Monday, October 7, 2013

တစ်လအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏ လေးဆကျော် ကွာဟနေပြီး မြန်မာနိုင်ငံသို့ အရက်၊ ဘီယာ၊ စက်သုံးဆီနှင့် ဖုန်းများ အမေရိကန်ဒေါ်လာ ၁၃၂ သန်းကျော်ဖိုး တရားမ၀င် တင်သွင်း

0 comments
                                                 (မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီကုန်သွယ်မှု စခန်းကို တွေ့ရစဉ်)

တစ်လအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏမှာ လေးဆကျော် ကွာဟနေပြီး မြန်မာနိုင်ငံသို့ အရက်၊ ဘီယာ၊ စက်သုံးဆီနှင့် ဖုန်းများအား အမေရိကန်ဒေါ်လာ ၁၃၂ သန်းကျော်ဖိုး တရားမ၀င် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ပမာဏမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လအတွင်း နှစ်ဖက်နိုင်ငံမှ တရားဝင် ထုတ်ပြန်ပေးသော စာရင်းများအရ မြန်မာနိုင်ငံမှ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်ရှိပြီး ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန်သည့် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၄၂၉ သန်းရှိခြင်းကြောင့် ကုန်သွယ်မှုတန်ဖိုး ကွာဟနေခြင်း ဖြစ်သည်။

အဓိကအားဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရာတွင် အများဆုံး ကုန်သွယ်မှု ပြုလုပ်နေသည့် မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တရားမ၀င် တင်သွင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တင်သွင်းခွင့် မပြုသည့် ဘီယာနှင့် အရက်တန်ဖိုး ဒေါ်လာ ၇ ဒသမ ၁၂၄ သန်း၊ စက်သုံးဆီတန်ဖိုး ဒေါ်လာ ၇ ဒသမ ၆၅၀ သန်းနှင့် အချိုမှုန့် ၁ ဒသမ ၆၅၂ သန်းဖိုး၊ ဖုန်းမျိုးစုံ ဒေါ်လာ ၄ ဒသမ ၅ သန်းကျော်နှင့် အခြားပစ္စည်းများကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် တရားဝင် ကုန်သွယ်မှု ပြုလုပ်ရန်အတွက် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ခြောက်ခုရှိပြီး မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် တစ်ဝိုက်တွင် တရားမ၀င် ကုန်သွယ်မှု ပြုနေသည့် ဂိတ်ပေါင်း ၂၂ ဂိတ်အထိ ရှိနေပြီး တရားဝင် ကုန်သွယ်မှုထက် တရားမ၀င် ကုန်သွယ်မှု ပမာဏမှာ ပိုမိုများပြားနေပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ ၁၀ လအတွင်း မြ၀တီနှင့် တာချီလိတ် လမ်းကြောင်းမှ ကျပ် ၁ ဒသမ ၄ ဘီလျံကျော် တန်ဖိုးရှိ အရက်၊ ဘီယာ၊ ဖုန်းဟန်းဆက်၊ သစ်နှင့် ကျောက်စိမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here