Tuesday, October 8, 2013

ကျိုက်လတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် မြွေဆိပ်ဖြေဆေးနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်သုံးဆေးဝါးသေတ္တာများ ပေးအပ်လှူဒါန်း

0 comments
နေပြည်တော် အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ အတွက် မြွေဆိပ်ဖြေဆေး နှင့် ကျန်းမာရေး ဆိုင်ရာအရေးပေါ်သုံး ဆေးဝါးသေတ္တာများ အပါအဝင် ဆေးပဒေသာပင်အလှူငွေ ပေးအပ် လှူဒါန်းပွဲကို အောက်တိုဘာ ၅ ရက်က ကျိုက်လတ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရှိ မြစန္ဒီကျောင်းခန်းမ၌ ကျင်းပရာ သာသနာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဦးဆန်းဆင့်နှင့် ဇနီးဒေါ်ခင်မ လေးတို့က မြွေဆိပ်ဖြေဆေး အလုံး ၃၀နှင့် ကျန်းမာရေးစောင့်ရှောက် 
ှု ဆေး ပဒေ သာ ပင်အလှူငွေ ကျပ် ၅၀၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ ကျိုက်လတ်မြို့နယ် ဆေးရုံ အုပ် ကြီး ဒေါက်တာသောင်းဝင်း က လက်ခံ ရယူသည်။ 

ဆက်လက်၍ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင် က မြွေဆိပ်ဖြေေ ဆး အလုံး ၅၀ နှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်သုံး ဆေးသေတ္တာ သုံးပုံးတို့ကို ပေးအပ် လှူဒါန်းရာ ကျိုက်လတ်မြို့နယ် ကျန်းမာရေးမှူး ဦးနိုင်ဦးက လက်ခံရယူ သည်။ ထို့နောက် အခမ်းအနားသို့ တက် ရောက်လာကြသော ဧည့်သည်တော် အလှူရှင်များက ဆေးပဒေသာပင် စိုက်ထူရန် အလှူငွေများ ပေးအပ် လှူဒါန်းရာ ဒေသခံပြည်သူများ ကိုယ်စား ကျိုက်လတ်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်နိုင်က လက်ခံရယူပြီး စုစုပေါင်းငွေကျပ် ၃၉၈၇၀၀၀၀ တန်ဖိုးရှိ ငွေနှင့်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြသည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here