Saturday, October 19, 2013

ယခုနှစ် ကိုးလတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်မှု ၁၃၃၉ ကြိမ် ဖြစ်ပွားပြီး သုံးနှစ်အတွင်း အများဆုံးဖြစ်

0 comments

Saturday, October 19, 2013

ယခုနှစ် ကိုးလတာအတွင်း နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်မူ ၁၃၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သုံးနှစ်တာ ကာလအတွင်း မီးလောင်မှု အများဆုံး
ဖြစ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

ယခုနှစ် ကိုးလတာ ကာလအတွင်း မီးလောင်မူများတွင် မီးဖိုမီး ၃၃၁ ကြိမ်၊ ပေါ့ဆ မီး ၄၄၂ ကြိမ်၊ အလိုအလျောက် လောင်သော ၃၂ ကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီးမှာ ၂၃၆ ကြိမ်၊ မသမာသူ ရှို့မီးမှာ ၁၈၃ ကြိမ်နှင့် တောမီးမှာ ၁၁၁ ကြိမ် ပါဝင်နေသည်။

ယခုနှစ် ဇန်န၀ါရီလ မှ စက်တင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် မီးလောင်မှုများမှာ ကချင်ပြည်နယ်တွင် ၄၇ ကြိမ်၊ ကယားပြည်နယ်တွင် ငါးကြိမ်၊ ကရင်ပြည်နယ်တွင် ၂၃ ကြိမ်၊ ချင်းပြည်နယ်တွင် ၁၆ ကြိမ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၄၁ ကြိမ်၊ နေပြည်တော်တွင် ၁၁၅ ကြိမ်၊ ပဲခူးတိုင်း ဒေသကြီးတွင် ၁၁၇ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၁၀၉ ကြိမ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ၈၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကိုးလတာ ကာလတွင် နိုင်ငံတစ်ဝန်းလုံး မီးလောင်မူ ၆၈၄ ကြိမ်ဖြစ်ခဲ့ပြီး ယမန်နှစ် ၂၀၁၂ ခုနှစ် ကိုးလတာ ကာလအတွင်းတွင် မီးလောင်မှု ၉၀၅ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ မီးလောင်မူကြောင့် အိမ်ခြေ အဆောက်အအုံ ၁၀၀၇၀ လုံး စက် ရုံ/ အလုပ်ရုံ ၈ ရုံ၊ ဂိုဒေါင် ၁၀ လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ မီးလောင်မူ များကြောင့် ၇၅ ဦး သေဆုံးခဲ့ပြီး ၄၆၉၉၀ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရသည်။

ယခု၂၀၁၃ ခုနှစ် ကိုးလတာ ကာလအတွင်း မီးလောင်ကျွမ်းမူများကြောင့် အိမ်ခြေ အဆောက်အအုံ ၄၂၉၇ လုံး၊ စက်ရုံ ၁၁ ရုံ၊ ဂိုဒေါင် ၄၃ လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မူများကြောင့် နိုင်ငံတစ်ဝန်းလုံး၌ လူဦးရေ ၅၃ ဦး သေဆုံးခဲ့ပြီး ၁၄၁၀၈ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကာ ကျပ်သန်းပေါင်း ၃၄၀၀ ကျော်ခန့် ဆုံးရှုံးခဲ့သည်။

eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here