Monday, October 28, 2013

အစိုးရ နှင့် KIO တို့ ငြိမ်းချမ်းရေး သဘောတူညီမှု ခုနှစ်ချက်တွင် သုံးချက် ပျက်ပြယ်သွားဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်ပြော

0 comments
အောက်တိုဘာ၈ရက်က မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - လင်းအောင်

28-10-2013

ပြည် ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီနှင့် KIO တို့ကြား ငြိမ်း ချမ်းရေးအတွက် သဘောတူချက် တချို့ပျက်ပြယ်သွားပြီဟု ကချင် ငြိမ်းချမ်းရေးကွန်ရက်မှညှိနှိုင်း ရေးမှူး ဒေါ်ခွန်ဂျာကပြောသည်။ အောက် တိုဘာ၂၆ရက်က မြေနီကုန်း ပလာဇာတွင်ပြုလုပ် သော ငြိမ်းချမ်းရေး သဘောတူညီ ချက် လက်မှတ်ရေး ထိုးပြီးနောက် ကချင်ဒေသ တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြော ခဲ့ခြင်းဖြစ်သည်။

''ထိုးထားတဲ့သဘောတူညီ ချက်ကို ၁ဝရက်အတွင်းမှာ ဖောက် ဖျက်တာဖြစ်ပါတယ်။ ခုနစ်ချက်မှာ သုံးချက်တိတိ ဖောက် ဖျက်သွားပြီ ဖြစ်တယ်''ဟု ယင်းက ပြောသည်။ သဘောတူလက်မှတ်ရေး ထိုးထားသည့်ခုနစ်ချက်တွင် ၂၀၁၃ ခုနှစ် မေလ၂၈မှ၃၁ ရက်အတွင်း ဆွေးနွေးပွဲရလဒ်များကြောင့် ပစ် ခတ်တိုက်ခိုက်မှုများ လျှော့ချနိုင် ခြင်း၊ နှစ်ဖက်ထိတွေ့ဆက်ဆံမှု များ တိုးတက်ဆောင်ရွက်နိုင်ခြင်း တို့အပေါ် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့မှအသိအမှတ်ပြုပြီး ပစ်ခတ် တိုက်ခိုက်မှု များ ထပ်မံ မဖြစ်ပွား စေရေးကို ဆက်လက်ညှိနှိုင်းဆောင် ရွက်ရန် သဘောတူညီဟုဆိုသော အချက်အပါအဝင် အချက်သုံး ချက်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်း ရေးကွန်ရက်မှ ညှိနှိုင်းရေးမှူးများ က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ် စားလှယ်အဖွဲ့တို့သည် ကချင်ပြည် နယ် မြစ်ကြီးနားမြို့ မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမတွင် အောက် တိုဘာ၈ရက်မှ၁ဝရက်အထိ အ ပစ်အခတ်ရပ်စဲရေးအတွက် တွေ့ ဆုံဆွေးနွေး ခဲ့ကြပြီး သဘောတူ ညီချက်ခုနစ်ချက်ကို လက်မှတ် ရေးထိုးခဲ့ကြပြီးနောက် အောက် တိုဘာ၂၁ရက်မှစ၍ ကချင်ပြည် နယ်ရွာသုံးရွာတွင် တိုက်ပွဲများပြန် လည်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအကျိုးတော် ဆောင် ဦးလှမောင်ရွှေက ''ကေ အိုင်အိုနဲ့ တပ်မတော်နဲ့ အပစ်အ ခတ်ရပ်စဲရေးစာချုပ်ကို လုံးဝလက် မှတ်ရေးထိုးထားခြင်း မရှိသေးပါ ဘူး။ ငြိမ်းချမ်းရေးသဘောတူညီ ချက်ခုနစ်ချက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ အချက်တော်တော်များ များကို လက်မှတ် ရေး ထိုးထားတာ ရှိပါတယ်။ အဲဒီလိုမျိုး တခြားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သ ဘောတူ လက်မှတ်ထိုးနိုင်ခြင်းမရှိ သေးပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခု ပြည်သူရော၊ ကေအိုင်အိုရော အားလုံးယုံကြည်ပြီး ရှေ့ ဆက်လှမ်း နိုင်မယ် လို့ ထင်ပါတယ်'' ဟု ပြောသည်။

မုန်းဒိန်ပါ၊ ကောင်ဂျာ၊ နမ့် လင်းပါ စသည့်ရွာသုံးရွာ၌ ဖြစ် ပွားလျက်ရှိသော တိုက်ပွဲများတွင် ဒေသ ခံများမှာ အစားအစာပြတ် လပ်တော့မည့် အခြေအနေမျိုး ကြုံတွေ့နေရကြောင်း၊ ယခုအ ချိန်တွင် ကက်သလစ်အသင်းမှ ဆန်အိတ်၂၀၀၊ ဦးခက်ထိန်နန် တို့အဖွဲ့မှ ဆန်အိတ် ၅၀ ပေးပို့ထား ကြောင်း သိရသည်။ ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးထားသည့်အချက်အလက်များ အား ယခုလက်ရှိတွင် အကောင် အထည်ဖော်ဆောင်နေသည်ကို မတွေ့ရှိရသေးဘဲ ပျက်ပြယ်လျက် ရှိသည့် သဘော ရှိနေကြောင်း ဒေါ်ခွန်ဂျာက ဆက်ပြောသည်။

အဆိုပါသဘောတူညီချက် များကို လက်မှတ်ရေးထိုးရာတွင် သက်သေအဖြစ် ကုလသမဂ္ဂအ ထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာဗီဂျေးနမ်ဗီးယား အပါအဝင် အသိသက်သေ၁၃ဖွဲ့ ရှေ့တွင် သဘောတူလက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။



ရွှေရည်မဉ္ဇူ
The Yangon Times

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here