Tuesday, October 1, 2013

တရုတ်အစိုးရက ဆိုလာကုမ္ပဏီများအား အခွန်လျှော့ငွေပြန်အမ်း

0 comments


Tuesday, October 1, 2013

တရုတ်နိုင်ငံကဆိုလာစွမ်းအင်ထုတ်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီများအားစည်းကျပ်ခွန် လျှော့ငွေပေးအပ်ခဲ့ကြောင်း သိရ သည်။ယင်းသည် လေထုညစ်ညမ်း မှုပမာဏ လျှော့ချရန်နှင့် လုပ် ငန်းနှင့်ပတ်သက်၍ ရုန်းကန်နေ ရသောကုမ္ပဏီများကို ကျားကန် ပေးရန် ကြိုးပမ်းမှုလည်းဖြစ်သည်။

ဆိုလာစွမ်းအင်ထုတ်ကုန် ထုတ်လုပ်သည့်ကုမ္ပဏီများအနေ နှင့် ၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ပေါင်းထည့်ထား သော အခွန်စည်းကျပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၅ဝကို ပြန်အမ်းသွား မည်ဖြစ်ကြောင်း စင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ ဆို လာစွမ်းအင် ထုတ်ကုန်လုပ်ငန်း မှာ ဝယ်လိုအားနည်းမှုနှင့် ကုန် သွယ်ရေးအငြင်းပွားမှုများအပြင် လိုအပ်သည်ထက်ပို၍ ကုန်ပစ္စည်း များ ပိုလျှံထုတ်လုပ်မှုကြောင့် ကုမ္ပဏီများကို အကြီးအကျယ် ကြွေးတင်စေခဲ့ကြောင်း သိရသည်။

စင်ဟွာသတင်းအေဂျင်စီ ၏ အဆိုအရတရုတ်နိုင်ငံ၏ ထိပ် တန်းဆိုလာပြားထုတ်လုပ်သည့် ထိပ်တန်း ကုမ္ပဏီ၁ဝခု၏ ကြွေး မြီစုစုပေါင်းမှာ ယွမ်ဘီလီယံ၁၀၀ ရှိသည်ဟု သိရသည်။ ယခုနှစ် အစောပိုင်း တွင် တရုတ်နိုင်ငံမှ ကမ္ဘာ့အကြီးမားဆုံး ဆိုလာပြား ထုတ်လုပ်သည့်ကုမ္ပဏီ Suntech Power ကုမ္ပဏီ သည် ကြွေးမြီ ဆပ်ရန် ပျက်ကွက်နေကြောင်း သိရသည်။

အစိုးရ၏ ကူညီထောက်ပံ့ မှုကို ရရှိနေသော်လည်း တရုတ် နိုင်ငံ၏ ဆိုလာပြားထုတ်လုပ် သည့် ကုမ္ပဏီများ မှာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရဆဲ ရှိသည်ဟုဆိုသည်။ ဆိုလာပြား ဈေးကွက်တွင် တရုတ် ကုမ္ပဏီ တို့၏ အဓိက အခန်းကဏ္ဍမှ ထိုးဖောက်ဝင်ရောက်လာမှုနှင့် ပတ်သက်၍ အမေရိ ကန်ပြည် ထောင်စုနှင့် ဥရောပကုမ္ပဏီများက ဝေဖန်ပြစ်တင်လျက်ရှိသကဲ့သို့ တရုတ်ကုမ္ပဏီတို့က တရုတ် အစိုးရ၏ ငွေကြေးထောက်ပံ့မှု အကူအညီဖြင့် သင့်တင့်သော ဈေးနှုန်းထက် ပိုမိုလျှော့ ချ၍ ရောင်းချနေ သည်ဟုလည်း စွပ်စွဲ မှုများရှိနေခဲ့သည်။ တရုတ်နိုင်ငံ ကမူ စွပ်စွဲမှု များကို ငြင်းဆန်ခဲ့ ကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here