Wednesday, October 16, 2013

အီးယူနိုင်ငံများ ကင်ဆာကြောင့် တစ်နှစ်လျှင် ယူရို ၁၂၆ဘီလျံကုန်ကျ

0 comments


အီးယူးနိုင်ငံများသည် ကင်ဆာရောဂါကြောင့် တစ်နှစ်လျှင် ယူရို ၁၂၆ ဘီလျံကုန်ကျနေကြောင်း ကင်ဆာရောဂါ၏ စီးပွားရေးအပေါ်သက်ရောက် မှုကို အီးယူတစ်ဝန်းပထမဆုံး လေ့လာမှုအရ သိရသည်။ ယင်းမှာအ လွန်ကြီးမားသော ၀န်ထုတ်ဝန်ပိုး တစ်ခုဖြစ်ကြောင်းCancer Research UK ကူညီရေး အဖွဲ့က ပြောကြားခဲ့သည်။ ကိန်းဂဏန်းများကို lancet Once Logyတွင်ဖေါ်ပြခဲ့ပြီး ကုန်ကျမှုများ တွင် ဆေးဝါး တန်ဖိုး နာမကျန်းမူကြောင့် ၀င်ငွေဆုံးရှုံးနှင့် မိသားစုကပြုလုပ်ပေးရသည့် စောင့်ရှောက်မှု တို့ပါဝင်သည်။ ကင်ဆာရောဂါများအနက် အဆုတ်ကင်ဆာ မှာအများဆုံးကုန်ကြကြောင်း သိရသည်။

၂၀၀ခုနှစ်ကအီးယူး၏ နိုင်ငံပေါင်း ၂၇နိုင်ငံမှတစ်နိုင်ငံချင်းစီ၏အချက်အ လက်များ ကို အောက်စဖို့ဒ် တက္ကသိုလ် နှင့် King`s College London တို့မှသုတေသီအဖွဲ့က ခွဲခြမ်းစိတ်ဖြာ လေ့လာမှု အရ စုစုပေါင်းကုန်ကျစရိတ် မှာ၁၂၆ ဘီလျံဖြစ်ပြီးယူရို ၅၁ဘီလျံမှာ ဆရာဝန်များ၏အချိန်နှင့် ဆေး ဝါးများ၏တန်ဖိုးဖြစ်သည်။

နာမကျန်းမှု သို့မဟုတ် ငယ်ရွယ်စဉ်သေဆုံးမှု တို့ကြောင့် ကုန်ထုတ်လုပ်မှု ဆုံးရှုံးမှုခြင်းမှာယူရို ၅၂ဘီလျံ ရှိသည်။ ထို့အပြင်မိသားစုများ ကစောင့်ရှောက် ပေး ရသည့် အတွက်ကုန်ကျမှုမှာယူရို ၂၃ဘီလျံ ရှိသည်။ ခြုံ၍ကြည်လျှင် ဂျာမနီနှင့်လူဇင်ဘတ် ကဲ့သို့ပိုမိုချမ်း သာသောနိုင်ငံများက ဘူလ်ဂေးဂျီးယား နှင့် လစ်သူယေးနီးယားတို့ ကဲ့သို့ ဥရောပအရှေ့ပိုင်းနိုင်ငံ များထက်တစ်ဦးချင်း ကင်ဆာကုသစရိတ် ကိုပိုမိုအသုံးပြုသည် ဟုဆိုသည်။

ဥရောပတွင်အဆုတ်ကင်ဆာအတွက် ကုန်ကျမှုမှာကင်ဆာ အားလုံးအတွက် ကုန်ကျမှု၏ ဆယ်ပုံ တစ်ပုံကျော် ရှိသည်။ အဆုတ်ကင်ဆာများထက်ပို မိုအစောပိုင်းကျသော အသက်အရွယ်များတွင် လူများကိုထိခိုက်လေ့ ရိုကြောင်းသိရပါသည်။

BBC
Myanmar ICT

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here