Monday, October 7, 2013

Migraine သို့မဟုတ် ရှောင်လွဲ မရသည့် ခေါင်း တစ်ခြမ်း ကိုက် ဝေဒနာ

0 comments
Migraine ဆိုတာ နာတာရှည် အာရုံကြော ပြဿနာ တစ်မျိုး ဖြစ်ပြီး များသော အားဖြင့် သာမန် ထက် လွန်ကဲ သော ခေါင်းကိုက်မှု များ ၊အပြင်းအထန် ခေါင်းကိုက်မှု များ စသည့် လက္ခဏာေ တွ ပြလေ့ ရှိပါတယ်။ တကယ် လို့ ခေါင်း တစ်ခြမ်း ကိုက် ဝေဒနာ 
( Migraine ) ကို စတင် ခံစား ရပြီ ဆိုရင် တော့ ရှောင်လွှဲ စရာ နည်းလမ်း မရှိ ပါတော့ ဘူး။ ဒါကြောင့် Migraine ဖြစ်ဖူး တဲ့သူေ တွ အနေ နဲ့ Migraine ကို ထပ်ခါ ထပ်ခါ ဖြစ်စေဖို့ အားပေး တဲ့ အကြောင်း အရာတွေ ကို သိထား သင့် ပါတယ်။ 

(၁) အရက်၊ ဘီယာ စသည့် ယမကာများ

 လူတွေ ကတော့ အရက်၊ ဘီယာ စတဲ့ ယမကာတွေ က စိတ်ဖိစီး မှုကို လျော့ပါး စေတယ်လို့ ဆို ပါတယ်။ လေ့လာမှု တွေ အရ အရက်၊ ဘီယာ စတဲ့ ယမကာ တွေက ခန္ဓာကိုယ် ရဲ့စိ တ် ဖိစီးမှု ကို ထိန်းချုပ်တဲ့ နည်း လမ်း ကို ပြောင်းလဲ သွား စေပြီး Migraine ဖြစ်မှုကို ပိုဆိုး စေပါတယ်။

(၂) ကဖင်း ကဖင်းဓာတ် အနည်းငယ် စားသုံးခြင်း က ပြဿနာ မရှိသော်လည်း အလွန် အကျွံ သောက် သုံးခြ င်း က စိတ် လှုပ်ရှား မှုတွေ၊ အိပ်ပျက်မှု တွေကို ကြုံတွေ့ စေနိုင်ပြီး Migraine ကို ပိုဆိုး စေပါတယ်။

(၃)လုံလောက်စွာ မအိပ်စက်ရမှု ကျွန်တော်တို့ အများစု က အိပ်စက်ခြင်း နဲ့ ပတ်သက်ပြီး ဂရုစိုက် လေ့ မရှိပါဘူး။ လုံလောက် တဲ့ အိပ်ချိန် မရှိမှုက Migraine အပြင် အခြားသော ခေါင်းကိုက် ဝေဒနာလေး တွေ ဖြစ်စေတဲ့ အ ကြော င်း ရင်း တစ်ခုပါပဲ။

(၄)ရာသီဥတုပြောင်းလဲခြင်း ရာသီဥတု ပူလွန်း ခြင်း၊ အေးလွန်း ခြင်း၊ ရေငွေ့ စိုထိုင်းဆ များလွန်း ခြင်း ကလည်း ခေါင်းကိုက် ဝေ ဒ နာ နဲ့ Migraine ကို ပိုဆိုးစေပါတယ်။

(၅) ဆူညံသံများ Hight pitched သံတွေ၊ ဆူညံ လွန်းတဲ့ အသံတွေ ကလည်း Migraine ကို ပိုဆိုးစေပါတယ်။

(၆) အရေး အ ကြီးဆုံး စိတ်ဖိစီး မှုကို တတ်နိုင် သမျှ လျော့ချ ဖို့ လိုပါ တယ်။

ဖိုးသောကြာ Health Updates Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here