Wednesday, October 16, 2013

မွန်ပြည်နယ်အတွင်း ကားမှအရှိန်ဖြင့်ထန်းပင်တိုက် တစ်ဦးသေဆုံး၍ ယာဉ်ပေါက်ကွဲလုနီးပါးဖြစ်

0 comments

Wednesday, October 16, 2013

မော်လမြိုင်မြို့မှ ကျိုက်မရောမြို့သို့သွားသောလမ်းတွင် ကားတစ်စီးအရှိန်မထိမ်းနိုင်ပဲ လမ်းဘေးရှိ ထန်းပင်ကို ၀င်တိုက် သောကြောင့် ကားပေါ်တွင်ပါလာသူတစ်ဦးပွဲချင်းပြီး သေခဲ့ပြီး၊ ယာဉ်မောင်း ၏ အောက်ပိုင်း မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ(၁၅)ရက်နံနက် ၉ နာရီအချိန်တွင် မော်လမြိုင်မြို့မှ ကျိုက်မရောမြို့သို့ မောင်းနှင် လာသော Mark X အမျိုးအစား ၅က/၁၇၇၄ ကားသည် မော်လမြိုင်မြို့ ဟင်္သာ အ၀ိုင်းပတ်မှ ပတ်ပြီး ကုန်းဆင်းကိုမောင်းနှင်ရာတွင် ကားမောင်းနှင်လာ သောယာဉ်မောင်း ၏အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ ထန်းပင်ကို ၀င်တိုက်မိခြင်းဖြစ်သည်။

ထိုသို့တိုက်မိခြင်းကြောင့် ယာဉ်မောင်းဘေးတွင်လိုက်ပါလာသော ကိုဇော်ဝင်းဆက်(၁၆)နှစ်မှာ ကားတိုက် မှုအရှိန်ပြင်းထန် သောကြောင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး မောင်နှင်လာသောကို ကျော်နိုင်လင်း(၁၆)နှစ်မှာ ထန်းပင်နှင့် ကားအင်ဂျင်ကြားထဲတွင် ညပ်မိနေသဖြင့် နာရီဝက်ကျော်ကြာ ကားတံခါများကို ရိုက်ချိုးဖျက်စီး ခဲ့ရပြီးမှ လူကိုဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

“မောင်းလာတဲ့အရှိန်တော်တော်ပြင်းတာ။ လမ်းကလည်းမကျွမ်းကျင်ဘူးနဲ့တူတယ်။ ရန်ကုန်ကနေ ကျိုက်မရောကို လာလည် တာလို့ သိရတယ်။ မောင်းတဲ့အရှိန်က ခန့်မှန်းခြေ ကီလိုမီတာ ၈၀ လောက်ရှိမယ်။ ကားက ထန်းပင်ကို ၀င်တိုက်ပြီး ကားပါ ထက်ခြမ်းကွဲသွားတယ်။ တိုက်တိုက်ခြင်း ကားက မီးခိုးတွေအူလာတာနဲ့ ပေါက်ကွဲမှာစိုးလို့ ရေတွေဝိုင်းလောင်း မီးခိုးတွေဝိုင်း သတ်လုပ်ရတယ်။ ကားက နောက်ကနေကြိုးနဲ့ဆွဲပြီး ကားကြီးနဲ့ ဆွဲထုတ်တာတောင်မရဘူး။ တော်တော့်ကို အခြေအနေ ဆိုးတယ်။ ယာဉ်မောင်းကတော့ ကားအထဲမှာ ညပ်မိနေလို့ ဆွဲထုတ်ရတယ်။ ကားက ထန်းပင်ကို သွားစွပ်မိသလိုဖြစ်နေတော့ တော်တော် လေးကိုခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်။ယာဉ်မောင်းအောက်ပိုင်းမှာ မီးလောင်ဒဏ်ရာတွေရထားတယ်။ ဘေးနားက အဖော်ကတော့ နေရာမှာ တင်ဆုံးသွားပါတယ်။”ဟု မျက်မြင်တစ်ဦးကပြောသည်။

ယာဉ်တိုက်မှုအခြေအနေမှာ အလွန်ဆိုးဝါးခဲ့ပြီး ထန်းပင်နှင့်ကားကြားတွင် လူတစ်ဦးညပ် မိနေခြင်းဖြစ်ကြောင်း၊ အနီးအပါးရှိလူ ၂၀ခန့်မှ ကားကိုဆွဲထုတ်သည်ကိုပင်မရခဲ့ကြောင်း၊ ကားမှမီးခိုး များထွက်နေသောကြောင့် ပေါက်ကွဲမည်ကိုလည်း စိုးရိမ်စွာ လုပ်ဆောင်ခဲ့ရကြောင်း၊ ကံကောင်းထောက် မစွာ ယာဉ်မောင်းကိုဆွဲထုတ်နိုင်ခဲ့သောကြောင့် အသက်ရှင်နိုင်ခဲ့ကြောင်းကိုလည်း ၀ိုင်းဝန်း ကူညီပေးနေသူများက ပြောဆိုကြသည်။

“ကလေးတွေပါ ကလေးတွေကို ကားပေးမောင်းတော့ ကားတွေက လည်းကောင်း အရှိန်လည်း များတယ်။ လောလောဆယ် တော့ယာဉ်မောင်းသတိရနေပါပြီ။ တော်တော်ကိုအန္တာရာယ်များတယ်။ ကျွန်တော်တို့လည်း သေချာဆောင်ရွက်ပေးနေပါတယ်။ မိဘတွေဆီကို အကြောင်းကြားပေးထားတယ်။ ကားကရှော့ဖြစ်ပြီး မီးလာင်တဲ့ပုံစံမျိုးဖြစ်သွားတာပါ။ အခု မော်လမြိုင်ဆေးရုံမှာ ကုသပေးနေပါတယ်။”ဟု မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်သက်နိုင်ကပြောသည်။

ယခုအချိန်တွင် မွန်ပြည်နယ်ယာဉ်စည်းကမ်းထိမ်းသိမ်းရေးမှ ယာဉ်မောင်းအား လူသေမှု ပုဒ်မ ၃၀၄ (က)နှင့် ကျိုးပဲ့အပြင်းအထန် ဒဏ်ရာရရှိစေမှု ပုဒ်မ ၃၃၈ဖြင့် အမှုဖွင့်အရေး အယူဆောင်ရွက် ထားကြောင်း သိရှိရသည်။

Myit Ma Kha Media Group.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here