Wednesday, October 16, 2013

မြန်မာနိုင်ငံတွင်ဗုံးကွဲမှုများကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ခရီးစဉ်ဖျက်သိမ်း

0 comments
Wednesday, October 16, 2013

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ဗုံးပေါက်မှုဖြစ်စဉ်များကြောင့် ပြည်တွင်းသို့လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ဧည့်သည်များသည် လုံခြုံရေးစိတ်ချမှုမရှိသည့် အကြောင်းပြချက်ဖြင့် ခရီးစဉ်များကို ဖျက်သိမ်းမှု များရှိလာကြောင်းသိရသည်။

ထို့ကြောင့် ခရီးသွားအေဂျင်စီလုပ်ငန်းများ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွာလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဟိုတယ် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ Ruby Land ခရီးသွားလာရေးအေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးအေးကျော်က ပြောသည်။

အဆိုပါ ဟိုတယ်နှင့် ခရီးသွာလာရေး လုပ်ငန်းဝန်ကြီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များ၏ သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ (၁၅)ရက်က ရန်ကုန်မြို့ ဝါးတန်းလမ်းပေါ်ရှိ ပန်ဒါဟိုတယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ခုခရီးစဉ်တွေဖျက်ပြီ နိုင်ငံခြားကစိတ်ပူပြီး မလာတော့ဘူး သူတို့ငွေပြန်ပေးပါ တောင်းနေပြီ ပြန်ပေး ရတော့မယ် ဒီလိုအခြေအနေမျိုးမှာ ပြန်ကိုပေးရမယ် ဟိုတယ်တွေကိုဒီငွေတွေကို ပေးပြီးပြီ ဟိုတယ်တွေကဒီငွေတွေကို ပြန်အမ်းပေးဖို့အရေးကြီးတယ် air line တွေကလည်း လက်မှတ်တွေ ဝယ်ထားတော့ ဒီငွေတွေကိုလဲ ပြန်အမ်းပေးရမယ် မဟုတ်ရင် ခရီးသွားလုပ်ငန်းရှင်တွေအားလုံး ဒီဖြစ်ပျက်မှုကြောင့် နစ်နာဆုံးရှုံးမှုက အဓိကက ခရီးသွားလုပ်ငန်းရှင်တွေအားလုံးခံစားရတော့မယ် တကယ်လို့ ဟိုဘက်ကတောင်းတာကို ကျွန်တော်တို့က ဟိုတယ်ကပြန်မပေးလို့ မပေးဘူး ဆိုရင်လည်း နိုင်ငံရဲ့သိက္ခာကျတယ်” ဟု ဦးအေးကျော်ကပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားဧည့်သည်များမှ ခရီးစဉ်ဖျက်သိမ်းမှု အရေးအတွက်အား တိတိကျကျပြော၍မရသေးကြောင်း ဦးအေးကျော်က ဆက်လက်ဆိုသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီးမှ အဆိုပါ ခရီးသွားလာရေးအေဂျင်စီလုပ်ကိုင်နေသူများ၏ တောင်းဆိုချက်များကို မည်သည့်အချိန်အတိုင်းအတာဖြင့် မည်သို့ဖြေရှင်းပေးမည်ဟု အတိအလင်း ပြောသွား ခြင်းမရှိဘဲ ဖြေရှင်းပေးမည်ဟုသာ ပြောဆိုသွားသည်။

“အားလုံးကို ပြေလည်အောင်ဖြေရှင်းပါမယ် အရေးကြီးတာကဖြေရှင်းဖို့ပဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုရှာမယ် ကျွန်တော်တို့က အားလုံးကိုပြေလည်အောင်ဖြေရှင်းပေးပါမယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။ှ

ပြည်တွင်းမငြိမ်သက်မှု ဖြစ်စဉ်များကြောင့် ခရီးသွားလာရေးအေဂျင်စီများ ကြုံတွေ့နေရသည့် အခက်အခဲများကို အစိုးရအနေဖြင့် ဖြေရှင်းပေးပါမည်ဟု ပြောနေရုံနှင့်မရဘဲ တိုက်ရိုက် ညွှန်ကြားချက်ထုတ်ပြန်၍ ဖြေရှင်းပေရန် လိုကြောင်း ခရီးသွားလာရေးအေဂျင်စီလုပ်ကိုင်နေသူများက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ အစရှိသည့်မြို့များတွင် အောက်တိုဘာ (၉)ရက်နေ့မှ အောက်တိုဘာ(၁၅)ရက်နေ့ထိ ဗုံးပေါက်ကွဲမှုဖြစ်စဉ် (၆)ခုဖြစ်ပွားခဲ့ပြီး တားဆီးနိုင်ခဲ့သည့် အမှုမှာ (၅)မှု ရှိကြောင်း သိရသည်။

Myit Ma Kha Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here