Saturday, October 19, 2013

ဗုံးပေါက်ကွဲမူဖြစ်စဉ်များနှင့်ပတ်သတ်၍ မြန်မာနိုင်ငံမီးသတ်ဦးစီဌာနမှ လေ့ကျင့်မူများလုပ်ဆောင်ထားပြီးပြည်သူများသတင်းပေးပို့ နိုင်ဟုဆို

0 comments

Saturday, October 19, 2013

လက်ရှိဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များနှင့်ပတ်သတ်၍ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ လေ့ ကျင့်ဆောင်ရွက်မူ များပြုလုပ်ထားသောကြောင့်ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ နိုင်ကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွန်ကြားရေးမူးဦးတင်မင်းက ၁၇.၁၀.၂၀၁၃တွင်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနအနေဖြင့် ပေါက်ကွဲစေ တတ်သည့်ပစ္စည်းများနှင့်စပ်လျဉ်း၍သီးသန့် ပို့ ချလေ့ ကျင့်မူများလုပ်ဆောင်ထားကြောင်းထိုက်သင့်သည့် အတွေ့ အကြုံများရှိ သည့်အတွက် လုံခြုံရေးပိုင်းတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မူများလုပ်ဆောင်ပေးလျှက်ရှိကြောင်းသိရသည်။

" ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ ပတ်သတ်ပြီးဆောင်ရွက်ရမယ့် နည်းပညာတွေကို အင်တာနက်ကတဆင့် လေ့လာတာတွေရှိတယ်။ သီးခြားလေ့ ကျင့်မူတွေလဲရှိပါတယ်။မင်္ဂလာတောင်ညွန်ဖြစ်စဉ်လို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး မီးငြိမ်းသတ်ခဲ့တဲ့ ထိုက်သင့်တဲ့ အတွေ့ အကြုံတွေလဲရှီပါတယ်" ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွန်ကြားရေးမူး ဦးတင်မင်းကဆိုသည်။ပြည်သူများအနေဖြင့် မင်္သကာဖွယ်အခြေနေများတွေ့ ရှိပါကသက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအားအသိပေးအကြောင်းကြားနိုင်သကဲ့သို့ မီးသတ် ဦးစီးဌာန သို့ အကြောင်းကြားပါကလဲပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုလအတွင်း မြိုနယ်အချို့ နှင့်စားသောက်ဆိုင် ၊ဟိုတယ်များတွင် ပေါက်ကွဲမူ လေးကြိမ်ဖြစ် ပွားခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလူစည်ကားရာနေရာ အချိုတွင် မင်္သကာဖွယ်များတွေ့ ရှိပါ ကအသိပေး အကြောင်းကြားနိုင်ရန် ထုတ်ပြန်ခဲ့သည်။

ပန်မိုးဝါ (ရိုးရာလေး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here