Saturday, October 19, 2013

ခန္ဓာကိုယ်ချင်းတိုက်၍လဲကျစဉ် ရွှေဆွဲကြိုးလုယူထွက်ပြေးသူအား ဖမ်းဆီးရမိ

0 comments

Saturday, October 19, 2013

၁၇.၁၀.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် တာမွေမြို့နယ်၊ကျောက်မြောင်းကြီအရှေ့ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊(၆)လွှာနေ ဦးအောင် 

ကျော်မျိုး၏အတူနေညီမဖြစ်သူမအိရွှေစင်စကားမပြောတတ်သူဘဦးကြည်စိန်သည်အသောကဈေးမှဈေးဝယ်ပြီးနေအိမ်တိုက်ခန်းသို့ 

ပြန်လာရာ (၃)လွှာလှေကားအရောက် အပေါ်ထပ်မှဆင်းလာသော အသက်(၂၀)နှစ်ခန့် အမျိုးသားတစ်ဦးမှ မအိရွှေစင်အား 

ခန္ဓာကိုယ်ချင်းဝင်တိုက်၍လဲကျစဉ်မအိရွှေစင်ဝတ်ဆင်ထားသော အလေးချိန် ၁၂ပဲ ၂ရွေးရှိ ခရားပုံရွှေဆွဲကြိုး(၁)ကုံးနှင့် အလေးချိန် 

၂ပဲ ၆ရွေးရှိစိန်လော့ကတ်သီး (၁)ခု၊စုစုပေါင်းတန်ဖိုး(၉၆၅၀၀၀)ကျပ်တို့အား လုယူထွက်ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးရန် 

တိုင်တန်းမှုအား တာမွေမြို့မရဲစခန်း(ပ)၄၅၈/၂၀၁၃၊ပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၄၄၀အချိန် ပြစ်မှုကျူးလွန်သူအောင်စိုး(ခ)အငယ်ကောင် (ဘ)ဦးချို၊ပုဗ္ဗသီရိမြို့နယ်နေသူအား 


သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here