Wednesday, October 30, 2013

ထိုင်းအလှကုန်နှင့် အ၀တ်အထည်ကုမ္ပဏီတို့၏ သံတမန်အဖြစ် ခင်ဝင့်ဝါလုပ်ဆောင်မည်

0 comments
Wednesday, October 30, 2013

Miss Supranational Myanmar ခင်ဝင့်ဝါသည် ထိုင်းအလှကုန်ကုမ္ပဏီနှင့် အ၀တ်အထည်ကုမ္ပဏီတို့၏ သံတမန်အဖြစ် လုပ်ဆောင်တော့မည်ဖြစ်သည်။ ယင်းကဲ့သို့ ခင်ဝင့်ဝါကသံတမန်အဖြစ် လုပ်ဆောင်မည့် ကုမ္ပဏီများမှာ Camella အလှကုန်ကုမ္ပဏီနှင့် ဒေါ်ဝင်း Garment Center ကုမ္ပဏီတို့ဖြစ်ကြကြောင်းMiss Supranational Myanmar Organization မှ ဥက္ကဋ္ဌ ဝေယံအောင်က မဇ္ဈိမသို့ ပြောကြားသည်။

ယင်းကုမ္ပဏီများနှင့် လက်တွဲရန် ဆုံးဖြတ်ရခြင်းကို ခင်ဝင့်ဝါက “Organization နဲ့တိုင်ပင်ပြီး လက်ခံဖြစ် သွားတာပါ။ အဲဒီကုန်ပစ္စည်းတွေရဲ့ သံတမန်အဖြစ် ကျွန်မကို ယုံယုံကြည်ကြည်နဲ့ ကမ်းလှမ်းတာဆိုတော့ အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါ” ဟုဆိုသည်။

Camella မှာ ထိုင်းနိုင်ငံမှ အလှကုန်များထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မကြာခင် ခင်ဝင့်ဝါနှင့် အလှကုန် ကြော်ငြာ ရိုက်ကူးမည်ဖြစ်ကာ ဒေါ်ဝင်း Garment Center ၏ ထုတ်ကုန် i-Max အတွက်လည်း ရိုက်ကူး မည်ဖြစ်သည်။

Miss Supranational Myanmar Organization မှ ဥက္ကဋ္ဌဝေယံအောင်က “Camella ကုန်ပစ္စည်းရဲ့ သံတမန်၊ i-Max, Giorenzo, U-Jazz စတဲ့အ၀တ်အစားထုတ်တဲ့ ဒေါ်ဝင်း Garment Center ရဲ့ သံတမန်အ ဖြစ် ပြီးခဲ့တဲ့တစ်ပတ်က လက်ခံလိုက်တယ်။ ခင်ဝင့်ဝါအနေနဲ့ နောက်ထပ်သူလုပ်နိုင်မယ့် ကုန်ပစ္စည်းသံတ မန်အဖြစ် လက်ခံချင်သေးရင် ကျွန်တော်တို့ဘက်က လုပ်ဆောင်ပေးမှာပါ။ ထပ်ပြီးပြောထားတဲ့ ကုမ္ပဏီ တွေကတော့ လေးခုလောက်ရှိပါသေးတယ်။ အီလက်ထရောနစ် နဲ့ ဆေးကုမ္ပဏီတွေလည်း ပါဝင်ပါတယ်” ဟုပြောသည်။

ခင်ဝင့်ဝါသည် လက်ရှိတွင် ဒါရိုက်တာကြည်ဖြူသျှင်ရိုက်ကူးပြီး မင်းသားကောင်းပြည့်နှင့်အတူ “နတ်သမီးနှင့် ကျွန်တော်” ဗီဒီယိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။ ဒါ့အပြင် ရွှေစင်ဦး ထုတ်လုပ်ရေး၊ သစ္စာနီထုတ်လုပ်ရေးတို့တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ၁၀ ကားစီ လက်ခံရိုက်ကူး မည်ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here