Monday, September 30, 2013

မော်လိုက်နှင့်ကလေးခရိုင်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

0 comments
30.9.2013

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးသည် စက်တင်ဘာ (၂၄)ရက် နံနက်ပိုင်းတွင် မုံရွာ- ယာကြီး-ကလေးဝလမ်း ကျောက်ချောလမ်းခင်း ကျင်းနေမှုနှင့် မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုတို့ကို စစ်ဆေးပြီး မင်းကင်းမြို့နယ် မြို့မ ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ကျောင်းသုံးဗလာစာအုပ်များ၊ အားကစား ပစ္စည်းများနှင့် ဂျာနယ်စာစောင် များ ပေးအပ်ထောက်ပံ့ခဲ့သည်။

ဆက်လက်၍ကလေးဝ-မော်လိုက် လမ်းကျောက်ချောလမ်းခင်းကျင်းနေမှုနှင့် ချောင်းကူးတံတားများနှင့် ပလူဇ၀ ကွန်ကရစ် တံတား တည်ဆောက်နေမှုတို့ကို လှည့်လည်စစ်ဆေးပြီး လိုအပ်သည် များကို ဖြည့်ဆည်း ပေးသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်တင်ဘာ(၂၅)ရက် နံနက် ပိုင်းတွင် မော်လိုက်မြို့ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်း၊ ဆေးရုံအဆောက်အအုံတို့ကို စစ်ဆေးပြီး လူနာများအား အားပေးကာ ဆေးနှင့်ငွေ ပဒေသာ ပင်များ ပေးအပ်ထောက်ပံ့ သည်။

ဆက်လက်၍ မော်လိုက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီများ၊ အထောက်အကူပြုကော်မတီများ၊ ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင် များနှင့် တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများနှင့် ကြက်ခြေနီ ဝတ်စုံ များ ပေးအပ်ထောက်ပံ့သည်။ ထို့နောက် အမှတ်(၁) အခြေခံပညာ မူလ တန်းကျောင်း ကျောင်းဆောင် သစ် ဆောက်လုပ်ပြီးစီးမှု၊ မော်လိုက်မြို့ချင်း တွင်းမြစ် မြေထိန်းနံရံ တည်ဆောက်နေ မှုနှင့် မြို့တော်ခန်းမ တည်ဆောက်မည့်မြေနေရာ တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကြာအင်းစံပြကျေးရွာ၌ ကမ်းပါးပြိုကျပျက်စီးနေမှုကို စစ်ဆေးပြီး တိုက်နယ်ဆေးရုံနှင့် လူနာများ အားကြည့်ရှု အားပေးကာ ဆေးနှင့်ငွေပဒေသာပင်များ ပေးအပ်ထောက်ပံ့ခဲ့သည်။ ထို့နောက် ဒေသခံတောင်သူ များနှင့် တွေ့ဆုံ၍ကျေး ရွာ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးပြီး ကျောင်းသုံး ဗလာစာအုပ်များနှင့် ဂျာနယ် စာစောင်များပေး အပ်ထောက် ပံ့သည်။ ဆက်လက်၍ ကလေးဝမြို့နယ် မစိန်ကျေးရွာ တိုက်နယ်ဆေးရုံ ကိုယ့်အားကိုယ်ကိုး ဓာတ် မှန်ဆောင် ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့် လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျောင်းဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကလေးဝမြို့ မြို့တော် ခန်းမ၌ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ အထောက် အကူပြု ကော်မတီများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များနှင့်တွေ့ဆုံသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်တင်ဘာ(၂၆)ရက် နံနက်ပိုင်းတွင် မင်းကင်းမြို့နယ် ရှားတော ကျေးရွာ၌ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့ဆေးရုံရှိ ခွဲစိတ် ခန်း၊ ဆေးသိုလှောင် ခန်းတို့ကို ကြည့်ရှု စစ်ဆေးပြီး လူနာများ အား အားပေး ကာဆေးနှင့် ငွေပဒေသာပင် များပေးအပ်ထောက်ပံ့သည်။ ထို့နောက် မင်းကင်းမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ အထောက် အကူပြုကော်မတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများ နှင့်ကြက်ခြေနီဝတ်စုံများပေးအပ်ထောက်ပံ့သည်။

ယင်းနောက် မောက္ကတော်ကျေးရွာ၊ ပန်းဆက်ကျေးရွာနှင့် သင်တောကျေးရွာတို့ ၌ဒေသခံတောင်သူ များနှင့် တွေ့ဆုံပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဂျာနယ်စာစောင်များနှင့် အားကစား ပစ္စည်းများကို ပေးအပ်ထောက်ပံ့ သည်။ ထို့နောက် ကနီမြို့ မြို့တော်ခန်းမ၌ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ အထောက်အကူပြုကော်မတီများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများ၊ ကြက်ခြေနီဝတ်စုံ များ ပေးအပ်ထောက်ပံ့ ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here