Friday, October 18, 2013

ကေအိုင်အေ (KIA) ကချင်တပ်မေ တ်ာမှ ရှမ်းနီအမျိုးသားများ ဖမ်းဆီးသွားကြောင်း

0 comments
၂၀၁၃ အောက်တိုဘာ ၁၅ ရက် ၂၁ နာရီ အချိန်တွင် ကေအိုင်အေ (KIA) ကချင် လွတ်မြောက်ရေး တပ်မတော် အဖွဲ့တပ်ရင်း (၅) လက်အောက်ခံ တိန်ညင်းသူ စခန်း ခန့်မှန်းမြေပုံ (KH 940 ) နေရာမှ အင်အား ၅ ဦး ခန့် တို့သည် မိုးညှင်းမြို့နယ် ထန်းတပင် ကျေးရွာ အရှေ့တောင်ကြော မိုးညှင်းမြို့ရွာ သစ်တန်းကျေးရွာ အိမ်အမှတ် (၆၀ ) နေ ဦးရန်ရှင်းရှောင် စိုက်ခင်း အလုပ် လုပ်ကိုင်နေသော မိုးညှင်းမြို့နယ် ထန်းတပင်အဖ ဦးဝင်းမြင့်(ခ) ထွန်းဝေ အမိ ဒေါ်နန်းဦးတို့သား မောင်ထွန်းရင်(၂၆)နှစ် ရှမ်းနီလူမျိုး ၁/မညန(နိင်)၁၁၄၁၂၇၄ နှင့် အဖ ဦးဖိုးနီ(ကွယ်လွန်) အမိ ဒေါ်မဗျိုင်း သားမောင်သိန်းဇော် (ခ)နေဆန်း (၁၉)နှစ် ၁/မညန ၁၆၅၁၉၃ ရှမ်းနီလူမျိုး တို့အား ကေအိုင်အေ KIA တပ်မတော် မှ လူသစ်စုဆောင်းရန် အတွက် အားဓမ္မခေါ်ဆောင်သွားကြောင်း သတင်းရှိပါသည်။

ရှမ်းနီလူငယ်ကွန်ယက်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here