Monday, September 30, 2013

သံတွဲမြို့တွင် အကြမ်းဖက်မီးရှို့ခြင်းများ ဖြစ်ပွား

0 comments
30.9.2013

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့ ၇ နာရီဝန်းကျင်ခန့်က အကြမ်းဖက်သမားလူတစ်စုက အမှတ် ၃ ရပ်ကွက်ရှိ ဦးခင်မော်နေအိမ်ခြံဝင်းအတွင်း အာရဗီစာသင်ကျောင်းကို မီးရှိုံ့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

`စဖြစ်တာကတော့ ဦးညီညီလွင်နဲ့ ကိုကျော်မင်းထိုက်တို့က ဦးကျော်ဇံလှနဲ့ ဦးတင်ဝင်းနေအိမ်ကို ခဲနဲ့ ပေါက်တာကို ရဲကဖမ်းတော့ မကျေမနပ်ဖြစ်ရာကနေ စတာပဲ`ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။

 စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၄နာ၇ီခွဲအချိန်ခန့်တွင် ဦးညီညီလွင်နှင့်ကိုကျော်မင်းထိုက်တို့က အမှတ်၃ ရပ်ကွက်၊ ရွှေဘုံသာလမ်းနှင့် ဂန္ဓာမာလမ်းထောင့်ရှိ ဦးကျော်ဇံလှနှင့် ဦးတင်ဝင်းနေအိမ်ကို ခဲဖြင့်ပစ်ပေါက်ခဲ့သောကြောင့် အဆိုပါဦးညီညီလွင်နှင့် ကိုကျော်မင်းထိုက်တို့ကို သံတွဲမြို့၊ မြို့မ ရဲစခန်းမှ လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးမှုကို မကျေနပ်တဲ့အတွက် သံတွဲမြို့၊ ဒေါ်ရာဝသီမြို့သစ်၊ ကားရပ်ကွက်နှင့် ခါးရပ်ကွက်တို့တွင် ည ၆နာရီ ၄၀ ၀န်းကျင်အချိန်မှာ လူ ၅၀ ခန့် စုဝေးလာပြီးသံတွဲလုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခိုင်းခဲ့ပေမဲ့လည်း လူစုခွဲခြင်းမရှိဘဲ မီးရှို့ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရှိရပါတယ်။

ည ၇နာရီခွဲခန့်အချိန်တွင် မီးငြိမ်းသတ်ပြီး နယ်မြေခံရဲတပ်ဖွဲ့များ၊ တောင်ကုတ်မြို့မှ ပြည်သူရဲများနှင့် တပ်မတော်သားများက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ယခုအခါ သံတွဲမြို့နှင့်အနီးတ၀ိုက်ကို လုံခြုံရေးများ ချထားပြီး ၁၄၄ ထုတ်ပြန်ထားကြောင်း သိရှိရသည်။


   By မိုးဝေ၊မြတ်မိုးကျော်(မြစ်မခ)   

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here