Tuesday, October 15, 2013

ယာဉ်ကြောကျပ်မှုပြဿနာနှင့် ဗန်ကောက်ရဲတပ်ဖွဲ့၏ အဆိုပြုချက်

0 comments
ယာဉ်ကြောကျပ်မှုများမရှိစေရန် အစီအစဉ်တစ်ရပ်အဖြစ် ဗန်ကောက်ရှိရဲတပ်ဖွဲ့က သက်တမ်း ၁၀နှစ်ကျော်သည့် မော်တော် ယာဉ်များအားလုံး ဗန်ကောက်မြို့ လမ်းမများပေါ်တွင် မောင်းနှင်ခွင့်မပြုရေး အဆိုပြုတင်ပြမည်ဟု ဗန်ကောက်မြို့တော်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး က ပြောဆိုသည်။

ဗန်ကောက်မြို့တော်ရဲတပ်ဖွဲ့က အဆိုပြုချက်ကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်သည်ဟု ယာဉ်ထိန်းတပ်ဖွဲ့အား တာဝန်ယူဆောင်ရွက်နေ သည့် ရဲဗိုလ်ချုပ် Adul Narongsak က ပြောကြားသည်။

သက်တမ်းရင့်မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် ဗန်ကောက်တွင် ဆက်လက်အသုံးပြုလိုပါက ကားသစ်များအခွန်ဆောင်ရသည့်နှုန်းထား အတိုင်း နှစ်စဉ်အခွန်ပေးဆောင်ရမည်ဟုလည်း ၎င်းက ဆိုသည်။

ဗန်ကောက်မြို့တော်တွင် မောင်းနှင်သွားလာနေသည့် မော်တော်ယဉ်များ အနေဖြင့် သက်တမ်း ၁၀နှစ်ထက် မကျော်လွန်သင့်ကြောင်း၊ ၁၀နှစ်သက်တမ်း ထက် ကျော်လွန်သည့် မော်တော်ယာဉ်များ အားလုံး ပြည်နယ်များတွင် အသုံးပြုရမည်ဟု Adul Narongsak က ပြောကြားသည်။

လက်ရှိတွင် သက်တမ်း ၇နှစ်နှင့် အထက်ရှိ မော်တော်ယာဉ်များ မှာ မော်တော်ယာဉ်အသစ်များထက် အခွန် ပေးဆောင်ရမှု ၅၀ရာခိုင်နှုန်း လျော့နည်းပေသည်။

သက်တမ်းရင့်ကားများ အသုံးပြုခြင်း တားမြစ်ရေးအစီအစဉ်မှာ ဗန်ကောက်၌ လာမည့်နှစ်တွင် ယာဉ်ကြောကျပ်မှု ပြဿနာဖြေရှင်းဆောင်ရွက်ရေးအတွက် မြို့တော်ဝန်ရဲတပ်ဖွဲ့က အဆိုပြုထားသည့် အစီအစဉ် ၁၆ခုအနက် တစ်ခုဖြစ်သည်။

အဆိုပါ အစီအစဉ်များတွင် ဗန်ကောက်မြို့တော်၌ ပို့ဆောင်ရေးဆိုင်ရာ တရားရုံးတစ်ခု ဖွင့်လှစ်ခြင်း၊ ယာဉ်ထိန်းချုပ်ရေးဌာနတွင် အသုံးပြုသည့် ပစ္စည်းများ ခောတ်မီအောင်ဆောင်ရွက်ခြင်း၊ အစိုးရဌာနများနှင့် စီးပွါးရေးဆိုင်ရာအဖွဲ့အစည်းများ၏ အလုပ်ချိန်များနှင့် ကျောင်းတက် /ကျောင်းဆင်း ချိန်များအား ပြန်လည်သတ်မှတ်ခြင်းတို့ ပါဝင်သည်ဟု သိရသည်။ ထိုသို့ဆောင် ရွက်ခြင်းဖြင့် ရုံးတက်/ရုံးဆင်းအလုပ်ချိန်များတွင်ယာဉ်ကြောကျပ်မှုပြဿနာ ဖြေရှင်းနိုင်မည်ဟု Adul က ပြောကြားသည်။

အဆိုပြုချက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ပို့ဆောင်မှုလုပ်ငန်းအား ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ခောတ်မီ ကိရိယာများနှင့် နည်းပညာသစ်များ အသုံးပြုရေး၊ ယာဉ်စည်းကမ်း လမ်းစည်းဆိုင်ရာ ဥပဒေများအား တင်းကြပ်စွာဆောင်ရွက်ရေးတို့လည်း ပါဝင်သည်ဟု သိရသည်။

နေးရှင်း>>Bo Sein>>
ပင်းယမဂ္ဂဇင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here