Wednesday, October 30, 2013

ဆီးဂိမ်းမတိုင်မီ Mobile Banking စနစ် အသုံးပြုနိုင်ရန် အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သမ္မတရုံးသို့ တင်ပြမည်

0 comments
                     မြန်မာနိုင်ငံတော် ဗဟိုဘဏ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
30.10.2013

မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် မိုဘိုင်း ဘဏ်ကင်း စနစ်ကို မြန်မာနိုင်ငံတွင် ဆီးဂိမ်းမတိုင်မီ အသုံးပြုနိုင်ရန် အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နောက်ဆုံး အဆင့် အနေဖြင့် သမ္မတရုံးသို့ တင်ပြ ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

"ဆရာတို့အနေနဲ့ ဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေ တာ ကြာပါပြီ။ နောက်ဆုံးအဆင့် အနေနဲ့ သမ္မတရုံးကို တင်ပြဖို့ ရှိပါတယ်။ သမ္မတရုံးက ခွင့်ပြုချက် ရပြီဆိုတာနဲ့ စတင်ပြီးတော့ လုပ်ကိုင်မှာပါ။ လုပ်ကိုင်ဖို့ လာပြီးတင်ပြထားတဲ့ ဘဏ်တွေလည်းရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီစနစ်ကို သုံးနိုင်ဖို့အတွက်အဆင့်ဆင့် ဆောင်ရွက်နေပါတယ်"ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာဦးအောင်ကျော်သန့်က ဆိုသည်။

မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက်မူကြမ်းအပေါ် ပြည်ထောင်စုရှေ့နေချုပ် ၏ သဘောထား မှတ်ချက်အား ၂၀၁၃ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ရရှိခဲ့ပြီး ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေးအတွက် သြဂုတ် ၃၀ ရက်တွင် တင်ပြခဲ့ပါသည်။ စီးပွားရေးရာ ကော်မတီမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်စွဲပါ စာအမှတ်၁၂/၁၆ သမ္မတရုံးဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်ထဲရေး ၀န်ကြီးဌာန ဘဏ္ဍာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းပြီး နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြရန်ဟု လမ်းညွှန်သဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက် တွင် မိုဘိုင်းဘဏ် လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ပူးတွဲပေးသဘောထား မှတ်ချက်များ တောင်းခံခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ၀န်ကြီးဌာန သုံးခုနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၂ ရက် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးအဆင့်အနေဖြင့်အစည်းအဝေးတွင်ညှိနှိုင်းရရှိချက်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပြန်လည် ရှင်းလင်းဆွေးနွေးချက်များကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

မိုဘိုင်း ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုနိုင်ရန်အတွက် ပထမပုဂ္ဂလိကဘဏ်၊ သမ၀ါယမဘဏ် လီမိတက်၊ အင်းဝဘဏ် လီမိတက်၊ မြ၀တီဘဏ်၊ ဧရာဝတီဘဏ်၊ ကျေးလက် ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားဘဏ် တို့မှ လုပ်ကိုင်ရန်အတွက် တင်ပြထားကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here