Wednesday, October 30, 2013

ဧရာဝတီမြစ်ရိုးတစ်လျှောက်မှ ရှမ်းရွာများ KIA အား ဆက်ကြေးများ ပေးဆောင်နေရ

0 comments
30.10.2013

ဗန်းမော်ခရိုင်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ရှမ်းရွာတစ်ရာကျော်အား အောက်တိုဘာ လဆန်း ပိုင်းလောက်က တစ်အိမ်ထောင်လျှင် ကျပ်ငွေ (၂၀၀၀၀ိ)စီ ပေးဆောင်ရန် ဆက်ကြေးကောက်ခံ စာများ ပေးပို့ထားခဲ့ပြီး ဆက်ကြေးငွေများကို ဧရာဝတီ ဒုတိယမြစ်ကျဉ်းထိပ် ညောင်ပင်သာရွာတွင် တပ်စခန်းချထားတဲ့ KIA စစ်ဆင်ရေးနှင့် လှုပ်ရှားရေးအဖွဲ့ကို သွားရောက်ပေးဆောင်ရတယ်လို့ “ ကျွန်တော်တို့မှာ ခေါင်းတစ်လုံး အပိုမပါလို့ ပေးဆောင်နေရပါတယ်” ဆိုတဲ့ ဒေသခံများမှ ပြောပြပါသည်။

ဆက်ကြေးငွေများကို တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းစီနှင့် ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ကျပ် ၁၂-သိန်းစီ အောက်ဆုံးထား၍ ပေးဆောင်နေရပြီး အဆိုပါ ဆက်ကြေးများကို စစ်သားသစ်အဖြစ်နဲ့ အဓမ္မဖမ်းဆီးစုဆောင်းထားတဲ့ တိုင်းရင်းသားများကို စေလွှတ် ကောက်ခံခိုင်းတယ်လို့လဲလည်း သိရပါတယ်။

ဧရာဝတီမြစ်ဖျားဆီက

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here