Wednesday, September 25, 2013

Nissan နှင့် Tan Chong တို့ မြန်မာနိုင်ငံတွင် မော်တော်ကားများ တပ်ဆင်ရန်လုပ်ကိုင်မည်

0 comments


25.9.2013

Nissan Motor Co.,Ltd နှင့် Tan Chong Group တို့သည် Nissan မော်တော်ကား များ အား မြန် မာ နိုင်ငံ တွင် ထုတ်လုပ် ခွင့် နှင့် ဖြန့်ဖြူး ရောင်းချ ခွင့် ကို ရရှိပြီ ဖြစ်ကြောင်း စက်တင်ဘာ လ ၂၀ ရက် က နေပြည်တော် သင်္ဂဟ ဟိုတယ် တွင် ကျင်းပ ခဲ့သည့် သတင်း စာ ရှင်းလင်း ပွဲတွင် ကြေ ညာ ခဲ့သည်။

ယင်း အဆိုပြု လွှာ ကိုလည်း မြန်မာ့ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် မှ သြဂုတ် လ ၁၅ ရက် က အတ ည် ပြုခဲ့ပြီး Tan Chong Motor Group (Myanmar) အား Nissan မော် တော် ယာဉ် များ ကို နိုင် ငံတော် အတွင်း တပ်ဆင်ခွင့် နှင့် ထုတ်လုပ် ရောင်းချ ခွင့် ပြုကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုချက် ဖြင့် Tan Chong Group သည် ပဲခူးတိုင်း ဒေသ ကြီး ရှိ စက်မှုဇုံ တွင် မော်တော် ယာဉ် ထုတ်လုပ် သည့် စက်ရုံ အား ၃ နှစ် စီမံကိန်းဖြင့် စတင် သွား မည် ဖြစ်ကြောင်း၊ ရာနှုန်း ပြည့် ထုတ် လုပ်နိုင် ပါက တစ်နှစ် လျှင် ကား အစီး ပေါင်း တစ်သောင်း ကျော် ထုတ်လုပ် သွားမည် ဖြ စ်ကြောင်း နှင့် စက်ရုံ တွင် စတင် ထုတ်လုပ် မည့် ၂၀၁၅ တွင် အလုပ် သမား ဦးရေ ၃၀၀ ကျော် အား ခန့်သွား မည် ဖြစ်ကြောင်း အဆိုပါ သတင်း စာ ရှင်းလင်း ပွဲ တွင် ပြောကြား ခဲ့သည်။

Nissan Motor Co.,Ltd ၏ Chief Executive Officer Carlos Ghosn က ဝမ်းသာ ဂုဏ်ယူ စ ကား ပြောကြား ပြီး နောက် “ ကျွန်တော် တို့ အနေ နဲ့ မြန်မာ နိုင်ငံ ဟာ အင်ဒိုချိုင်း နားဒေသ မှာ တိုးတက် ဖွံ့ဖြိုးမှု အတွက် တွန်းအား တစ်ရပ် ဖြစ်မယ် လို့ ယုံကြည် ထားပါတယ် ”ဟု Tan Chong Group ၏ Executive Deputy Chairman Dato Tan Heng Chew ကပြော သည်။

ပဲခူးတိုင်း ဒေသကြီး ရှိ စက်မှုဇုံ တွင် ဧက ၈၀ ရှိ နောက်ဆုံး ပေါ် အဆင့်မြင့် စက်မှု အဆောက် အ အုံ ဖြင့် Nissan အမှတ်တံဆိပ် မော် တော်ကားများ တပ်ဆင် ထုတ်လုပ် မှု နှင့် အပို ပစ္စည်းများ ထု တ် လုပ် ရန် ဆောင်ရွက် သွား မည် ဖြစ်ပြီး အဆိုပါ စက်ရုံ အား Tan Chong Motor Group ( Myanmar ) Co.,Ltd မှ ဆောက်လုပ် လည်ပတ် သွားမည် ဖြစ်ပြီး ထုတ်လုပ် မှု များ ကို ၂၀၁၅ တွင် စတင် မည်ဟု ရည်ရွယ် ထား ကြောင်း သိရသည်။

Myanmar Internet Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here