Tuesday, October 8, 2013

အခြားအော်ပရေတာများထက် မများသောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေး မည်ဟု ရတနာပုံတယ်လီပို့ ပြောကြား

0 comments

Tuesday, October 8, 2013

ဆက်သွယ်ရေးဝန်ဆောင်မှုများအား အော်ပရေတာလေးခုဆောင်ရွက်ရာတွင် အခြားအော်ပရေတာများထက် မများသောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟု ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ CEO ဦးတင်ဝင်းက ပြောကြားသည်။

ဈေးနှုန်းသက်တမ်းတိုးခြင်းများကို လက်ရှိတွင် လုပ်ဆောင်ရန် အချိန်စောသေးကြောင်း၊ ယခုနှစ်ကုန်ခန့်တွင် ဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ “သူတို့လောက် ကျွန်တော်တို့က ဝန်ဆောင်မှုမသာရင်တောင် မညံ့အောင်လုပ်မှာပါ။ ဈေးနှုန်းလည်းသူတို့ပေးတဲ့ ဈေးထက်မများတဲ့ဈေးနဲ့ ကျွန်တော်တို့လုပ်မှာပါ။ အတတ်နိုင်ဆုံး သူများထက် ဈေးနှုန်းမများအောင် လုပ်သွားမယ်” ဟု ဦးတင်ဝင်းက ပြောကြားသည်။ အော်ပရေတာလေးခုတွင် ပြည်တွင်းအောပ်ရေတာနှစ်ခုနှင့် ပြည်ပအော်ပရေတာနှစ်ခု ပါဝင်မည်ဖြစ်သည်။

ပြည်ပအော်ပရေတာများအနေဖြင့် Sim Card တန်ဖိုး သတ်မှတ်ခြင်း၊ စီမံကိန်းများ ဆောင်ရွက်ခြင်းတို့ကို စီစဉ်ပြီးဖြစ်သော်လည်း ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်အနေဖြင့် အချိန်စောနေသေးသည်ဟု ဆိုသည်။ “အဲ့လိုသတ်မှတ်ဖို့ အချိန်က နည်းနည်း စောနေပါသေးတယ်။ ပြည်ပအော်ပရေတာ နှစ်ခုအတွက်တော့ တရားဝင်ကြေညာပြီးသားပေါ့နော်။ သူတို့ကတော့ လိုင်စင်ကိုစောင့်နေတာပေါ။့ ရတနာပုံအနေနဲ့ကလည်း လိုင်စင်ကို စောင့်နေတယ်။ သို့သော် တရားဝင်ရပြီလို့ မပြောသေးတဲ့အခါကျတော့ မီဒီယာတွေကို ဖိတ်ပြီးတော့အသိပေးဖို့၊ နိုင်ငံတစ်ဝှမ်းလုံးအသိပေးဖို့ကို အချိန်မကျသေးလို့ပါ” ဟုပြောကြားသည်။ အခြားအော်ပရေတာများနှင့် ဈေးကွက်ယှဉ်ပြိုင်ရာတွင် ပြည်တွင်းဝယ်ယူများအား နိုင်ငံသားပိုင်ကုမ္ပဏီများကို အားပေးစေလိုကြောင်း ဆိုသည်။

“ပြည်တွင်းက ကိုယ့်နိုင်ငံသားတွေကိုပဲ အားထားပါတယ်။ နိုင်ငံသားတွေအားလုံးက ကျွန်တော်တို့ တိုင်းရင်းသားပိုင်ကုမ္ပဏီကို အားပေးဖို့ပြောချင်ပါတယ်။ ဒီအားမပါဘဲနဲ့တော့ ယှဉ်ပြိုင်ဖို့က ခက်ပါတယ်” ဟု ပြောကြားခဲ့သည်။ အများပိုင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အား ပြောင်းလဲထားသော အများပိုင်ကုမ္ပဏီ၊ တယ်လီနော၊ အူရီဒူစသည့် ကုမ္ပဏီလေးခုတို့ အော်ပရေတာလုပ်ငန်းများကို ယှဉ်ပြိုင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ တယ်လီကွန်းအော်ပရေတာလုပ်ငန်းဆိုသည်မှာ Fixed Lines ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်းအပါအဝင် ဆက်သွယ်ရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများအားလုံးကို အပြည့်အဝလုပ်ကိုင်ခွင့်ရရှိမည့် အနေအထားဖြစ်ကြောင်းသိရသည်။

ထွန်းထွန်း
Internet Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here