Wednesday, September 25, 2013

Westgate အဆင့်မြင့် ဈေးကြီး မှ ဓားစာခံများ လွတ်မြောက်

0 comments


25.9.2013

ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့ တွင် အဆင့်မြင့် Westgate ဈေးကြီး တွင် ဓားစာခံ ဖြစ်နေသူ အများစု ပြ န် လွတ် ခဲ့ပြီ ဖြစ်ကြောင်း ကင်ညာ ကာကွယ်ရေး တပ်ဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူ ဆိုင်ရပ်စ် အိုဂူန က စက်တင်ဘာ ၂၃ ရက် က ပြောကြား ခဲ့သည်။ ထို့ အပြင် အဆင့်မြင့် ဈေး အဆောက်အအုံ နေရာ အတော် များများ ကို လုံခြုံရေး တပ်ဖွဲ့ များ က ပြန်သိမ်း ထားနိုင်ပြီ ဖြစ်ကြောင်း လည်း အွန်လိုင်း တွင် ကင်ညာ ကာကွယ်ရေး တပ်ဖွဲ့များ က ရေးသား ဖော်ပြ သည်။

ဈေး အပြင် ဘက် အနီးအနား တစ်ဝိုက်တွင် ကင်ညာ ကြက်ခြေနီ အသင်း၊ စစ်သား များ၊ စေတနာ့ ဝန်ထမ်း များ နှင့် သတင်းထောက် များ ရှိနေပြီး အဆောက်အအုံ အတွင်း ပစ်ခတ် သံ များ ကြားေ နရ ကြောင်း ယင်း နေရာ သို့ ရောက်ရှိ နေသည့် ဆင်ဟွာ သတင်းထောက် က ပြောကြား သည်။ ယင်း ဈေးကြီး တွင် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက မျက်နှာ ဖုံးတပ် လက်နက်ကိုင် များ သေ နတ် များ ဖြင့် ပစ်ခတ် ဝင်စီး ခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူ ၆၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၇၅ ဦး ရှိ သည်။ ၁၉၉၈ ခုနှစ် နောက်ပိုင်း ကင်ညာ နိုင်ငံ တွင် သွေးထွက် သံယို အများဆုံး တိုက်ခိုက်မှု တစ် ရပ် ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here