Thursday, October 31, 2013

ဒေါ်အောင်ဆန်းစုကြည် ဘိုလော့နာမြို့ Bologna Alma Mater University တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိကဗေဒ ပါရဂူဆုအား လက်ခံရယူ

0 comments

Thursday, October 31, 2013

အီတလီ နိုင်ငံမှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ဘိုလော့နာမြို့က Bologna Alma Mater University တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိကဗေဒ ပါရဂူဆုကို လက်ခံရယူခဲ့ပြီး ပရိသတ်ကို မိန့်ခွန်း ပြောကြားခဲ့တယ်လို့ အဲဒီ အခမ်းအနားကို တက်ရောက်
ခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ မတိုင်ခင် မနက်ပိုင်းမှာလည်း ဘိုလော့နာ မြို့တော်ဝန်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘိုလော့နာ မြို့တော်သူ ဆုကို လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ ပါးမားမြို့မှာ အီတလီရောက်မြန်မာလူမျိုးတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။

BBC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here