Monday, October 21, 2013

ဖယောင်းတိုင်မီး ထွန်းရာမှ မီးလောင်မှု ဖြစ်ပွား

0 comments

Monday, October 21, 2013

မြဝတီမြို့နယ် အမှတ်(၄)ရပ်ကွက် ချစ်ကြည်ရေးလမ်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီရုံး ဝဲဘက်ခြမ်း
ဈေးဆိုင် တန်းရှိ ဦးခင်မောင်(ခ) ပါလေး ၃၉ နှစ် (ဘ)ဦးကိုဘီ ဆိုင်ကယ်ပြင်ဆိုင်၏ သွပ်မိုးထရံကာ ဆိုင်ခန်း၌ ယမန်နေ့ ည ၁၁ နာရီခွဲက ဖယောင်းတိုင်မီး ထွန်းရာမှ ပေါ့ဆမီး စတင် လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အောင်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ငွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် ဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၆၅ ဦးနှင့် ရပ်ကွက်နေ ပြည်သူများ မီးသတ်ယာဉ်သုံးစီး၊ အရပ်ရေသယ်ယာဉ်ငယ် အစီး ၂ဝ တို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ဝဝး၃ဝ နာရီက မီးညွန့် ကျိုးသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဇော်အောင်မော် ဝါယာရိန်း ဆိုင်ရှေ့လမ်းဘေးတွင် ပြင်ရန်ရပ်ထားသည့် အိမ်စီး ယာဉ်ငယ် လေးစီး၊ ဆိုင်ကယ် သုံးစီး၊ သွပ်မိုး ထရံကာ အလျားပေ ၂ဝ၊ အနံ ၈ ပေရှိ လူနေဆိုင်ခန်း ၁၅ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ခင်မောင်(ခ) ပါလေးအား မြဝတီမြို့မ ရဲစခန်းမှ (ပ)၁၈၉/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here