10.10.2013
မိဘခေါ်ငြား ဤနှစ်ပါးကား
လောကီဥစ္စာ ရတနာတို့ 
ပေးကမ်းဖန်ဖန် စောင့်ရှောက်ပြန်လည်း
ကျေးဇူးအသင်္ချေ ရှိနေသေး၏ ။
သဒ္ဓါအရာ အားနည်းကာဖြင့်
ပြုရန်မသိ စိတ်ဝယ်ရှိသော
မိဘခေါ်ငြား ဤနှစ်ပါးအား
သဒ္ဓါအရာ ပြည့်စုံစွာဖြင့်
ယုံကြည်သိရှိ စိတ်ဝယ်သိအောင်
တိုက်တွန်းခါခါ ပြုသင့်စွာ၏ ။
သီလအရာ အားနည်းကာဖြင့်
စောင့်ရန်မသိ စိတ်ဝယ်ရှိသော
မိဘခေါ်ငြား ဤနှစ်ပါးကို
သီလအရာ စင်ကြယ်စွာဖြင့်
စောင့်ရန်သိရှိ စိတ်ဝယ်သိအောင်
တိုက်တွန်းခါခါ ပြုသင့်စွာ၏ ။
မစ္ဆေတ၇ား ကာရံထား၍
စာဂအရာ အားနည်းစွာဖြင့်
ပြုရန်မသိ စိတ်ဝယ်ရှိသော
မိဘခေါ်ငြား ဤနှစ်ပါးအား
ပေးကမ်းစွန့် ကြဲ စိတ်ဝယ်စွဲအောင်
တိုက်တွန်းခါခါ ပြုသင့်စွာ၏ ။
မောဟတရား ဖုံးနေပါ၍
ပညာအရာ အားနည်းကာဖြင့်
မိဘခေါ်ငြား ဤနှစ်ပါးအား
ပညာအရာ ပြည့်စုံစွာဖြင့်
သိဥာဏ်ရင့်ကျက် စိတ်ထားတတ်အောင်
တိုက်တွန်းခါခါ ပြုသင့်စွာ၏ ။
မေတ္တာအရာ ပြည့်စုံပါ၍
မိဘဟုခေါ် ဤနှစ်ဖော်အား
လေးပါးတရား ပြည့်စုံငြားအောင်
တိုက်တွန်းဖန်ဖန် ပြုလေပြန်မှ
ကျေးဇူးတရား ကျေးနိုင်ငြားဟု
ဗုဒ္ဓမြတ်စွာ ဒေသနာမှာ
ဖွေရှာသိရှိ တွေ့ ရပေ၏ ။
. . . . . .အနွယ်တော် ( ထီလာမြေ ) ကဗျာကို မိုးထက် ရေးသား ပူဇော်သည် .. . . . . .
အမေ့ နှင့်ပတ်သတ်သော ကဗျာများစုစည်းမှု့ 