ယနေ့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး သဘောထားလေး သိချင်ပါတယ်။
စိတ်သဘော ထား ကတော့ ရိုးရိုး လေးပါ။ လိုချင်တာက ငြိမ်းချမ်းရေးပါပဲ။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးအပေါ် စိတ်ပါလက်ပါနဲ့ တံခါးဖွင့်ပေးဖို့လိုတယ်။ လက်ခံဖို့လိုအပ်တယ်။ အဲဒါတွေပံ့ပိုးပေး မှပဲ တိုင်းရင်းသားတွေအနေနဲ့ တိကျတဲ့ အဖြေကို စုစည်းလို့ရမယ်။ နိုင်ငံတော် ဘက်ကလည်း အဲဒါမှသာ လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးရမယ်။ယခုလက်ရှိ ငြိမ်းချမ်းရေးတွေလုပ် တယ်။ အောင်မြင်အောင်တော့ လုပ်နေ တာပဲ။ ဒါပေမဲ့ ကချင်မှာမပြတ်သေးဘူး။ ဒီအပေါ်မှာရော။တိုက်ပွဲဖြစ်တယ်ဆိုတာ နှစ်ဦးနှစ် ဖက် အားနည်းချက်ရှိလို့ပဲ။ တစ်ဦးနဲ့တစ် ဦးယုံကြည်မှုမရှိလို့ပေါ့။ တိုက်ပွဲဖြစ်ကြ တာပဲ။ တိုင်းရင်းသားအားလုံးမှာရော တစ်ဦးချင်းစီမှာရော ကိုယ်ပိုင်ခံစားချက် ရှိကြတယ်လေ။ သူရဲ့ခံစားချက်ကို သူ ပြောတာပဲ။ ဥပမာပေါ့ဗျာ ဆရာဝန်တစ် ဦးဟာ လူနာကဘာဖြစ်နေတယ်ဆိုတာ ပြောပြမှ ကုလို့ရမှာပေါ့။ လူနာမပြောရင် ဘယ်လိုကုလို့ရမှာလဲ။ ဘာဖြစ်မှန်းမှ မသိတာ။ မှန်မှန်ကန်ကန်နဲ့ ဖြစ်ရပ်မှန် ကို ဆွေးနွေးရမယ်လေ။ နိုင်ငံတော်က လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သဘောထားဖြောင့်ရမယ်။ မှန်ကန်ရ မယ်။ ဟိုတစ်နေ့ကပဲ ငြိမ်းချမ်းရေးဆွေး နွေးတယ်။ တစ်ယောက်မှ ပြတ်ပြတ်သား သားမပြောကြဘူး။ ကျွန်တော့်အနေနဲ့ က တော့ ပြတ်ပြတ်သားသားပဲ ။ နိုင်ငံတော် က စိတ်ကောင်းစေတနာကောင်းနဲ့အထူး အလေးထားဖို့ လိုအပ်တယ်။ တိုင်းရင်း သားတွေညီညွတ်အောင်လည်း ရိုးသား ဖြောင့်မတ်စွာလုပ်ရမယ်။ အထူးသဖြင့် ကရင်တွေ ညီညွတ် မှဖြစ်မယ်။ ကရင်တွေ မညီညွတ်ရင် ဒီနိုင်ငံမှာ အေးချမ်းမှာ မဟုတ်ဘူး။ အိမ်ဘေးမှာ တကျက်ကျက် ဖြစ်နေရင် ပတ်ဝန်းကျင်လည်း နေလို့မရ ဘူး။ အစိုးရကလည်း သံသယကင်းစွာနဲ့ စုစည်းတာကို ခွင့်ပြုရမယ်။
မြ၀တီမြို့မှာ ကရင်တိုင်းရင်းသား တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်လို့ သိရတယ်။ အဲဒါကရော။
ငြိမ်းချမ်းရေးမအောင်မြင်တာက အဲဒီလိုပွဲတွေပဲဗျာ။ ဆွေးနွေးပါတယ်ဆို ပွင့်လင်းရမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြော ချင်တယ်။ ဒါပေမဲ့ ဒီပွဲကိုလာတဲ့ပုဂ်္ဂိုလ် တွေက ခေါင်းဆောင်တွေ လွှတ်ပေး လိုက်တဲ့ လူငယ်တွေဖြစ်နေတယ်။လူငယ် တွေစုစည်းတယ်။ အစည်းအဝေးပြီးတာ နဲ့အဖြေလည်း မထွက်ခဲ့ဘူး။ခေါင်းဆောင် ဆိုတာ တစ်ယောက်မှ မလာတော့ဘူး။ အစည်းအဝေးဆုံးဖြတ်ချက်က ဘာမှ မအောင်မြင်ဘူးပေါ့ဗျာ။ ကျွန်တော်ဆွေး နွေးပွဲကို တက်တာကလည်း က KNU-KNLA-PC တာဝန်ပေးချက်အရ ဖိတ်ကြားချက်အရ သွားရတာဖြစ်တယ်။ ကြည့်လိုက်တဲ့အခါမှာ တာဝန်ရှိတဲ့သူ တစ်ယောက်မှမပါဘူး။ အချိန်ကလည်း နည်း။ ဒီလိုနဲ့ ပြီးခဲ့ရတာ။အဲဒီမှာ ဖဒိုမန်းငြိမ်းမောင် ကပြော တယ်။ ဒီနေ့ငြိမ်းချမ်းရေးဟာ ၉၀.၈ ရာခိုင်နှုန်းအောင်မြင်ပြီဆိုတော့ ဒီအပေါ် ရောဗျူဟာမှူးတို့ အနေနဲ့ ဘယ်လိုသဘော ရသလဲ။အဲဒါလား။ အဲဒါက ကျွန်တော်တို့ ဘက်ကလေ။ ကျွန်တော်တို့ဘက်က ၉၀.၈ တောင်မကဘူး။၉၉ တောင်ရှိတယ်။ဒါပေမဲ့၁ရာခိုင်နှုန်းက နိုင်ငံ တော်အစိုးရသဘောထားအပေါ်
မူတည် တယ်။ သူ့ဘက်ကမှ သဘောထားမရှိရင် တိုက်ပွဲတွေက ဆက်ဖြစ်နေကြဦးမှာပဲ။ ဒါက ကျွန်တော်တစ်ယောက်တည်း အမြင်နော်။ ဦးမန်းငြိမ်းမောင်စကားပြော တာ ဖောင်းတာတွေရှိတယ်ဗျာ။ ဘယ်လို ဖောင်းလဲဆိုတော့ “KNU ဗဟိုကိုယ်စား အနေနဲ့ လာတယ်”” လို့ပြောတယ်။
နောက်တစ်ချက် က တစ်စုံတစ်ရာဖြစ်ခဲ့ရင် သူ လည်းပစ်သင့်ရင် ပစ်မယ်ပေါ့ဆိုတဲ့ စကား ကလည်း အင်မတန်ဖောင်းတယ်။ ဒီ စကားကသူမပြောသင့်ဘူး။ သာမန် စကားအနေနဲ့ ဒီစကားကို ထားမယ်ဆို ရင်သိပ်ကိစ္စမရှိဘူး။ သူ့စကားကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်တယ်။ သူပြော လိုက်တဲ့စကား က ရှေ့ဆက်တိုက်ပွဲဖြစ် ချင်တဲ့သဘော။ ဗိုလ်မှူးမုတ်သိုလ်ပြော သလိုပေါ့။ တိုက်စရာရှိရင် စားပွဲပေါ်မှာ တိုက်ပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူလူထုအတွက် ပြည်သူလူထုတိုး တက်မှုကို စားပွဲဝိုင်းမှာဆက်ပြီးတိုက်ပွဲ ၀င်ရဦးမှာပဲ။
ကရင်တွေမှာ အဖွဲ့ပေါင်းစုံဖြစ်နေ တယ်။မူတစ်ခုတည်းထားဖို့အစီအစဉ်ရော။စုစည်းလို့တော့ ရမယ်။ အချိန်တော့ ယူရမှာပေါ့။ KNU ကိုယ်တိုင်က အစည်း အဝေးပြီးတာနဲ့ ကွင်းဆင်းရမှာလေ။ ငြိမ်း ချမ်းရေးအတွက် တကယ် Action ပါတဲ့ အလုပ်လုပ်ရမှာပေါ့။ အခုဟာကအစည်း အဝေးပြီးတာနဲ့ အိမ်ပြန်တယ်ဆိုတော့ စုစည်းဖို့ မူတစ်ခုတည်းချဖို့ မဖြစ်နိုင်သေး ဘူး။ ဒီကြားထဲအော်ချက် ထုတ်ကြတာ တွေရှိတယ်။ အခုပြောနေတယ်။ တိုင်း ရင်းသားခေါင်းဆောင်တွေက နိုင်ငံတော် ကိုအယုံအကြည်မရှိဘူးလို့ပြောနေတယ်။ အဲဒီတော့ မေးစရာတွေဖြစ်ဖြစ်နေတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ စိတ်ကဘယ်လောက်အထိ သန့်ရှင်းသ လဲ။ အခုငြိမ်းချမ်းရေးမှာ အစိုးရလိမ် တယ်၊ ညာတယ်ဆိုတာကို လက်ခံလို့ရ ပေမဲ့ သံသယကတော့ ကျွန်တော့်အနေ နဲ့ မရှိဘူး။ ဒါကြောင့် အဖေယူခိုင်းတဲ့ ငြိမ်းချမ်းရေးအတိုင်းပဲ တစ်ခါတည်းယူ လိုက်ပါ။ မူတစ်ခုရဲ့အောက်မှာတော့ ကျွန်တော်တို့ အကြီးအကဲတွေ မကြာခင် ညှိနှိုင်းကြလိမ့်မယ်။လက်နက်ကိုင်တဲ့ပြဿနာ ၊ ယူနီ ဖောင်းဝတ်တဲ့ပြဿနာတွေနဲ့ ကရင်အဖွဲ့ အစည်းတွေမှာ ရှုပ်ထွေးနေတယ်။ အဲဒါ လေးသိပါရစေ။
ငြိမ်းချမ်းရေးယူကြပြီးနောက် သူတို့ ကိုယ်ပိုင်အုပ်ချုပ်မှု ယန္တရားတွေ ပြောင်း ကြတယ်။ အဲဒီလိုပြောင်းတော့ ပုံစံတစ် မျိုးဖြစ်ရော။ ကရင်အဖွဲ့အစည်းကြီးက ဗိုလ်တွေဖြစ်ကုန်တာပေါ့ဗျာ။ အဲဒီဗိုလ် တွေအတွက် သူတို့လုပ်ချင်ရာလုပ်မယ်။ ပြဿနာက အဲဒါပဲ။ ကျွန်တော်အစိုးရ ဖြစ်ခဲ့ရင်လည်း လက်ရှိကိုင်နေတဲ့အနေ အထားအတိုင်းပဲ ကိုင်မှာပဲဗျ။ အခုတော့ ဗျာ။ နေရာတိုင်းမှာ လက်နက်ကိုင်သူ တွေကို ပြည်သူတွေကကြောက်လန့်နေ ကြတယ်။ ဒီပြည်သူတွေကို မပြောနဲ့ဦး။ ကိုယ့်အချင်းချင်းတောင် စိုးရိမ်နေရတဲ့ အခြေအနေ။ လက်နက်ကိုင်ရတဲ့အခြေ အနေက နိုင်ငံတကာမှာ ဆိုရင် အရေး ကြီးမှကိုင်တယ်။ အရေးမကြီးဘူးဆိုရင် သေနတ်မှာ ကျည်ကတ်နဲ့ ကျည်မပါရ ဘူး။ အဲဒီတော့ ကျွန်တော်တို့ညီနောင် တွေ လက်နက်မကိုင်ရင် ပြည်သူလူထု လည်း ထိတ်လန့်မှာ မဟုတ်ဘူးလို့ပဲ ပြော ချင်ပါတယ်။ ကျွန်တော်တို့ကရင်တွေမှာ ၀ါဒနှစ်ခုရှိနေတယ်။ တိုက်ပွဲဝင်နေတဲ့ စစ်ဗိုလ်တစ်ဦးဟာ ဘယ်တော့မှ အရှုံး မပေးဘူး။ အနိုင်ပဲ ယူချင်ကြတာက ပြဿနာဗျ။ လက်ရှိအခြေအနေကို သိ သင့်တယ်။ တောထဲမှာ နေတုန်းက အတွေ့အကြုံတစ်မျိုး၊ မြို့ထဲရောက် တော့ အတွေ့အကြုံတစ်မျိုးလုပ်ပေါ့ဗျာ။ စိတ်ဓာတ်ရေးရာမှာလည်း မာနမထား သင့်ဘူး။
ကရင်ပြည်သူတွေက မျှော်လင့်နေ ကြတယ်။ သူတို့အတွက် သူတို့ခေါင်း ဆောင်တွေက ငြိမ်းချမ်းရေးယူပြီး ဘာ လုပ်ပေးမလဲပေါ့။
ဒါကိုလည်းအဓိကထားပြီးကျွန်တော် တို့အဖွဲ့ပေါင်းစုံနဲ့ ညှိနှိုင်းဆွေးနွေးဦးမယ်။ ကျွန်တော်တို့ယူခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အဖေ လျှောက်ခဲ့တာလည်း ပြည်သူ့ အတွက်ပဲ။ ကျွန်တော်တို့အဘိုး (ဗိုလ်ချုပ် ကြီးထိန်မောင်) နဲ့ ကျွန်တော်တို့လျှောက် ရင်လည်း ပြည်သူ့အတွက်ပဲလို့ ကရင် ပြည်သူတွေ ကို ပြောချင် တယ်။အခု ကရင်အဖွဲ့အစည်းတွေ မူတစ် ခုရဲ့အောက်ကို ဘယ်တော့လောက် ရောက်မလဲ။
ကျွန်တော့်အမြင်က ဟိုအဖွဲ့ဒီအဖွဲ့ မမြင်ဘူး။ မူတစ်ခုရဲ့အောက်မှာပဲ ကရင် တွေလိုက်နာမယ့် မူနဲ့သွားမယ်။ အခုဘယ် လောက်ဆိုးသလဲဆိုရင် ဒီတိုင်းပြည်မှာ ဖြစ်နေတာက အမျိုးသားရေး မဟုတ် တော့ဘူး။ ဘယ်တိုင်းရင်းသားမဆို စစ် ကြောင့်ဖြစ်ကြတာလို့ မထင်စေချင်တော့ ဘူး။ အကျိုးစီးပွားအတွက် ဖြစ်နေကြ တာလို့ပဲ ကျွန်တော်ရဲရဲတင်းတင်းပြောရဲ တယ်။ အတန်းအစားရေးတွေလည်း ပါ နေတယ်။ တကယ်တော့ အစိုးရက ကိုယ့် ဘက်ကို သံသယမဖြစ်ဘူး။ ကိုယ်ကသာ အစိုးရကို သံသယဖြစ်နေကြတာ။ အဲဒီ တော့ ကရင်တွေကွဲနေတယ်။ အဲဒါကို ကျွန်တော်တို့ လူကြီးတွေ မကြာခင် ညှိ နှိုင်းပြီးရင် မူတစ်ခုရဲ့အောက်မှာ သွား ကြဖို့ စီစဉ်ထားပါတယ်။ အစိုးရဘက်က လည်း ကျွန်တော်တို့ကရင်တွေ စုစည်း တဲ့အခါမှာ အစိုးရကိုပုန်ကန်ဖို့၊ တော် လှန်ဖို့ မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ စုစည်းညှိနှိုင်းခြင်းဆိုတာ ကို နားလည်စေချင်တယ်။ ဒါက အရေး ကြီးလို့ ဒီစကားပြောလိုက်တာ။ နောက် ဆုံးပြောချင်တာကတော့ အဖေယူစေချင် တဲ့ ငြိမ်းချမ်းရေးကို ကျွန်တော့်အနေနဲ့ နှစ်ခါမယူချင်ဘူးလို့ပဲ ပြောချင်တယ်။
Hot News

စိုးဝင်းနိုင်