Tuesday, October 8, 2013

မန်းတွင် မူးယစ်ဆေးဝါး ဆက်စပ်ရောင်းဝယ်ဖောက်ကားသူများ ဖမ်းမိ

0 comments
မန္တလေး၊ အောက်တိုဘာ ၈

မန္တလေးတွင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူနှင့်ဆက်စပ်ရောင်းသူများအားအောက်တိုဘာ၆ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယခုလ ၆ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်အတွင်း နေထိုင်သူ အိုက်စံ(ခ)လောက်စံ၏ နေအိမ်အား သတင်းအရ သက်သေများနှင့်အတူဝင်ရောက်ရှာဖွေရာ ၄င်း ၀တ်ထားသော ဘောင်းဘီ အိပ်ကပ်အတွင်းမှ အဖြူရောင်ကော်ဘူးငယ်ဖြင့် ထည့်လျှက် ဘိန်းဖြူအလေးချိန် တစ်ဂရမ်၊ နေအိမ်စတိုခန်းထပ်ခိုးအပေါ်ထပ်ရှိ၊ အစိမ်းရောင်ပလပ်စတစ်ခြင်းအတွင်း၊ အနက်ရောက်ကြွပ်ကြွပ် အိတ်ဖြင့်ထည့်လျှက် ဘိန်းဆီခဲအလေးချိန်သုံးကီလိုဂရမ်၊ အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ တစ်ခွက်လျှင် ဘိန်းဖြူအမှုန့် ၁၁ ဂရမ်စီပါ ဆပ်ပြာခွက် ၁၇ခွက် စုစုပေါင်း ဘိန်းဖြူအလေးချိန် ၁၈၇ ဂရန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့် ဖုန်း 09-××××××၊ တို့အား သိန်းဆည်းရမိခဲ့သည်။

ထို့နောက် ၄င်းအား ဆက်လက်စစ်ဆေးရာ လွန်ခဲ့သော တစ်လခွဲခန့်က သူငယ်ချင်းဖြစ်သူ ဖားကန့်မြို့ နေ တာဟုတ်(ကျား-စိစစ်ဆဲ) ဆိုသူထံမှ ၁.၅ပိသာအား ငွေကျပ် သိန်း ၆၀ဖြင့်လည်းကောင်း၊ ဘိန်းဖြူဆပ်ပြာ ခွက် ၂၀အား တစ်ခွက်လျှင် ၁၇၅၀၀၀ကျပ်ဖြင့် စုစုပေါင်း ၃၅သိန်းကျပ်ဖြင့် လည်းကောင်း၊ သုံးစွဲရန်၊ ပြန်လည် ရောင်းချရန် ၀ယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။ 
 
တာဟုန်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က မဟာအောင်မြေမြို့နယ်ကျောက်ဝိုင်းအတွင်း ကျောက် အရောင်းအ၀ယ် လုပ်ကိုင်စဉ် ခင်မင်ရင်းနှီးခဲ့ကြောင်း ဘိန်းဆီအတူသုံးစွဲခဲ့ဘူးကြောင်း လွန်ခဲ့သော တစ်လခွဲ ခန့်က တာဟုန်မှ ၄င်းထံတွင် ဘိန်းဆီခဲ ဘိန်းဆီဆပ်ပြာခွက်များ ရောင်းချရန်ရှိကြောင်း ပြော၍ အိုက်စံမှာ ၀ယ် ယူမည်ဖြစ်ကြောင်း တာဟုတ်မှာ ဖားကန့်သို့ပြန်သွားပြီး ၃ရက်အကြာ ဘိန်းဆီခဲများအား ပီနံအိတ်အတွင်းသို့ ထည့်သွင်း၍ လာပို့ခဲ့ကြောင်း စုစုပေါင်း ငွေကျပ် ၉၅သိန်းတန်ဖိုးရှိသော်လည်း သိန်း၅၀သာပေးချေခဲ့ပြီး ကျန်ငွေ အား ၂၀.၉.၂၀၁၃ရက် တွင် ကျောက်ဝိုင်း အတွင်း ပေးချေ ခဲ့ကြောင်း အိုက်စံမှ ၀န်ခံခဲ့ကြောင်း ရဲမှတ်တမ်းများ တွင်ဖော်ပြထားသည်။ 
 
အိုက်စံထံမှ ဘိန်းဆီခဲအလေးချိန် ၃ကီလို(ဒေသပေါက်ဈေး ဘိန်းဆီခဲတစ်ကီလိုလျှင် ၄၅၀၀၀၀၀ သုံး ကီလို ၁၃၅သိန်း) ဘိန်းဖြူစုစုပေါင်း ၁၈၈ ဂရန် (ဒေသပေါက်ဈေး ဘိန်းဖြူတစ်ကီလိုလျှင် ၇၀၀၀၀၀၀၀ကျပ်နှုန်း ဖြင့် ၁၈၈ ဂရန် ၁၃၁၆၀၀၀၀ကျပ်) အား သိန်းဆည်းရမိခဲ့၍်ျ အိုက်စံ(ခ) လောက်စံနှင့် တာဟုတ်(၄၀)နှစ်၊ ဖားကန့်မြို့နေသူတို့အား အောင်ပယ် လယ်ရဲစခန်းတွင် မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့်ထားပြီး တာဟုတ်အား ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့သည်။

တာဟုတ်နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်အတွင်း ၀င်ရောက် ရှာဖွေရာ နေအိမ်အောက်ထပ် အိပ်ခန်းကုတင်ခြေရင်းတွင် အပြာရောင်ဆပ်ပြာခွက်နှင့်ထည့်ထားသော ဘိန်းဖြူ ဟုယူဆရသော အညိုရောင်းအမှုအလေးချိန် ၅ ဂရန်ပါတစ်ဘူး၊ စုစုပေါင်း ၁၆ဂရန် ဒေသပေါက်ဈေး ဘိန်းဖြူ တစ်ကီလို ၇၀၀၀၀၀၀၀ကျပ် နှုန်းဖြင့် ၁၆ဂရန် ၇၄၂၀၀၀ကျပ်၊ မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့် ၀၉-×××××××ဖုန်းတစ်လုံး နှင့် အတူ တာဟုတ်(ခ) လွေးသာဟုန်အား ဖမ်းဆီးရမိခဲ့သည်။

တာဟုတ်အား စစ်ဆေးမေးမြန်းရာ လွန်ခဲ့သည့် ၅ရက်ခန့်က ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာနေ ကံန(ကျား-စိစစ်ဆဲ) မှ လာရောက်ရောင်းချပေးသဖြင့် ဆပ်ပြာခွက်တစ်ခွက်လျှင် ၁၅၀၀၀၀နှုန်းဖြင့် ၂ခွက်ဝယ်ယူခဲ့ကြောင်း ကံနကိုင်ဆောင်သော ဖုန်းနံပါတ်ကို သိရှိရသဖြင့် ဖမ်းဆီးရမိရေးအတွက် ဆက်သွယ်အကြောင်းကြားထားကြောင်း တာဟုတ်(ခ)လွေးသာဟုန် ၄၇နှစ၊ နှင့် နယ်မြေရဲစခန်း တွင် မယ(ပ)၆/၂၀၁၃မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှတ်တမ်းများအရသိရသည်။ 

ဖိုးလပြည့်
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here