Monday, October 7, 2013

အမေရိကန်တပ် အာဖရိကတိုက်မှာ အကြမ်းဖက်နှိမ်နင်းရေးလုပ်

0 comments


၇.၁၀.၂၀၁၃

အမေရိကန်နိုင်ငံက ထောက်လှမ်းရေးတပ်တွေနဲ့ ကွန်မန်ဒို အထူးတပ်ဖွဲ့တွေဟာ အာဖရိကတိုက်အတွင်းရှိ လစ်ဗျားနဲ့ ဆိုမားလီးယား နိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ပြီး အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင် တချို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

လစ်ဗျားနိုင်ငံ လှုပ်ရှားမှုအတွင်း အမေရိကန်အထူးတပ်ဖွဲ့ဟာ ၁၅ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ al-Qaeda အဖွဲ့ခေါင်းဆောင် Abu Anas el-Liby ကို ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုဖမ်းဆီးခံရသူဟာ ၁၉၉၈ ခုနှစ်တုန်းက ကင်ညာနိုင်ငံနဲ့ တန်ဇေးနီးယားနိုင်ငံရှိ အမေရိကန်သံရုံး ဗုံးဖောက်ခွဲမှုမှာ ပါဝင်တဲ့ al-Qaedaအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA တပ်၊ FBI တပ်ဖွဲ့နဲ့ အမေရိကန်စစ်တပ်တို့ ပူးပေါင်းပြီး Abu Anas el-Liby ကို လစ်ဗျားနိုင်ငံ ထရီပိုလီမြို့နားမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ လစ်ဗျားအစိုးရက အမေရိကန်နိုင်ငံကို တောင်းဆိုထားပါတယ်။

အလားတူ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့တွေကလည်းဆိုမားလီးယားနိုင်ငံတောင်ပိုင်းမှာ Al Shabbaab အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးတဲ့အနေနဲ့ ဝင်ရောက်စီးနင်းမှုတွေ လုပ်ခဲ့ပါတယ်။

Al Shabaab အဖွဲ့ဟာ ပြီးခဲ့တဲ့ လကပဲ ကင်ညာနိုင်ငံ Nairobi ရှော့ပင်းစင်တာကို ဝင်ရောက်စီးနင်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေ ဝင်စီးတဲ့နေရာမှာ သေနတ်သံတွေ ကြားခဲ့ရသလို ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်တာတွေလည်း ရှိခဲ့တဲ့အတွက် အကြမ်းဖက်တပ်ဖွဲ့ဝင်တွေသေဆုံးမှုရှိမရှိဆိုတာကိုတော့ မသိရသေးတဲ့အကြောင်း သိရှိရပါတယ်။

ABC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here