ်ပြ လာခဲ့သည်။

လက်ရှိ ပရီးမီးယားလိဒ် ချန်ပီယံသည် ဘောလုံးရာသီ အပြောင်း အရွေ့ ဈေးကွက် တွင်လည်း သူတို့ အလိုရှိနေသည့် ကစား သမားများကို အောင်မြင်စွာ ခေါ်ယူ နိုင်ခြင်း မရှိ ခဲ့ချေ။ ယခုလ အစောပိုင်းက ချန်ပီယံလိဂ် ပွဲစဉ် အစအဖြစ် လေဘာကူဆင်နှင့် ပွဲတွင် (၄-၂)ဖြင့် အနိုင်ရလဒ် ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ရှက်တာဒိုးနက် အသင်းနှင့် လာမည့် ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၂၀၀၉ ဘောလုံးရာသီ၏ ချန်ပီယံလိဒ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်သည် ဆာအဲလက်စ် ဖာဂူဆန်၏ နောက်ဆုံး နှစ်နှစ် ချန်ပီယံလိဒ် ရလဒ်များ တွင်လည်း ကျေနပ်လောက်စရာ မရရှိခဲ့ပဲ ၂၀၁၂ ဘောလုံး ရာသီကဆိုလျှင် အုပ်စု အဆင့်မှပင် ထွက်ခွာခဲ့ရခြင်းဖြစ်ရာ ချန်ပီယံလိဒ်အတွက် ပြင်ဆင်မှု့ ကောင်းကောင်း ရှိရန် လိုအပ်နေကြောင်း သတင်းများတွင် ထောက်ပြထားသည်။

ချန်ပီယံလိဒ်နှင့် ပါတ်သတ်ပြီး မိုယက်စ်က several national newspapers မှ တဆင့် ပြောကြားခဲ့ရာမှာ “ချန်ပီယံလိဒ်မှာ အောင်မြင်မှု့ ရဖို့ဆိုရင် အသင်းမှာ world-class players ငါးယောက် ခြောက်ယောက် လောက် လိုအပ်ပါတယ် ဘိုင်ယန်မြူးနစ် နဲ့ ဘာစီလိုနာကိုပဲ ကြည့်မလား၊ ရီးရဲလ် မတ်ဒရစ်ကိုပဲ ကြည့်မလား သူတို့မှာ ကမ္ဘာ့ အဆင့်မှီ ကစား သမားတွေ အများဆုံး ပိုင်ဆိုင်ထား နိုင်ကြတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ အဲ့ဒီလို ပြည့်စုံမှု့ မရှိသေးပါဘူး ၊ ဒါပေမယ့် ချန်ပီယံလိဂ်နဲ့ ပါတ်သတ်ပြီးအတွေ့ အကြုံ ကောင်းကောင်း ရှိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်” ဟု ပြောဆိုသည်။ ဘီဘာအို လူငယ် ကစားသမား အန်ဒရာ ဟာရဲယား အား ပစ်မှတ်ထားနေသည့် ဒေးဗစ်မိုယက်စ်သည် ယခုတပါတ်တွင် ဘီဘာအိုနှင့်ပွဲအား စပိန်သို့ သွားရောက် ကြည့်ရှု့မည် ဖြစ်သည်။

Written by မောရစ်
http://football-cafe.com/

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here