Monday, August 26, 2013

စားသောက်ကုန်ပါ ပိုးမွှားများ စက်တင်ဘာ လဆန်းတွင် စတင် စစ်ဆေးနိုင်မည်

0 comments

Photo: စားသောက်ကုန်ပါ ပိုးမွှားများ စက်တင်ဘာ လဆန်းတွင် စတင် စစ်ဆေးနိုင်မည်
Monday, August 26, 2013

စားသောက်ကုန်များတွင် ပိုးမွှား ပါရှိမှုများကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း (မန္တလေး) တွင် ရှိသော ပိုးမွှား စမ်းသပ် စစ်ဆေးစက်ဖြင့် စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ မည်သူမဆို လာရောက် စစ်ဆေးနိုင်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။

စားသောက်ကုန် တစ်ခုတွင် ပါဝင်သည့် ပိုးမွှား အရေအတွက်နှင့် ပိုးမွှား ပေါက်ပွားမှု နှုန်းတို့ကို လာရောက် စစ်ဆေးနိုင်ပြီး စားသောက်ကုန် တစ်ခုလျှင် စစ်ဆေးခအတွက် ကျပ် ၁၅,၀၀၀ ကောက်ခံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စားသောက်ကုန် ပိုးမွှား စစ်ဆေးစက်ကို သြဂုတ်လ ၂၃ ရက်နေ့က အသင်းရုံးတွင် တပ်ဆင်ခဲ့ပြီး နောက် စစ်ဆေးနည်း သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ အသင်းဝင် ဦးစန်းဝင်းက ပြောကြားသည်။

“စက်တပ်ဆင်ဖို့ မတတ်နိုင်တဲ့ အသေးစား စားသောက်ကုန် လုပ်ငန်းရှင်တွေ အတွက်ရော၊ စားသောက်ကုန်ထဲမှာ ပါဝင်မှု သိချင်တဲ့သူတွေအတွက် စက်တပ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ပေါင်မုန့်၊ ယိုစုံ၊ လက်ဖက်နှင့် ထိုးမုန့် အစရှိသည့် စားသောက်ကုန်များ သည် ခြောက်သွေ့ စားသောက်ကုန်များထက် ရေအကျန် များသည့်အတွက် ပိုးမွှားပေါက်ပွားမှု ပိုများသောကြောင့် အဆိုပါ အစားအစာများကို စစ်ဆေး သင့်ကြောင်း မန္တလေးမြို့တော် အခြေစိုက် စားသောက်ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

စားသောက်ကုန် သက်တမ်း ကုန်ဆုံးရက် သတ်မှတ်ရာတွင် ပိုးမွှား ပေါက်ပွားမှု နှုန်းအရ သတ်မှတ် နိုင်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးမြို့တော်ရှိ စားသောက်ကုန် လုပ်ငန်းရှင် ၁၀ ဦးခန့်က ပိုးမွှား စမ်းသပ် စစ်ဆေးစက် တပ်ဆင်မည် ဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့အထိ လုပ်ငန်းရှင် ခုနစ်ဦးခန့် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ စက် တစ်လုံးလျှင် ကျပ် ငါးသိန်းကျော် ရှိပြီး စမ်းသပ်မှု တစ်ခုလျှင် လိုအပ်သည့် ဓာတုပစ္စည်း အပါအဝင် ကျပ် ၇၅၀၀ ခန့် ကုန်ကျမှု ရှိကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း (မန္တလေး) ထံမှ သိရသည်။

မန္တလေးတွင် အသေးစား၊ အလတ်စား၊ အကြီးစား စားသောက်ကုန် စက်ရုံပေါင်း ၂၀၀ ခန့် ရှိသည်။

The Voice Weekly

စားသောက်ကုန်များတွင် ပိုးမွှား ပါရှိမှုများကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချ သူများ အသင်း (မန္တလေး)တွင် ရှိသော ပိုးမွှား စမ်းသပ် စစ်ဆေးစက်ဖြင့် စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ မည်သူမဆို လာရောက် စစ်ဆေးနိုင်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြား သည်။

စားသောက်ကုန် တစ်ခုတွင် ပါဝင်သည့် ပိုးမွှား အရေအတွက်နှင့် ပိုးမွှား ပေါက်ပွားမှု နှုန်းတို့ကို လာရောက် စစ်ဆေးနိုင်ပြီး စားသောက်ကုန် တစ်ခုလျှင် စစ်ဆေးခအတွက် ကျပ် ၁၅,၀၀၀ ကောက်ခံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စားသောက်ကုန် ပိုးမွှား စစ်ဆေးစက်ကို သြဂုတ်လ ၂၃ ရက်နေ့က အသင်းရုံးတွင် တပ်ဆင်ခဲ့ပြီး နောက် စစ်ဆေးနည်း သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ အသင်းဝင် ဦးစန်းဝင်းက ပြောကြားသည်။

“စက်တပ်ဆင်ဖို့ မတတ်နိုင်တဲ့ အသေးစား စားသောက်ကုန် လုပ်ငန်းရှင်တွေ အတွက်ရော၊ စားသောက် ကုန်ထဲမှာ ပါဝင်မှု သိချင်တဲ့သူတွေအတွက် စက်တပ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ပေါင်မုန့်၊ ယိုစုံ၊ လက်ဖက်နှင့် ထိုးမုန့် အစရှိသည့် စားသောက်ကုန်များသည် ခြောက်သွေ့ စားသောက် ကုန်များထက် ရေအကျန် များသည့်အတွက် ပိုးမွှားပေါက်ပွားမှု ပိုများသောကြောင့် အဆိုပါ အစားအစာ များကို စစ်ဆေး သင့်ကြောင်း မန္တလေးမြို့တော် အခြေစိုက် စားသောက်ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

စားသောက်ကုန် သက်တမ်း ကုန်ဆုံးရက် သတ်မှတ်ရာတွင် ပိုးမွှား ပေါက်ပွားမှု နှုန်းအရ သတ်မှတ် နိုင်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးမြို့တော်ရှိ စားသောက်ကုန် လုပ်ငန်းရှင် ၁၀ ဦးခန့်က ပိုးမွှား စမ်းသပ် စစ်ဆေးစက် တပ်ဆင်မည် ဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့အထိ လုပ်ငန်းရှင် ခုနစ်ဦးခန့် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ စက် တစ်လုံးလျှင် ကျပ် ငါးသိန်းကျော် ရှိပြီး စမ်းသပ်မှု တစ်ခုလျှင် လိုအပ်သည့် ဓာတုပစ္စည်း အပါအဝင် ကျပ် ၇၅၀၀ ခန့် ကုန်ကျမှု ရှိကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း (မန္တလေး) ထံမှ သိရသည်။

မန္တလေးတွင် အသေးစား၊ အလတ်စား၊ အကြီးစား စားသောက်ကုန် စက်ရုံပေါင်း ၂၀၀ ခန့် ရှိသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here