Thursday, October 10, 2013
မလေးရှားပြန်မြန်မာလုပ်သားများခိုနားရန်အလိုတော်ပြည့်ကျောင်းတိုက်သို့ရောက်ရှိအမျိုးသားလွှတ်တော်ကယ်ဆယ်ရေးနှင့်ဒုက္ခသည်များကူညီ စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌဒေါက်တာခင်ရွှေကနေရပ်ပြန်ရန်နှင့်ကုန်ကျစရိတ်လှူဒါန်း
Categories :
Thursday, October 10, 2013
မလေးရှားနိုင်ငံတွင် တရားမဝင်ရောက်ရှိ နေထိုင်ခြင်းဖြင့် ဖမ်းဆီးခံရသူ မြန်မာများအနက် ၁၇၅ ဦး မြန်မာနိုင်ငံသို့ ယမန်နေ့တွင် MAI လေကြောင်းလိုင်းအကူအညီဖြင့် ပြန်လည်ရောက် ရှိခဲ့ပြီး မိသားစုနှင့် အဆက်အသွယ်မရသူ တိုင်း ရင်းသား အမျိုးသား ၃၉ ဦးကို ယနေ့တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် ခေတ္တတည်းခို နေထိုင်ရန် ၈၈ မျိုးဆက်အဖွဲ့က ကူညီဆောင် ရွက်ခဲ့ကြောင်းသိရသည်။
နေရပ်ပြန်ရန်အခက်အခဲရှိသူ အဆိုပါ၃၉ဦး မှာ ရခိုင်၊ မွန်၊ ရှမ်း၊ကချင်၊ကရင်နှင့် ချင်းတိုင်းရင်းသား များဖြစ်ပြီး ဒေသ အသီးသီး ပြန်ရန် စရိတ်ငွေ၊ နိုင်ငံသားမှတ်ပုံတင်ကတ်၊ အဝတ်အစားများမရှိခြင်းကြောင့် ၈၈ မျိုးဆက် အဖွဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အမျိုးသားလွှတ်တော်ကယ်ဆယ်ရေးနှင့်ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ
ဒေါက်တာခင်ရွှေ၊လူမှုရေးလှုပ်ရှားသူများက ခေတ္တနားခိုရန်စီစဉ်ပေးခြင်း၊ နေရပ်ပြန်စရိတ်နှင့်စားသောက်စရိတ်ကူညီခြင်းများကို
ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသိရသည်။
၈၈ မျှိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အလုပ်သမားရေးရာမှဒေါ်မာ မာဦးက ''ကျွန်မတို့ ၈၈ အနေနဲ့ ယမန်နေ့ညမှာရန်ကုန်လေဆိပ်ရောက်နေတဲ့ မြန်မာလုပ်သားတွေ ထဲမှ ဒီအယောက် ၃၉ ဦးက လေဆိပ်မှာ ဘယ် သွားရမှန်းမသိကျန်နေတယ်လို့ မီဒီယာက ဆက် သွယ်ပြောလို့သိရတယ်။ ကျွန်မရောက်လာတော့ အလုပ်သမားရေးရာ
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သူ့ဌာနအနေနဲ့ ပေးတာပါဆိုပြီး လုပ်သား ၄၆ ဦးအတွက် တစ်ဦးကို ငွေကျပ် ၅ဝဝဝ စီပေးတယ်။ လုပ်သား ၄၆ ဦးအနက် တချို့က ရန်ကုန်မှာ ဆွေမျိုးအဆက်အသွယ်ရလို့
ပြန်သွားကြတဲ့ အခါ ကျန်ခဲ့တာ ၃၉ ဦးကျန်ပါ တယ်။ ဒါကိုညက ကျွန်မတို့ ၈၈ မျိုးဆက်ရုံး ချုပ်နေရာမှာ ညအိပ်ဖို့ဆောင်ရွက်ပေးခဲ့တယ်။ မနက်စာနဲ့ ရေ၊ စားသောက်စရာစီစဉ်ပေးခဲ့ တယ်။ ကျွန်မတို့အနေနဲ့ သူတို့မှာ နိုင်ငံသားကတ် မရှိတော့တဲ့အတွက် မလေးရှားနိုင်ငံမှာ ဖမ်းဆီး ခံရပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ် သားများဖြစ်ကြောင်းစာရွက် ၈၈မျိုးဆက်ရုံး အနေနဲ့ စာရွက်အထောက်အထားထုတ်ပေးပါ တယ်။ ဒါက နေရပ်ပြန်ရေးအတွက်ပါ။ နောက် ကားလက်မှတ်၊ ရထားလက်မှတ်စသည်ဖြင့် နေရပ်ပြန်ရေး ကူညီချိတ်ဆက်ပေးတယ်။
နောက် ကျန်းမာရေးအတွက် အခု အလိုတော်ပြည့် ကျောင်းမှာရှိတုန်း သူတို့ မလေးရှားဒုက္ခသည် စခန်း(Camp) မှာရလာတဲ့ အနာရောဂါလေးတွေ အတွက် ဆရာဝန်အကူအညီရအောင် ဆောင်ရွက် ပေးပါတယ်။ ဒီမြန်မာလုပ်သားတွေ နေရပ် လျင်မြန်ချောမောစွာပြန်ရောက်ရေး ဆက်လက် ကူညီမှာဖြစ်ပါတယ်''ဟု ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။
အမျိုးသားလွှတ်တော်ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက နေရပ်ပြန်ရန် အခက် အခဲရှိသူများ လတ်တလောစားဝတ်နေရေးနှင့် မူရင်းဒေသပြန်ရန် စရိတ်အတွက် မတည်ငွေကျပ် သိန်း ၅ဝ လှူဒါန်းထားပြီး ပြည်ပအလုပ်အကိုင် အေဂျင်စီများအသင်းချုပ်မှ ငွေကျပ်လေးသိန်း ငါးသောင်း၊ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ငွေကျပ်တစ်သိန်းလှူဒါန်းသည်။ အဆိုပါမြန်မာ လုပ်သားများ နေရပ်ပြန် လည်ရောက်ရှိရန် ယခုလ ၁ဝ ရက်တွင် စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လတ်တလော နေရပ်မပြန်နိုင်သေးသူများကိုလည်းအလိုတော်ပြည့် ကျောင်းတိုက်တွင် ခေတ္တတည်းခိုနေထိုင်ရန် စီစဉ် ထားခြင်းဖြစ်သည်။ မြန်မာလုပ်သား ၃၉ ဦး အနက် ကိုယ်စားလှယ် ငါးဦးပါဝင်သည့် မူရင်း ဒေသပြန်လည်ရောက် ရှိရေးကော်မတီ အနေဖြင့် ဆောင်ရွက်ထားရှိကြောင်းသိရသည်။
The Union Daily
Subscribe to:
Post Comments (Atom)