Saturday, October 19, 2013

အမေရိကန်တွင် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းခဲ့မှုကြောင့် ကာကွယ်ရေး ဝန်ကြီးဌာန အတွက် ဒေါ်လာသန်း ၆ဝဝ ထိခိုက်နစ်နာ

0 comments

Saturday, October 19, 2013

အမေရိကန် ပြည်ထောင်စုတွင် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းသည် ကာကွယ်ရေး ဝန်ကြီး ဌာန၏ အမေရိကန် ဒေါ်လာသန်း ၆ဝဝ တန်ဖိုးရှိ ကုန်ထုတ်လုပ်မှု စွမ်းအားကို ထိခိုက် နစ်နာခဲ့ရကြောင်း ပင်တဂွန် စစ်ဌာနချုပ်မှ ဘဏ္ဍာရေး ဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ဦးက အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ အရပ်သား အမှုထမ်း ၄ဝဝဝဝဝ ကျော်သည် ၁၆ ရက်ကြာ လုပ်ငန်းခွင်မှ ရပ်နား ခဲ့ရသည့်အတွက် ၎င်းတို့၏ ကုန်ထုတ်လုပ်မှု စွမ်းအားများ နစ်နာ ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးဖြစ်သူ ရောဘတ်ဟေးလ် က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ထို့နောက် အောက်တိုဘာ ၇ ရက် မှစ၍ လုပ်ငန်းခွင်မှ ရပ်နားခဲ့ရသည့် အမှုထမ်းများကို ၎င်းတို့၏ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နိုင်ရန် ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်ခဲ့ပြီး ယခုအခါ အမှုထမ်း ၅ဝဝဝ ခန့်သည် အောက်တိုဘာ ၁၇ ရက်တွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခွင့် ရရှိခဲ့ကြသည်ဟု သိရသည်။

ယင်းကဲ့သို့ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းကြောင့် အခြားနစ်နာဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး ယခုတိုင် တွက်ချက်မှုများ မပြုလုပ်ရ သေးကြောင်း ဟေးလ်က ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here