Saturday, September 28, 2013

ဖောင်တော်ဦးဘုရားမှ ရွှေဆိုင်းကန်ထရိုက်ကို ဖယ်ရှားပေစေလို

0 comments



27.9.2013

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသသည် မြန်မာလူမျိုးတို့၏ ဂုဏ်ယူစရာ သဘာဝအလှတရားများ စုဝေးရာ ကမ္ဘာလှည့်ခရီးသွားများ အထူးတလည် လာရောက်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်သလို အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရားကလည်း ကမာ့္ဘအလည်မှာ ထင်ရှားတဲ့တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါတယ်။ ဗုဒ္ဒဘာသာဝင်တွေ
အထွဋ်အမြတ်ထား ဂုဏ်ယူနေရတဲ့ဘုရားပါပဲ။

ဒီဘုရားပေါ်မှာ ဘုရားမှာကပ်တဲ့ရွေဆိုင်းရောင်းချခွင့်ကို ယမန်နှစ်ကစပြီး ကန်ထရိုက်စနစ်ပေးလိုက်ပါတယ်။ ကန်ထရိုက် လုပ်ပိုင်ခွင့်ကို ဘာသာခြားတွေ လုပ်ပိုင်ခွင့်ရထားတယ်ဆိုရင် ယုံတောင်ယုံပါ့မလားမသိဘူး။ လေလံစည်းမျဉ်းထဲမှာ ဘုရားရွေဆိုင်း ကန်ထရိုက်ဆွဲမည့်သူဟာ ဗုဒ္ဒဘာသာဝင်ဖြစ်ရမည်ဆိုတဲ့အချက်တောင် မပါဘူး။ တရုတ်လူမျိုး ဦးအောင်ကျော်ထွန်းနှင့် ၎င်း၏ဇနီး ဘာသာခြားအမျိုးသမီးတို့က ဘုရားပေါ်မှာ လူမိုက်တွေမွေးပြီး လုပ်ချင်တိုင်း လုပ်နေကြတယ်လေ။

အဲ့ဒီ့ကန်ထရိုက်စနစ်စတင်တဲ့အချိန်ကစပြီး ဖောင်တော်ဦးဘုရားပေါ်မှာ ဓါးထိုးမှုတွေ၊ဒေသခံရွေဆိုင်းရောင်းချသူ အမျိုးသမီးတွေနှင့် ကန်ထရိုက်အဖွဲ့တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒေသခံအမျိုးသမီး (၇) ဦးကို ကန်ထရိုက်က ပုဒ်မ-၄၄၀နဲ့ ညောင်ရွေတရားရုံးမှာ တရားဆွဲတာတွေ၊ ဘုရားဖူးလာတဲ့သူတွေက သင့်တော်ရာနေရာက ၀ယ်ယူလာတဲ့ရွေဆိုင်းတွေကို ကပ်လှူခွင့်မပေးလို့ ဘုရားဖူးလာတဲ့ဧည့်သည်တွေနဲ့ ကန်ထရိုက်လက်ပါးစေတွေ ရန်ဖြစ် ကြတာတွေက နေ့စဉ်လိုလိုဖြစ်နေပါတယ်။

ကန်ထရိုက်ဦးအောင်ကျော်ထွန်းက ညောင်ရွေတစ်မြို့လုံးမှာ ၎င်းရောင်းချတဲ့ရွေဆိုင်းကလွဲပြီး ကျန်တဲ့ပြင်ပက ၀ယ်လာတဲ့ ရွေဆိုင်းမှန်သမျှတရားမ၀င်ရွေဆိုင်းလို့ သတ်မှတ်ပြီး ဘုရားကပ်လှူခွင့်မပေးကြောင်း စာတွေလိုက်ကပ်သလို ဘုရား ပေါ်မှာလည်း လော်စပီကာနဲ့ အဆက်မပြတ်အော်ဟစ်ကြေငြာလေ့ရှိပါတယ်။ အင်းလေးဒေသခံတွေက မိရိုးဖလာအစဉ်အဆက် ဘုရားဖူးလာသူတွေကို ငှက်စာနှင့်ရွေစင်ရွေပြားရောင်းချခြင်းနဲ့ အသက်မွေးကြပါတယ်။ ကျောင်းသား/သူလေးတွေကလည်း ကျောင်းအားချိန်မှာ ဈေးရောင်းပြီး ကျောင်းစရိတ်ရှာကြတယ်။

ကန်ထရိုက်စနစ်ပေါ်လာတဲ့နောက်မှာ ဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းထိခိုက်ရတာကြောင့် ဒေသခံတွေက ၀ိုင်းဝန်းကန့်ကွက်ကြသလို တိုင်ကြားစာတွေကိုလည်း ပြည်နယ်အစိုးရဆီ ပို့ကြပါတယ်။ ဘာမှဖြစ်မလာဘူး။ယခုနှစ် အတွက်လည်း ယခင်ကန်ထရိုက်ဦးအောင်ကျော်ထွန်းက လုပ်ပိုင်ခွင့်ရရှိဖို့အတွက် အင်းဝန်ကြီးနဲ့သြ၀ါဒစရိယဆရာတော်တွေကို ၀တ္ထုငွေလှူဒါန်းလာဘ်ထိုးလုပ်ဆောင်နေပါတယ်။ ကန်ထရိုက်စနစ်လေလံပေးရာမှာ ပွင့်လင်းမြင်သာမှုမရှိသလို လေလံစည်းမျဉ်းစည်းကမ်းကလဲ အားနည်းချက်တွေရှိနေပါတယ်။ အဲ့ဒီ့အားနည်းချက်ရှိတဲ့ လေလံစည်းကမ်းတွေကိုတောင် လက်ရှိ လုပ်ကိုင်နေတဲ့ဦးအောင်ကျော်ထွန်းက မလိုက်နာခဲ့ပါဘူး။

ဒါကြောင့် ယခုလက်ရှိကန်ထရိုက်ကိုဆက်လက်ပြီး လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ကျွန်တော်တို့ဒေသရွာပေါင်း (၄၀)ကျော်က ပြည်သူတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်မယ်။ အခုလတ်မှတ်တွေ ကောက်နေတယ်။ အင်းလေးဒေသက ဖောင်တော်ဦး ဘုရားရာဇ၀င် မရိုင်းစေရပါဘူး။ နောက်ပြီးကန်ထရိုက်က ဘာသာခြားဖြစ်နေတာကိုက ရင်ထဲမှာ စူးတစ်ချောင်းဝင်နေ သလိုခံစားရပါတယ်။

အင်းသူ/အင်းသားများ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here