Monday, October 28, 2013

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့သို့ ဂုဏ်ပြုသဝဏ်လွှာ

0 comments


ယနေ့ ခရစ်သက္ကရာဇ် ၂၀၁၃ခုနှစ် မတ်လ ၂၆ရက်၊ ကောဇာသက္ကရာဇ် ၁၃၇၄ခုနှစ် တပေါင်း လပြည့်နေ့ သည် ပအိုဝ်းအမျိုးသားတို့၏ သမိုင်းကောင်းအစဉ်အလာ ဂုဏ်ကျက်သရေအပေါင်းနှင့် ခ,ညောင်းပြည့်စုံ သည့် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ မင်္ဂလာအခါသမယ ဖြစ်ပေသည်။

‘သာသနာအစ သထုံက’ဟု မှတ်တမ်းတင်ပြုရလောက်အောင်ကင် မြတ်စွာဘုရားရှင်ကို ပင့်ဆောင် ပူဇော်၍ သထုံပြည်သူပြည်သားတို့အား ဗုဒ္ဓသာသနာတော်၌သက်ဝင်ယုံကြည်ခွင့်ရအောင် စွမ်းဆောင် ခဲ့သော၊ ပအိုဝ်းတမျိုးသားလုံး၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သည့် သူရိယစန္တာမင်းကြီး ၏ ဂုတ်ကျေးဇူးတို့ကို အောက်မေ့ခြင်း များစွာဖြင့်လည်းကောင်း၊ ပဒေသရာဇ်စနစ် အပါအဝင် စနစ်ဆိုး အမျိုးမျိုးအောက်မှ ပအိုဝ်းအမျိုးသားထုတရပ်လုံး လွတ်မြောက်နိုင်ရေးအတွက် တော်လှန်တိုက်ပွဲဝင် ခဲ့ကြသည့် ပအိုဝ်းမျိုးချစ်အာဇာနည်အပေါင်းတို့၏ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ခြင်းများစွာဖြင့် လည်းကောင်း၊ မင်းကြီးမွေးနေ့တော်ကို ပကအိုဝ်းအမျိုးသားနေ့ဖြစ် စတင်သတ်မှတ်ကျင်းပ၍ အမျိုးသားဇာတိမာန်နှင့်စည်းလုံးညီညွန်ရေးမဏ္ဍိုင်ကို ပြန်ည်စိုက်ထူပေးခဲ့ကြသော အဘိုးအဘွားတို့၏ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ခြင်းများစွာဖြင့်လည်းကောင်း၊ မိမိတို့၏ သမိုင်းအစဉ်အလာ၊ ဓလေ့ ထုံးတမ်း၊ စကားစာပေ၊ ယဉ်ကျေးမှုအနုပညာရိုးရာ အမွေအနှစ်များ အပါအဝင် အမျိုးဂုဏ်ဇာတိဂုဏ် တို့ကို ထိမ်းသိမ်းမြှင့်တင် စောင့်ရှောက်နိုင်ရေးအတွက် တာဝုန်သိသိ တာဝန်ရှိရှိဖြင့် တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပနေကြသည့် နိုင်ငံတကာရောက် ပအိုဝ်းမျိုးချစ်စိတ်များ အပါအဝင် ပြည်ထောင်စုတဝှမ်းလုံးမှ ပအိုဝ်းပြည်သူများနှင့်တကွ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်ထောင်စုဘွားသွေးရင်းသားချင်း ညီကိုမောင်နှမများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ဆုတောင်းမေတတ္တာ ပို့သအပ်ပါသည်။

သူရယစန္ဒာမင်းကြီး၏ မွေးနေ့တော်ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း သည် ပအိုဝ်းတို့၏ အမျိုးသားဇာတိမာန်နှင့် စည်းလုံးညီညွတ်ရေးမဏ္ဍိုင်ကို အခြေခံ၍ ပအိုဝ်းအမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြခြင်း လည်းဖြစ်ပေသည်။ ဗမာအပါအဝင် ဘဝတူညီနောင်တိုင်းရင်းသားများ၏ ညီညွတ်ရေးကို အစဉ်အမြဲ အလေး ထားလျှက် ပြည်ထောင်စုမှ ခွဲထွက်ရေးမူကို လုံးဝအားပေးမည်မဟုတ်သော မိမိတို့အဖွဲ့ချုပ်သည် ပအိုဝ်းပြည်သူ များ၏ အမျိုးသားညီညွတ်ရေးဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းခွင့်ကို ရရှိရန်အတွက် လည်းကောင်း၊ ပအိုဝ်းအမျိုးသား အလံတော်အောင်တွင် ဒေသပေါင်းစုံ နယ်ပယ်ပေါင်းစုံအလွှာပေါင်းစုံမှ ပအိုဝ်းပြည်သူများနှင့်အတူ ရပ်တည်၍ အမျိုးသားရေးကို တစ်မူတည်းတစ်သံတည်းဖြင့် ဆောင်ရွက် နိုင်ရန်အတွက်လည်းကောင်း အစဉ်တစိုက် ကြိုးပမ်းနေလျက်ရှိပေသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ထပ်မံတိုးချဲ့ဖွဲ့စည်းသော ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီတို့သည် ၂၀၁၃ခုနှစ်၊ မတ်လ(၂၃)ရက်နေ့တွင် နှစ်ဖက်အကြေ အလည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲ ကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပေသည်။ ပအိုဝ်းအမျိုးသားသွေးစည်းညီညွတ်ရေးကို ရယူနိုင်မည့် ပအိုဝ်းအမျိုးသားညီလာခံ၊ ပအိုဝ်းလူငယ် ညိလာခံ၊ ပအိုဝ်းအမျိုးသ္မီးညီလာခံ၊ ပအိုဝ်း အလုပ်သမားညီလာခံများကို တည်ဆဲဥပဒေနှင့်အညီ ကျင်းပနိုင်ရေး အပါအဝင် ပြည်ထောင်စုအဆင့် သဘောတူညီချက်များရရှိပြီးနောက် နိုင်ငံရေးဆွေးနွေး မှုများ ဆက်လက်ဆောင်ရွက်နိုင် ရန်ကို လည်း နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပြီးဖြစ်ပေသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအခြခံပေါ်တွင် ပင်လုံကတိကဝတ် များနှင့်အညီ တန်းတူ ရည်တူ ဖက်ဒရယ်မူ ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်၍ ပြည်ထောင်စုကို ထူထောင်နိုင်မှသာလျှင် မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တော်လှန်ရေးသည်လည်း ပြီးပြည့်စုံမည်ဖြစ်ပေသည်။ ထိုသို့ ပြီးပြည်စုံရေးအတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး၊ အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလုပ်ငန်းစဉ်များတွင် ပအိုဝ်းပြည်သူတစ်ရပ်လုံး နှင့်အတူ မိမိတို့အဖွဲ့ချုပ်က ပါဝင်သွားမည်ဖြစ်ပေသည်။ သိုဖြစ်ပါ၍ ငြိမ်းချမ်းရေးတည်ဆောက်မှု အပါအဝင် ပအိုဝ်းအမျိုးသားလုပ်ငန်းစဉ်များကို အကောင် အထည်ဖေါ်ရာတွင် မိမိတို့အဖွဲ့ချုပ်နှင့်အတူ ပအိုဝ်းအမျိုးသားထုတရပ်လုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြပါရန် လေးနက်တည်ကြည်စွာဖြင့် တိုက်တွန်းလျက် ဤသဝဏ်လွှာကို ဂုဏ်ပြုပေးပို့အပ်ပါသည်။


ဗဟိုကော်မတီ
ရက်စွဲ- ၂၀၁၃ခုနှစ်၊ မတ်လ(၂၆)ရက်နေ့။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here