Wednesday, October 30, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပဋိပက္ခအတွင်း သေဆုံးသူဦးရေ တိုးမြင့်လာ

0 comments

Wednesday, October 30, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သော ဆူပူ အုံကြွမှုများကြောင့် လူနှစ်ဦး ထက်မနည်း ထပ်မံသေဆုံးခဲ့သည် ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုတိယမြောက်နေ့အဖြစ် လက် ရှိဝန်ကြီးချုပ်ကို ရာထူးမှဆင်း၍ အိမ်စောင့် အစိုးရဖြင့် ရွေးကောက် ပွဲပြန်လည်ကျင်းပရန် အစိုးရ အတိုက်အခံပါတီများက ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။

သောကြာ နေ့မှစတင်ဖြစ်ပွားခဲ့သော နိုင်ငံ ရေးဆူပူအုံကြွမှုများကြောင့် သေ ဆုံးသူဦးရေမှာ ၁၄ဦးအထိ ရှိ လာခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ကျောင်း များနှင့် စီးပွားရေးလုပ်ငန်းများ လည်း ရပ်ဆိုင်းထားရသည်ဟု သိရသည်။

ဒေသခံရဲအရာရှိ တစ်ဦး၏ အေအက်ဖ်ပီသတင်း ဌာနသို့ ပြောကြားချက်အရ တနင်္လာနေ့နံနက်တွင် ရမ်ဘ ဟာ ဒရာဈေးအတွင်း အစိုးရအတိုက် အခံ BNP ပါတီဝင်များက လက်ရှိ အာဏာရ Awami League ပါတီ ဝင်များကို တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးခဲ့သူတစ်ဦးမှာ ကုန် ကားမောင်းသူဖြစ်ပြီး BNP ပါတီ ၏ မဟာမိတ်ပါတီဖြစ်သော အစ္စ လာမ္မစ် ပါတီဝင်တစ်ဦး၏ အုတ်ခဲ ပိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရ သည်။

ဝန်ကြီးချုပ်တာဝန်ကို နှစ် ကြိမ်တိုင်ဆောင်ရွက်ခဲ့ဖူးသော BNP ပါတီခေါင်းဆောင်ခါလီ ဒါဇီရာက လက်ရှိအစိုးရကို တရား မဝင်အစိုးရဟုဆိုပြီး တရားဝင် အစိုးရဖွဲ့စည်းရန်အတွက် ရွေး ကောက်ပွဲ မကျင်းပမီ သုံးလအလို တွင် ရွေးကောက်ပွဲကို စောင့် ကြည့်ရန် ကြားဖြတ်အစိုးရကို ဖွဲ့စည်းရန် လိုအပ်သည်ဟု ဆို သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here