Monday, October 7, 2013

ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေဘေးသင့်ပြည်သူ များအား ဆန်အိတ်များ လှူဒါန်း

0 comments


7/10/2013

ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကလေးမြို့ရေဘေးသင့်ကျေးရွာများသို့ ဆန်အိတ်များလှူဒါန်းခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် စက်တင်ဘာ (၂၈) ရက်နေ့မှစ၍ အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ချောင်းရေကြီးခြင်း
မြစ်ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသနေပြည်သူတချို့အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း ၄င်းတို့ ရင်ဆိုင် နေရသောအခက်အခဲပြဿနာများအား လတ်တလောအခြေအနေပြေလည်စေရန် ယခုကဲ့သို့
အဖွဲ့ချုပ် အနေဖြင့် တတ်နိုင်သမျှ ဆန် ငွေ တို့ကို လှူဒါန်းခဲ့ပြီးယခုလို လှူဒါန်းနိုင်ခြင်းဟာလည်း အဖွဲ့ချုပ် မှသီးသန့်လှူဒါန်းခြင်းမျိုးမဟုတ်ပဲ ပြည်သူတို့ စေတနာနှင့်ပေါင်းစပ်လှူဒါန်းခြင်းသာဖြစ်ကြောင်း
ပါတီဝင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကလေးမြို့ အနေဖြင့်ကလေးမြို့တွင်းရှိ ဥပုသ်ချောင်းချောင်းရေကြောင့် နေအိမ်များ ပြိုကျ
ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူ (၁၇) ဦးအတွက် ဆန်အတိတ် (၁၇) အိတ်၊ကျီကုန်းရွာ၊ နတ်ကြီးကုန်းရွာ အတွက်ရေဘေးဒုက္ခသည်များအတွက် ဆန် (၂၅)အိတ်၊ နန်းစောင်းပုရွာ နေအိမ်ရေတိုက်စားခံရသော အိမ် (၃) အိမ်အတွက်
ဆန်အိတ် (၃) အိတ်နှင့် ငွေသား (၆၀၀၀၀) ကျပ်၊နန်းစောင်းပုရွာ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၁၁) အိတ်၊
တောင်အူရွာ ပြင်သာရွာ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၁၁) အိတ်၊ သဖန်းအိုင်ရွာ ရေဘေးသင့်
ပြည်သူများအတွက် ဆန်အိတ် (၁၀) အိတ်ဆန်အိတ် အရေအတွက် စုစုပေါင်း (၇၇)အိတ် နှင့် အခြား ခေါက်ဆွဲခြောက်ထုပ်များကိုပါ
လှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။

ချစ်သူမောင်

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here