Wednesday, October 16, 2013

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း အင်တာနက်မြန်နှုန်းမြှင့်မည်

0 comments

အောင်မင်္ဂလာအဝေးပြေဆိုက်ရောက်ကွင်းကြီး၌ အခမဲ့အသုံးပြုနိုင်ရန် ထားရှိသော အခမဲ့အင်တာနက် လိုင်း (Wifi)အား ပိုမိုမြန်ဆန်စေရန် လိုင်းအသစ်ထပ် မံလျှောက်ထား ကာ မြန်နှုန်းမြှင့်မည်ဟု Myint & Paing Company Ltd.မှ သိရသည်။

ခုရက်ပိုင်း အင်တာနက်အသုံးပြုရတာ ကျပ်လာတယ်။ ခရီးသည်တွေ Wifi အသုံးပြုလို့ အဆင်ပြေအောင် နောက်ထပ်အင်တာနက်လိုင်းတစ်ခု လျှောက်ထားပါတယ်။ ခုထိတော့ ဆက်သွယ်ရေး နဲ့ ဆွေးနွေးတုန်းရှိပါ သေးတယ်ဟု အဆိုပါကုမ္ပဏီမှ ဒါရိုက်တာဦးသော်ဇင်အောင်က ပြောသည်။
 အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း အင်တာနက်လိုင်းများအား အယောက် ၁၀၀ ၀န်းကျင် အသုံးပြုနိုင် အောင် ထိန်းချုပ်ခန်းအတွင်း တပ်ဆင်ထားကြောင်း၊ လှို့ဝှက်ကုတ်နံပါတ် မထားရှိကြောင်း၊ အငှား ယာဉ်မောင်း များ အများဆုံးအသုံးပြုကြောင်း၊ အင်တာနက်အသုံးပြုသူ များပြားလာသည့်အတွက် မြန်နှုန်းမြှင့်ရခြင်းဖြစ် သည်ဟု ၄င်းက ဆက်ပြောသည်။
အောင်မင်္ဂလာ အဝေးပြေးကွင်းအတွင်း အင်တာနက်လိုင်းများ အခမဲ့အသုံးပြုနိုင်အောင် စီမံပေးထားသည့် အပြင် ခရီးသည်များ လုံခြုံစေရေးအတွက် CCTV များဖြင့် စောင့်ကြပ်လျက်ရှိကြောင်း၊ ပညာပေးအစီအစဉ် များကိုလည်း အခါအားလျော်စွာ ပြုလုပ်လျက်ရှိကြောင်း အောင်မင်္ဂလာဆိုက်ရောက်ကွင်းမှ သိရသည်။
CCTV ROOM ကို ၀န်ထမ်းတွေနဲ့ အချိန်ပြည့်ထားပြီး စောင့်ကြည့်တယ်။ ဒါကြောင့် တလောက ညနေ ၅နာရီခွဲ မြတ်မန္တလာထွန်းကားက ပါလာတဲ့ ခရီးသည် ဦးအေးကြူ ရဲ့ ပိုက်ဆံအိတ်နဲ့ မှတ်ပုံတင်က TAXI ကားပေါ် ပါသွား တာ မှတ်တမ်းတင်ထားနိုင်တယ်။ ကားသမားကိုသိတော့ ည၉နာရီမှာ TAXI ယာဉ်မောင်းက ပြန်ပို့ပေးခဲ့တယ်။ အင်တာနက်အသုံးပြုမှုလွယ်အောင် ထပ်မံလျှောက် ထားတာရှိပါတယ်ဟု အောင်မင်္ဂလာ ဆိုက်ရောက်ရောက်ကွင်းမှ မန်နေဂျာဦးလှထွေးက ပြောသည်။
အောင်မင်္ဂလာအဝေးပြေးဆိုင်ရောက်ကွင်းကို ယခုနှစ် စက်တင်ဘာ ၁ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ TY-13လုံး၊ မီးသတ်ဘူး-၃၀၊ စားသောက်ဆိုင်-၃ဆိုင်၊ ထိုင်ခုံ-၁၀၀၊ CCTV-16လုံး၊ ပစ္စည်းတင် လက်တွန်းလှည်း-၁၀၀၊ Momey Changer၊ KBZ & CB Banks၊ သန့်စင်ခန်းအလုံး-၄၀၊ ATM၊ မသန်စွမ်းများအတွက် ၀ှီးချဲ-၅ခု နှင့် လုံခြုံရေးဝန်ထမ်း-၂၈ ဦး၊ စည်ပင်ဝန်ထမ်းများဖြင့် ခရီးသွားများအဆင်ပြေစေရန် နေ့စဉ်ဆောင်ရွက် နေကြောင်းသိရသည်။
အောင်မင်္ဂလာဆိုက်ရောက်ဝင်းကြီးအတွင်းသို့ နေ့စဉ် ကားအစီးရေ (၃၁၄)စီးခန့်ဝင်ရောက်လျှက်ရှိပြီး ကားတစ်စီးလျှင် ၀င်ကြေးကျပ်(၅၀၀)ကောက်ခံလျက်ရှိကာ ၂၄နာရီအချိန်ပြည့် CCTV ROOMဖြင့် လိုအပ်သည့် ၀န်ဆောင်မှုများပေးခြင်းနှင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးကိုစောင့် ကြည့်ပေးလျက် ရှိကြောင်း ၄င်းဆိုက် ရောက်ကွင်းမှ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here