Friday, October 18, 2013

ရေနံသုတ်စွပ်ကျယ်ဖြူကြောင့် ကျောင်းကုန်းလုံခြုံရေး ရက်ရှည်တပ်စွဲရဖွယ်ရှိနေ

0 comments


18.10.2013

ယခုလအစောပိုင်းက ပဋ္ဋိပက္ခများဖြစ်ပွားခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ အကြမ်းဖက်ဆူပူစေရန်လှုပ်ရှားမှုများဆက်လျက်ရှိနေသည့်အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များဆက်လက်
ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

မူလက အောက်တိုဘာလ(၁၆)ရက်နေ့ ကျောင်းကုန်းမြို့ မိုးကောင်းဘုရားဝင်း အတွင်း၌ ကျင်းပသည့် တရာပွဲပြီးလျှင်လုံခြုံရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန်စီစဉ်ထားသော်လည်းထိုနေ့ညပိုင်းက
 ကျောင်းကုန်းမြို့တစ်ဘက်ကမ်းရှိ ဗလီအုတ်တံတိုင်းေ ပါ်၌ ရေနံဆီသုတ်ထားသည့် စွပ်ကျယ်အဖြူထား ရှိခဲ့သောဖြစ်ရပ် ဖြစ်ပွားခဲ့သဖြင့်ထပ်မံ၍ လုံခြုံရေး ရက်ရှည်တပ်စွဲ ထားဦးမည်သည် ဟု ပုသိမ်ခရိုင် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“တိုင်းအရံတပ်ခွဲရယ်၊ ခရိုင်တွဲဖက် ရဲတပ်ဖွဲ့ရယ်ပုသိမ်က စုစုပေါင်းရဲအင်အား ၁၅၀ လောက်ချထားတယ်။ တရားပွဲ ပြီးရင်ပြန်ရမယ်လို့ ထင်ထားတာ။ အောက်တိုဘာ ၁၆ ရက်နေ့ညကဖြစ်သွားတဲ့ကိစ္စကြောင့် လုံခြုံရေးတွေလည်း ပြန်လို့ မရဘူးဖြစ်သွားတယ်”ဟု ကျောင်းကုန်းမြို့၌လုံခြုံရေး တာဝန်ယူထားသူ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျောင်းကုန်းမြို့၌ပဋိပက္ခများထပ်မံမဖြစ်ပွားစေရန် တိုင်းရဲတပ်ဖွဲ့များနှင့်မြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ရဲအင်အား ၂၀၀ ကျော်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) လက်အောက်ခံ တပ်ခွဲတစ်ခု တို့က အေက်တိုဘာ ၅ ရက် နေ့က စတင်ကာ လုံခြုံရေးယူထားပြီး ပဋ္ဋိပက္ခထပ်မံဖြစ်ပွားအောင်လှုပ်ရှား သူမှန်သမျှကို ထိရောက်စွာအပြစ် ပေးနိုင်ရေး စီစဉ်ထားပြီးကျောင်းကုန်းဖြစ်စဉ်ပြုလုပ်သွားသူအား ဖမ်းဆီးရမိရေး အပူတပြင်းဆောင်ရွက်နေကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

“ဒီအချိန်မှာလုပ်နေတဲ့သူတွေကအလုပ်မရှိကြဘူး။ ပြဿနာတစ်ခုဖြစ်လာရင် လုချင်ယက် ချင်ကြတဲ့သူ တွေက များတယ်။ ဘယ်သူတွေက လုပ်နေတယ်ဆိုတာလဲ မသိဘူး။

ရဲတပ်ဖွဲ့အနေနဲ့ဘယ်သူ့ကိုမဆို ဆူပူအကြမ်းဖက် အောင် လှုံဆော်တဲ့သူတွေ ကို ဖော်ထုတ်ပြီး ပြင်းပြင်း ထန်ထန်အရေးယူသင့်တယ်”ဟုလူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျောင်းကုန်းမြို့၌ကျင်းပခဲ့သည့်တရားပွဲသို့သံဃာတော်အပါး ၆၀၀ခန့် ကြွရောက်ချီးမြင့်ခဲ့ပြီး လာရောက်သည့် တရားနာ ဧည့်ပရိသတ်များပြား သည့်အတွက် တိုင်းရဲတပ်ဖွဲ့မှရဲအင်အား၂၀၀ကျော်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)လက်အောက်ခံ တပ်ခွဲတစ်ခုအပြင်မြို့ပေါ်လမ်းတိုင်း၌ မီးသတ်များ၊ ရဲတပ်ဖွဲ့ဝင်များအပြင် သံဃာတော်များပါလုံခြုံရေးယူကာ စောင့်ကြပ်ခဲ့ရကြောင်း သိရသည်။

ထိုနေ့သည်ဘာသာကြီးနှစ်ရပ်၏အရေးကြီးသည့်ပွဲတော်နှစ်ခုနှင့်တိုက်ဆိုင်နေသည့်အတွက် ကျောင်းကုန်းမြို့ရှိ ဘာသာရေးခါင်းဆောင်းများညိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့်အစ္စလာမ်ဘာသာဝင် များက ကုရ်ဘာနီအစ်နေ့ဝတ်ပြုခြင်း အစီအစဉ်ကို အောက်တိုဘာလ ၁၇ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

“တရားပွဲကို ကျောင်းကုန်းမှာ ပဋ္ဋိပက္ခတွေမဖြစ်ခင်ကတည်းက စီစဉ်ထားတာပါ။ ဒီနေ့ ဒီရက်မှာလာပြီး မထင်မှတ်ဘဲ တိုက်ဆိုင်သွားတဲ့ သဘောပေါ့။ ဒါပေမယ့် တစ်ဖက်ကအစ္စလာမ်ဘာသာဝင်တွေက ရက်ရွှေ့ဆိုင်းပေးလိုက်တော့အဆင်ပြေသွားတာပေါ့”ဟု ကျောင်းကုန်းမြို့နယ်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးစောလွင် က ပြောသည်။

ထိုနေ့က ကျင်းပခဲ့သည့်တရားပွဲ၌ ၉၆၉ တံဆိပ်နှင့်ပတ်သတ်၍ ဆရာတော်ကြီးများက ရှင်းလင်းဟော ကြားခဲ့ပြီး ၉၆၉ တံဆိပ်နှင့် တရားခွေများလည်းဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

တရားပွဲအစီအစဉ်၌ မျိုးစောင့်ဥပဒေနှင့် ပတ်သတ်၍ ထောက်ခံ လက်မှတ်ရေးထိုးခြင်းများ လည်း ပြုလုပ်ခဲ့ကြောင်းနှင့် ကျောင်းကုန်းမြို့ရှိဗုဒ္ဓဘာသာအိမ်တိုင်း၌ သာသနာ့အလံများလွှင့် ထူထားဆဲဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

Myit Ma Kha Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here