သြဂုတ်လ(၁၄)ရက်
ကမ္ဘာကျော်သိပ္ပံဝတ္ထုရေး ဆရာ ကြီး
အိပ်ခ်ျဂျီဝဲလ်က အသောကကို အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး ဘုရင် ဧကရာဇ်ဟူ၍
မှတ်တမ်းရေးထိုးခဲ့သည်။ သူက အကြီးကျယ် ဆုံးဟူ၍ သတ်မှတ်ခြင်း မှာ
အသောကပိုင်ဆိုင်သော နိုင်ငံ၏ နယ် နိမိတ်အကျယ်အဝန်းကြောင့် မဟုတ်။
ကြီးမားသော စစ်တပ်အင်အား အရေ အတွ က်ကြောင့်မဟုတ်။ တိုင်းနိုင်ငံအတွင်း
ရှိများမြောင်လှစွာသောတိုင်းသူပြည်သား များကိုအုပ်စိုးရခြင်းကြောင့် မဟုတ်။
ထို့အတူ အမြင့်မြတ်ဆုံးဟူ၍ သတ်မှတ်ခြင်းမှာ လည်းရှားပါး အဖိုး တန် သော
စိန်ရွှေရတနာများ အလျှံပယ် ပေါများကြွယ်ဝနေသောကြောင့်မဟုတ်။
ဆင်ဖြူရတနာများပိုင်ဆိုင်သောကြောင့် လည်း
မဟုတ်ပေ။ စိန်စီရွှေချ နန်းတော် ကြီးများကို ဆောက်လုပ်စိုးစံခဲ့သော
ကြောင့်လည်း မဟုတ်ပေ။ အဓိက အကြောင်း ရင်းနှစ်ရပ်ကြောင့် ကမ္ဘာ့ သမိုင်းတွင်
ကြီးကျယ်မြင့်မြတ်သော ဘုရင်ဧကရာဇ်အဖြစ် အသိအမှတ်ပြု ခံရခြင်းဖြစ်သည်။
ပထမအကြောင်းရင်းမှာ သဘော ထားကြီးရင့်မှုနှင့် လူသားဆန်မှုတို့
ကြောင့်ပင်ဖြစ်သည်။ ဒုတိယအကြောင်း မှာ အကြမ်းမဖက်ရေး ဝါဒလမ်းစဉ်ကို
လက်တွေ့အကောင်အထည်ဖော်သော အဦးဆုံးအုပ် ချုပ်သူ တစ်ဦးဖြစ်ခြင်း
ကြောင့်ပင်။ အသောကကျောက်စာတွေ ကို လေ့လာဖူးသူတိုင်း ဤအချက်ကို
အကြွင်းမဲ့လက်ခံအတည်ပြုကြမည်သာ ဖြစ်သည်။
အသောကက ”ဘုရင်သည် ပြည် သူ၏
နှိမ့်ချရိုကျိုးသော အစေအပါး သို့မဟုတ် အကျိုးဆောင်မျှသာ ဖြစ် သည်။
သက်ဦးဆံပိုင် မဟုတ်ပေ။ ဘုရင့်လက်ထဲ၌ မပြော ပလောက်သည့် အလွန်တရာနည်းပါးသည့်
အာဏာသာ လျှင် ရှိလေသည်”စသော မဟာဘာရတ၊ သုက္ကနီတိကျမ်းများ၏ အဆုံးအမဖြင့်
အုပ်ချုပ်ခဲ့သော တရား မင်းဖြစ်သည်။ထို့ကြောင့် ကမ္ဘာ့သမိုင်း၌ အကြီး
ကျယ်ဆုံး၊ အမြင့်မြတ်ဆုံးဘုရင်ဧကရာဇ် ဖြစ်နေရခြင်းဖြစ်သည်။
ကြီးမြတ်သောနိုင်ငံ
တစ်ဦးတစ်ယောက်သောသူကို
သူကောင်းပြုလိုလျှင် အရာအထူးပေး ခြင်း၊ ဆုလာဘ်ပေးခြင်းဖြင့် သူကောင်း
ပြုရာသည်။ တစ်နိုင်ငံလုံးကို ချီးမြှောက် သူကောင်းပြုလို
လျှင်သင်္ဂဟတရားလေးပါး ဖြင့် ချီးမြှောက်သူကောင်းပြုရာသည်။ရာဇဓမ္မသင်္ဂဟ၊
ရာဇာဘိဟိတံ ဒီပနီတို့လာ တရားမင်းတို့၏ ကျင့်ထိုက် ကျင့်ကောင်းသော၊
မင်းကျင့်တရားတို့ တွင် သင်္ဂဟတရားလေးပါးသည် အခြေ ခံကျကျပါဝင်နေခဲ့သည်။
သဿမေဓ၊ ပုရိသမေဓ၊ သမ္မာပါသနှင့် ဝါစာပေယျ တို့ ဖြစ်သည်။ သဿမေဓ – သဿသဒ္ဒါသည်
ကောက်ပင်ကို ဟောသော်လည်း နိုင်ငံ ဓမ္မအင်အားအလျောက် အခြားလုပ်ငန်း
များအားလုံးမှ တရားမျှတသော အခွန် အတုတ် ကောက် ခံခြင်းဖြစ်သည်။
ဗုဒ္ဓဂုဏာလင်္ကာရကျမ်း – ၌
ပျားပိတုန်းများသည်
ပန်းကိုမထိခိုက် မနစ်နာစေဘဲ
ပန်းဝတ်ရည်ကို စုပ်ယူသွားသကဲ့သို့
ထိုနည်းတူစွာ
တိုင်းသူပြည်သားများကို မထိခိုက် မနစ်နာစေဘဲ
အခွန်အတုတ်ကို ကောက်ယူကြ၏။ ဟု ရေးဖွဲ့ထားသည်။
ပျားပိတုန်းများသည်
ပန်းကိုမထိခိုက် မနစ်နာစေဘဲ
ပန်းဝတ်ရည်ကို စုပ်ယူသွားသကဲ့သို့
ထိုနည်းတူစွာ
တိုင်းသူပြည်သားများကို မထိခိုက် မနစ်နာစေဘဲ
အခွန်အတုတ်ကို ကောက်ယူကြ၏။ ဟု ရေးဖွဲ့ထားသည်။
ပုရိသမေဓ-နိုင်ငံတွင်းရှိ ကုန်သည်
လယ်လုပ်မှစ၍ စီးပွားရေးလုပ်ငန်းအား လုံးမှ တရားမျှတစွာကောက်ယူသော
အခွန်အတုတ်တို့ကို နိုင်ငံ့တာဝန်အသီးသီး ထမ်းေ ဆာင်နေသူတို့အား စားလောက်
အောင်ကြီးစဉ်ငယ်လိုက် ချီးမြှင့်ထောက်ပံ့ ခြင်းဖြစ်သည်။ ပုရိသမေဓ အားနည်း
လေလေ၊ အကျင့်ပျက်ခြစားမှု အား ကောင်းလေေ လ ဖြစ်တတ်သည်။
သမ္မာပါသ-ကုန်သည်လယ်လုပ်တို့ ကို စည်ပင်ဖွံ့ဖြိုးတိုးတက်စေရန် လွတ်
လပ်မျှတစေရန် ကြီးကြပ်ပေးခြင်း၊ အတိုး အပွားမရှိ အရင်းအနှီးမ တည်ပေးခြင်း။
ဝါစာပေယျ-အကျိုးလည်းရှိ၊ သာ ယာချေငံသော စကားလည်းဖြစ်သော ချစ်ဖွယ်သော
စကားကိုပြောဆိုဆက်ဆံ ခြင်း။ ကြီးမြတ်သော နိုင်ငံတစ်နိုင်ငံဟူ၍
ကမ္ဘာ့နိုင်ငံအသီးသီးက လေးမြတ်လာစေ ရန်မှာ နိုင်ငံတစ်နိုင်ငံရှိ
အုပ်ချုပ်သူအဖွဲ့၏ မင်းကျင့်တရားပြည့်စုံမှု၊ ကိုယ်ကျင့်တရား ပြည့်ဝမှု၊
ဥာဏ်ပညာ အမြော်အမြင်ရှိမှု၊ မိမိနိုင်ငံအကျိုးကို ဦးထိပ်ရွက်မှုနှင့်
နိုင်ငံ သူ နိုင်ငံသား သားအပေါင်းကို ရင်ဝယ် သားကဲ့သို့ စာနာထောက်ထား သဘော
ထားပြည့်ဝမှုတို့အပေါ်တိုင်းတာသတ်မှတ် ကြခြင်းဖြစ်သည်။ ဂျော့ဝါရှင်တန်လို၊
အဗရာဟင် လင်ကွန်းလို သမ္မတတွေ အပေါ် အခြားသောနိုင်ငံတွေကပါ ချစ်
ခင်လေးမြတ်ကြခြင်းမှာ ဤအချက်ပြည့်စုံ မှုကြောင့်ပင် ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင်းမှာ သေနတ်သံ
တွေဟိန်းဟိန်းညံနေသလား။ စာသင် ကျောင်းများမှာ စာအံသံတွေကင်းမဲ့နေ သလား။
ပြည်သူတွေပျော်ရွှင်နေကြရဲ့ လား။ ပွဲလမ်းသဘင်တွေ ခြိမ့်ခြိမ့်သဲသဲ
ကျင်းပနေသလား။ ကုန်ထုတ်လုပ်မှုတွေ မှန်မှန်ကြီးတိုးမြင့်နေသလား။ ဆေးရုံဆေး
ခန်း၊ တရားရုံးတွေမှာ အကျဉ်းထောင် တွေမှာ စည်ကားသိုက်မြိုက်နေသလား။
ပြည်သူတွေက တာတေလန်အောင် ဖွတ်ကျောပြာစုဖြစ်နေပြီး အုပ်ချုပ်သူ အ
သိုင်းအဝိုင်းက ကမ္ဘာ့အဆင့်မီဘီလျံနာတွေ စာရင်းဝင်နေသလား။ ကမ္ဘာ့အညွှန်းကိန်း
စာရင်းတိုင်းမှာ အောက်ဆုံးမှာအမြဲရှိနေ သလား။ (ဥပမာ-ဖုန်းသုံးစွဲနိုင်မှု
အနည်း ဆုံး၊ လျှပ်စစ်မီးသုံးစွဲနိုင်မှု အနည်းဆုံး၊ ကလေးလုပ်သားအများဆုံး၊
တစ်ဦးချင်း ဝင်ငွေ အနည်းဆုံး စသည် …) ကြီးမြတ်သော နိုင်ငံဖြစ်ဖို့ ခရီးအ
ဆင့်ဆင့်ဖြတ်သန်းကျော်လွန်ရမည် မှန် သော်လည်း မလုပ်နိုင်စရာဘာမျှမရှိပါ။
ကျွန်တော်တို့မှာ ကိုယ်ရည်ကိုယ်သွေးမညံ့ လှသော လူသားရင်းမြစ်တွေရှိသည်။
သဘာဝသယံဇာတရင်းမြစ်တွေရှိသည်။
ကြီးမြတ်သောလူမျိုး
ကြီးမြတ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့
အုပ်ချုပ်သူလူတန်းစားတစ်ရပ် ကသာ ဖန်တီးနိုင်သည်ဟုထင်လျှင် ဤအထင်သည်
ယနေ့ခေတ်ကာလ အတွက် အလွန်အ မင်း ဆွေးမြည့်နေ သော သီအိုရီသာ ဖြစ်သည်။
ကြီးမြတ် သောနိုင်ငံတစ်နိုင်ငံဖြစ်ဖို့ပြည်သူပြည်သား တွေက
အရေးပါသောအခန်းကဏ္ဍမှ အမြဲ တစေပါဝင်နေ မည် သာ ဖြစ်သည်။
ကိုယ့်ကျင့်သိက္ခာကောင်းမွန်သော၊ ဆင်ခြင်တုံတရားပြည့်ဝသော၊ ပညာ တတ်သော၊
နိုင်ငံနှင့်လူမျိုးအပေါ်သစ္စာ စောင့်သိရိုသေသော နိုင်ငံသားတစ်ဦး
ချင်းစီဖွဲ့တည်ထုဆစ်ထားသော လူ့အဖွဲ့ အစည်းတစ်ရပ်သည် နိုင်ငံ၏အုပ်ချုပ်
ရေးသမိုင်းကို ကိုယ်တိုင်ပါဝင်ဆောင် ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်
လာပေလိမ့်မည်။ ရိုးသားကြိုးစားပြီး အတ္တနှင့်ပရကို ဒွန်တွဲခံစားနိုင်သည့်
ဥာဏ်ရည်ကိန်းရှိသူတို့သည် နိုင်ငံတစ် နိုင်ငံ၏ ရှေ့ဆောင်ရှေ့ရွက်နေရာမှနေ ၍
နိုင်ငံ တစ်နိုင်ငံလုံးကို တွန်းတင်ပေး နိုင်သည်။
ပြည်သူတစ်ရပ်လုံးကို ဤကဲ့သို့
သောပြည်သူများဖြစ်ရန် မျှော်လင့်ခြင်း သည်လည်း စိတ်ကူးယဉ်ခြင်းမျိုးသာ
ဖြစ်သည်။ ဆာသောမတ်စ်မိုး၏ ယူတိုး ပီးယားကျွန်းနိုင်ငံ ကလေးကလွဲလျှင်
ခွေးလေခွေးလွင့်မရှိသော၊ လူလေလူ လွင့်မရှိသော သူတောင်းစားမရှိသော၊
လူတစ်ကိုယ် သုံးထပ်အိမ်တစ်လုံးစီပိုင် ဆိုင်သော၊ အိမ်တံခါးများကို အမြဲတစေ
ဖွင့်ထားလေ့ရှိသော၊ တစ်နေ့အလုပ်လုပ် ချိန် ၆ နာရီသာရှိပြီး လုံလောက်သော
အနားယူ အပန်းဖြေချိန်များရှိသော၊ ပျော်ရွှင်ချမ်းမြေ့နေသော လူ့ဘဝဟူ သည်
သုခဘုံတစ်ခုအဖြစ်ခံစားနေပျော် သော လူ့အဖွဲ့အစည်းကလေးတစ်ခု သည် ဤကမ္ဘာမြေ၌
ရှိလည်းမရှိပေ။ ကျဉ်းကျပ်တုပ်နှောင်လွန်းသော လူ့ဘဝ ၏ အနိဌာရုံများကြောင့်
စိတ်ကူးယဉ် သုခဘုံလေးအဖြစ် ဖန်တီးတည်ဆောက် ခြင်းသာဖြစ်သည်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ က
မညီမျှမှုတွေ၊ တရားကင်းမဲ့မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ စစ်ပွဲတွေ၊
ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ ဥပဒေကို လိုသ လိုပြုပြင်နေတာတွေကို နိုင်ငံတိုင်း
လိုလိုမှာတွေ့မြင်နေကြရသည်။ ဆင်းရဲ တွင်းနက်လာလေလေ အတ္တက ပိုမိုကြီး
ထွားလာလေလေ။ နိုင်ငံတစ်နိုင်ငံတွင် အတ္တသ မားအ များစုက မိမိကိုယ်ကျိုးကို
သာအလေးဂရုပြုနေသမျှ နိုင်ငံ၏အနာ ဂတ်ကို မြော်မြင်မစဉ်းစားသမျှ နိုင်ငံသူ
နိုင်ငံသားတွေသည် အမှန်တကယ် မကြီး မြတ်ေ သးကြောင်း ရိုးသားဖြောင့်မတ်သူ
မှန်သမျှ တွေးမိကြမည်သာဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော် ကတည်းက
အင်္ဂလိပ် စာရေးဆရာကြီး ဂျွန်ရပ်စ်ကင်း (John Ruskin) က ကြီး
မြတ်သောလူမျိုးဆိုင်ရာ သူ့အတွေး အမြင်ကို ဤသို့ပြောကြားခဲ့ပါသည်။
ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေရဲ့ စုငွေတွေနဲ့ ချမ်းသာ နေကြတဲ့
ဘဏ်သူဌေးကြီးတွေ ခိုးဝှက် နေကြတာကို ဒီအတိုင်း ကြည့်နေဘူး။ကြီးမြတ်တဲ့
လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆို တဲ့ လမ်းဓားပြတို့ထက်
ပိုကဲပြီးအသက်နဲ့ ပိုက်ဆံပေးလို့ တောင်းနေတဲ့ ဓားပြအ ကြီးစားတွေ
ဓားပြတိုက်နေတာကို လက်ပိုက်ကြည့်မနေဘူး။
လူမျိုးတစ်မျိုးဟာပိုက်ဆံသက်သက်
ကိုရှာနေတဲ့ ပရမ်းပတာလူအုပ်သာဖြစ်နေ ရင်ကြာရှည်တည်တံ့လိမ့်မယ် မဟုတ်ဘူး။
စာပေကိုအထင်သေးနေရင် သိပ္ပံ ပညာကို အထင်သေးနေရင် အနုပညာကိုအထင်သေးနေရင်
သဘာဝကို အထင်သေးနေရင် မေတ္တာကရုဏာကို အထင်သေးနေရင် ပိုက်ဆံကိုဒီလောက်
မက်နေရင် အဲဒီလူမျိုးဟာ ကြာရှည် ခံမှာမဟုတ်ဘူး။
popularmyanmar.com