နာမည်ကျော်အသင်းများဖြစ်သည့် အင်္ဂလန်၊ စပိန်၊ ရုရှ စသည့် အသင်းများ ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့သလို ဘော့စနီးယားအသင်းမှာလည်း အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်
ဥရောပဇုန် အုပ်စု(၉) အုပ်စုထဲမှ အုပ်စု ဒုတိယရရှိသည့် အသင်း ကိုးသင်းထဲမှ အကောင်းဆုံးရှစ်သင်းမှာ Play-Offs ပွဲစဉ်များ ကစားခွင့်ရရှိမည်ဖြစ်ပြီး အုပ်စု(ခ)မှ ဒိန်းမတ်အသင်းမှာ အုပ်စုဒုတိယနေရာတွင် ရပ်တည် နိုင်ခဲ့သော်လည်း အခြားအုပ်စုများမှ ဒုတိယရရှိသောအသင်းများထက် ရလဒ်များဆိုးရွားခြင်းကြောင့် နောက်ဆုံး ရှစ်သင်းထဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် Play-Offs အဆင့်သို့ အုပ်စု(က)မှ ခရိုအေးရှား၊ အုပ်စု(ဂ)မှ ဆွီဒင်အသင်း၊ အုပ်စု(ဃ)မှ ရိုမေးနီးယား၊ အုပ်စု(င)မှ အိုက်စလန်အသင်း၊ အုပ်စု (စ)မှ ပေါ်တူဂီအသင်း၊ အုပ်စု(ဆ)မှ ဂရိအသင်း၊ အုပ်စု(ဇ)မှ ယူကရိန်းအသင်းနှင့် အုပ်စု(ဈ)မှ ပြင်သစ် အသင်းတို့ တက်ရောက်လာနိုင်ခဲ့ကြသည်။ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်သည့် ပေါ်တူဂီ အသင်းမှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရန
မဲခွဲပွဲများပြုလုပ်ရာတွင် Play-Offs အဆင့်တွင် ပါဝင်ခွင့်ရထားသည့် အသင်းရှစ်သင်းအား ယနေ့ (ကြာသပတေး)တွင် ထုတ်ပြန်မည့် အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်များအပေါ် အခြေခံပြီး ဆီဒင်အဆင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆီဒင်အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့်အမြင့်ဆုံးအသင်းလေးသင
ဖြစ်သည်။