Thursday, October 17, 2013

ဗုံးဖောက်ခွဲမှုများသည် နိုင်ငံရေးဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၈၈ ဆို

0 comments

Thursday, October 17, 2013

မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်နေချိန်တွင် မြို့ကြီးအချို့၌ ဗုံးပေါက်ခွဲမှုများ ပြုလုပ်နေခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ဖြေရှင်းရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေးအတွက် ကြိုးပမ်းနေသည့် နိုင်ငံရေးဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းဟု ယူဆကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်နှင့် အခြားမြို့ကြီးများ ဗုံးပေါက်ကွဲနေမှု များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
“ဒီလိုဖြစ်ပွားမှုတွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေကို နောက်ပြန် လှည့်သွားနိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံရေးနည်းဖြင့် ဖြေရှင်း သင့်ကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများကို ဆန့်ကျင် တွန်းလှန်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်၊ ဗုံးတွေ့ရှိရမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးတွင် ဗုံးပေါက်ကွဲမှုများ ဗုံးတွေ့ရှိမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သောကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ လုံခြုံရေး တိုးမြှင့်ထားကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားထားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here