Tuesday, October 8, 2013

အင်းလေးတိုက်တေးကဗျာ

0 comments


8.10.2013

မောင် ။ ။ လွမ်းဆွေးလို့ မတတ်နိင်
နှစ်ဆောင်ပြိုင် ရွှေအိမ်စွန်းမှာလ
နွမ်းခွေလို့မှိုင်။
နန်းရွှေအိမ်၊ ပူလှိုင်လို့ရှုပ်ထွေး။
နှစ်ဆောင်ပြိုင် ရွှေအိမ်စွန်းမှာလ
(မကြီးရယ်) နွမ်းခွေလို့ဆွေး။
မယ် ။ ။ ခေါင်းခေါင်မှာ ကြယ်တွေပျိုးပါလို့
ကြယ်မျိုးများ ခုနှစ်ထွေ။
ဝေးတဲ့ နတ်ပြည်။
သည်နတ်ပြည်၊ ကုသိုလ်လေဝေမှ။
မယ်တစ်ရွာ မောင်တကျေး
(မောင်ကြီးရယ်)ဝေးတဲ့ဌာန။
မောင် ။ ။ မလွမ်းဖူးလို့ ထင်လိမ့်မယ်
ပန်းစက္ကူ ရွှေလွှာရေး
ကျေးနဲ့လွှတ်မယ်။
ရွှေကျေးငယ်စေပြန်ရသေး။
အလွမ်းရယ် မနေပြန်လို့
တမန်ဆို ကိုရွှေကျေး
(မကြီးရယ်) သွားပါတော့လေး။
မယ် ။ ။ ရွှေကျေးတဲ့သာလိကာ။
မောင်သွားယင် ဟန်ပုံထု
နားပြုလိုက်ပါ။
မယ် လည်ရှာ၊ ဘယ်မှာမှမတွေ့။
မောင်လေးခင် နေရာကျွန်းကို
(မောင်ကြီးရယ်) လွမ်းလို့မမေ့။
မောင်။ ။ တနေ့တာမြင်ရနှိး
တမိုးတဲ့ချုပ်စေချင်။
တရွာသူ မယ်ခင်လေး
ဝေးလို့ မမြင်။
အိမ်မက်မှာမြင်၊ မောင်ခင်ကပျော်နိင်ဘဲ။
တရွာသူ မယ်ခင်လေး
(မကြီးရယ်) ဝေးလို့ မြင်ဘဲ။
မယ် ။ ။ သွားမယ်လို့ သာ ပြင်ဆင်၊
ပိုးစောင့်ဖြူ ညာပခုံး
ရုံးတဖက်တင်။
ခု ညသာ မောင်ပြန်လျှင်။
မြင်မယ်လို့ ထင်ဘူး။
သွားသူကို အပူကပ်တယ်။
(မောင်ကြီးရယ်) ပြောတတ်ပေဖူး။

Inle youth  Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here