Tuesday, October 8, 2013

နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သည့် အင်းလေးကန်ရှိ ရေပေါ်ဈေး ပြန်ဖော်ထုတ်သင့်

0 comments


8.10.2013

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းတည်ရှိသည့်အင်းလေးကန်ရှိ ရေပေါ်ဈေးသည် ပျောက်ကွယ်နေပါသည်။
အင်းလေးကန်၏သမိုင်းဝင်ရေပေါ်ဈေးအားပြန်လည်ဖော်ဆောင်ပေးရန်မှာနိုင်ငံတော်တာဝန်ရှိသူများ၊အဖွဲ့အစည်းများ၊အင်းလေးဒေသ
နှင့်မြန်မာပြည်ရှိတိုင်းရင်းသားပြည်သူများသမိုင်းပေးတာဝန်တရပ်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ မီးခိုးမထွက်စီးပွားရေးလုပ်ငန်းဖြစ်သောခရီးသွားလုပ်ငန်းဖွံဇြိုးတိုးတက်ရေးတွင် အင်းလေးဒေသ ခရီးသွားလုပ်ငန်းသည်အဓိကပါဝင်ပါသည်။ နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သည့် အင်းလေးကန်ရှိ ရေပေါ်ဈေးကိုပြန်လည်ဖော်ထုတ်ပေးခြင်းသည် ခရီးသွားလုပ်ငန်းကိုများစွာအကျိုး
ကျေးဇူးရစေမှာဖြစိပါသည်။အင်းလေးဒေသ ရွာမရွာတွင် တည်ရှိခဲ့သည့် ရေပေါ်ဈေးလေးမှာ အရှည်ပေ ၁၅၀ ဝန်းကျင် ရှိခဲ့သည်။ ၎င်းအား အတုယူ၍ ထိုင်းနိုင်ငံက ဖန်တီးနိုင်ခဲ့၍ ယခုအချိန်တွင် အာရှ၌ ဘန်ကောက် Damnoen Saduak ရေပေါ်ဈေး တခုသာ လူသိများနေရသည်။ ထိုဈေးတွင် အစားသောက်နှင့်သစ်သီးဝလံမျိုးစုံအပြင်၊အဝတ်အထည်နှင့်လက်မှုပညာများပါ လှေချင်းထိ၍
 ရောင်းချကြကာ နိုင်ငံခြားသား ဧည့်သည်များဖြင့် အလွန်စည်ကားသည်ဟု သိရပါသည်။
ကျွန်တော်တို့ကရှိပြိသားသမိုင်းအမွေတွေကိုပြန်လည်မထိန်းသိမ်းရုံသာမက အခုဈေးပါပျောက် ကွယ်သွားရပါပြီးအရင်လိုစည်ကားတဲ့ရေပေါ်ဈေးကိုပြန်လည်ဖော်ဆောင်ပေးပါလိုအကြံပြုတင်ပြအပ်ပါသည်။

အင်းလေးရေပေါ်ဈေးနဲပက်သက်၍သူတို့ရဲ့အမြင်
**********************************
''ရေပေါ်ဈေးက ပျောက်ကိုနေတာ။ ၂၀၀၄ နောက်ပိုင်း ရေကျကတည်းက ဖြစ်သွားတာ။ သူများနိုင်ငံမှာက နိုင်ငံခြားသား ခရီးသည် မလာ၊ လာအောင် မရှိတာကို ရှိအောင်လုပ်ပြီး ဆွဲဆောင်နေကြ တာ။ မြန်မာနိုင်ငံမှာက အစက ရှိနေပြီးသား ပျောက်သွား တာတောင် ဘယ်သူမှ ဂရုစိုက်ကြတာမဟုတ်ဘူး။ ခရီးသည် ဘယ်လောက်ဝင်အောင် လုပ်မယ်ဆိုပြီး ပြောနေရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ နောက်ပြီးတော့ အဓိက အကြောင်းက အင်းလေးကန် ရေခန်းတဲ့ကိစ္စ။ သစ်တောတွေ ပျက်စီးတာ၊ နုန်းပို့ချမှုတွေ များတာ၊ ရွာတွေ၊ ကျွန်းမျောတွေ ထပ်မချဲ့ ဖို့ ဆိုတာတွေ ပြောနေကြတယ်။ ရှိနေတဲ့ သစ်ပင်တွေကို ခုတ်ပြီး ဟိုတယ်အသစ်တွေ ဆောက်ဖို့ လုပ်နေတာက ဘယ်လိုလဲ။ အကျိုး အပစ်ကို ဘက်ပေါင်းစုံက စဉ်းစားဖို့ လိုပါတယ်။""
ကိုသက် ( MDY )

“ရေပေါ်ဈေးစာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အင်းလေးဒေသမှာ ရှိခဲ့ပါတယ်။ လုပ်ယူဖန်တီးထားတာ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ ရေပေါ်ဈေးနေရာလေး တခုက အခြားပုံစံနဲ့ ဖြစ်တည်သွားတာ နှမြောစရာကာင်းပါတယ်။ ကျနော်တို့ အားလုံး နဂိုအတိုင်း ရှိအောင် ပြန်ကြိုးစားသင့်ပါတယ်။ ရေပေါ်ဈေးဟာ အင်းလေးဒေသ အတွက်လည်း ဂုဏ်ယူစရာနေရာလေးပါ”

ဦးညီညီတင် (May Guest House )


“အင်းလေးဒေသရဲ့ ရေပေါ်ဈေးဆိုတာ ကမ္ဘာပေါ်မှာ တခုတည်းသာရှိခဲ့တဲ့ သဘာဝ ရေပေါ်ဈေး ဖြစ်ပါတယ်။ ထိုင်းမှာရှိတဲ့ ရေပေါ်ဈေးဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကမှ ဖန်တီးပြုလုပ်ပြီး နိုင်ငံခြားသား ခရီးသည်တွေလည်း အတော်စိတ်ဝင်စားကြပါတယ်။ အင်းလေးဒေသမှာရှိတဲ့ ရေပေါ်ဈေးက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တိမ်ကောသွားတာ၊ ကုန်းပေါ်တတ်ပြီး ဈေးရောင်းလာကြတယ်။ အခုဆိုရင် နာမည်ပဲ ကျန်တော့တယ်။ ဒီလိုရှားပါးတဲ့ သဘာဝ ရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်နိုင်ရင်တော့ ခရီးသွားတွေကို အတော် ဆွဲဆောင်နိုင်တဲ့ နေရာတခုဖြစ်လာမှာပါ”

ဦးအောင်ကျော်မိုး ( ဟိုတယ်လုပ်ငန်းရှင်များအသင်း  တောင်ကြီးဟိုတယ်ဇုန်)

Inle Youth Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here