Saturday, October 19, 2013

ဘာစီလိုနာနှင့် အဲဗာတန် ဘောလုံးအခြေခံ အယူအဆ တူညီကြောင်း ဂျူလိုဖျူ သုံးသပ်

0 comments

Saturday, October 19, 2013

ဘာစီလိုနာနှင့် အဲဗာတန်တို့သည် ဘောလုံးဒဿန အပိုင်းတွင် ကြီးကြီးမားမား ကွာခြားမှု မရှိလှကြောင်း လူငယ် တိုက်စစ်မှူးလေး ဂါရတ် ဂျူလိုဖျူက ပြောကြားလိုက်သည်။

စပိန်အသက်(၂၀)အောက် လက်ရွေးစင် ကစားသမားလေးသည် ဘာစီလိုနာမှ အဲဗာတန် အသင်းသို့ အငှားပြောင်းရွှေ့ ကစား နေပြီးနောက် ပရီးမီးယားလိဂ်တွင် အခြေတကျ အံဝင်လျှက်ရှိသည်။ ဂျူလိုဖျူက အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ကြောင့် မိမိအနေဖြင့် ကစားဟန် အပြောင်းအလဲ ပြုလုပ်ရန် မလိုအပ်သလို နူးကမ့်မှ ဂွတ်ဒီဆင်ပါ့ခ်သို့ ပြောင်းရွှေ့ခဲ့မှုတွင် ပြဿနာ မရှိခဲ့ကြောင်း ဆိုသည်။ အထူးသဖြင့် အဲဗာတန်သည် ဘောလုံးကို ဘာစီလိုနာနှင့် တူညီသော အခြေခံမျိုး ကစားနေခြင်းက မိမိအတွက် အဆင်ပြေစေကြောင်း ဂျူလိုဖျူက မှတ်ချက်ပြုခဲ့သည်။

Mundo Deportivoနှင့် အင်တာဗျူးတွင် "လူတိုင်းက ဘာစီလိုနာကနေ ကျွန်တော် မပြောင်းခင် အဲဗာတန်ရဲ့ ကစားပုံက ကိုယ်နဲ့ အံမဝင်ဘဲ ဖြစ်နိုင်တယ်လို့ သတိပေးကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော့်အတွက် ဘာစီလိုနာနဲ့ ကွဲကွဲပြားပြား ဖြစ်နေတာမျိုး မခံစားမိဘူး။ အဲဗာတန်ဟာ ဘောလုံးဖြန့်ဝေမှုကို အားပြုတဲ့ ဟန်ပန်မျိုးနဲ့ ကစားချင်တဲ့ အသင်းပါ။ ဘာစီလိုနာနဲ့ အဲဗာတန် ကွဲပြားတဲ့ တစ်ခုတည်းသော အချက်ကတော့ ဘာစီလိုနာဆိုတာ ကမ္ဘာ့အကောင်းဆုံး အသင်းကြီး တစ်ခုလေ"ဟု ဂျူလိုဖျူက သုံးသပ်ခဲ့သည်။

၎င်းက "မန်နေဂျာက ကျွန်တော့်ကို အများကြီး ယုံကြည်မှု ပေးစွမ်းခဲ့သလို အဲဗာတန်နဲ့အတူ ပွဲထွက်ဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ သူက ကျွန်တော့်အနေနဲ့ ခံစစ်ကို ကူညီတဲ့ အပိုင်းမှာ တိုးတက်ဖို့ လိုသေးတယ်လို့တော့ အကြံပေးတယ်။ ကျွန်တော့် စိတ်ထဲမှာ တိုက်စစ်ကိုပဲ အဓိက အားသန်နေတာတော့ အမှန်ပါပဲ"ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here