Monday, October 21, 2013

မော်လမြိုင်မြို့ သံလွင်ဥယျာဉ်အတွင်း Shopping Mall တည်ဆောက်မည်

0 comments

Monday, October 21, 2013

မော်လမြိုင်မြို့လယ်ရှိ သံလွင်ဥယျာဉ်အတွင်း Ocean Shopping Mall အား နိုင်ဝင်ဘာလ ပထမအပတ် မှ စတင်၍ တည်ဆောက်တော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအ ဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး
ဒေါက်တာတိုးတိုးအောင်ထံမှ သိရသည်။

"ဒီစီမံကိန်းကို(B.O.T)စနစ်နဲ့လုပ်သွားမှာပါ။အရင်တည်ဆောက်မယ်၊ဆောက်ပြီးရင်စည်ပင်ကို ပြန်အပ်မယ်၊

 နောက်ပြီးမှ စည်ပင်ကနေ ပြန်ပြီးအငှား ပြန်ချမှာ ဖြစ်ပါတယ်။ သဘောတူ စာချုပ်ကို အောက်တိုဘာလ ပထမအပတ်က လက်မှတ်ထိုးခဲ့ပါတယ်။ Shopping Mall တည်ဆောက်ဖို့အတွက် City Mark Holding ကုမ္ပဏီကနေ ကျပ်သိန်း ၃၀၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်သွားမှာ ဖြစ်တယ်" ဟု ဒေါက်တာ တိုးတိုးအောင်က ပြောကြားသည်။

"တည်ဆောက်ပြီး အဆောက်အအုံကို အနှစ် ၂၀ အငှားစာချုပ်နဲ့ ငှားမှာဖြစ်ပါတယ်။ ပထမ ငါးနှစ်ကို တစ်လကို ကျပ်သိန်း ၃၀ နှုန်းနဲ့ ငါးနှစ်စာ ကျပ်သိန်း ၁၈၀၀ ကို လုပ်ငန်းစတင် တာနဲ့ တစ်ခါ တည်း ပေးချေ ရမှာ ဖြစ်ပါတယ်။ ဒုတိယ ငါးနှစ်ကိုတော့ တစ်လကို ကျပ် ၄၅ သိန်းနှုန်းနဲ့ ဆက်ပြီး ငှားသွားမှာပါ။ နောက်တတိယနဲ့ စတုတ္ထ ငါးနှစ်အတွက်ကတော့ အဲဒီခေတ်ကာလပေါက်ဈေး အတိုင်း သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

ငှားရမ်းခ ဈေးနှုန်းနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ မြို့ပေါ်ရပ်ကွက် ကိုယ်စားလှယ်များနှင့် တည်ဆောက်မည့် ကုမ္ပဏီတို့ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီးမှ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

"အရင်ဆုံး သတ်မှတ်တဲ့မြေနဲ့ အဆောက်အဦ ငှားရမ်းခက ဘယ်လိုမှ မဖြစ်နိုင် တဲ့ဈေးနှုန်း ဖြစ်နေတယ် ။ နောက်ပိုင်းဆွေးနွေးမှုတွေ လုပ်ပြီးမှ အများလက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်တော့မှ အားလုံးသဘောတူ ခဲ့ကြတာပါ။ မော်လမြိုင်မြို့ အနေနဲ့ကတော့ ဒီလို Shopping Mall တွေ ရှိသင့်ပါတယ်" ဟု အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားသည်။

Ocean Shopping Mall အား သံလွင်ဥယျာဉ်အတွင်း သုံးဧကအကျယ်ရှိ မြေပေါ်တွင် တည်ဆောက် မည်ဖြစ်ပြီး နိုဝင်ဘာ ပထမပတ်မှ လုပ်ငန်းများ စတင်ကာ ၂၀၁၅ ခုနှစ် မတ်လအတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here