Friday, November 8, 2013

ပြည်နယ်လုံးဆိုင်ရာ သျှမ်းလူဦးရေကောက်ခံရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

0 comments

နိုဝင်ဘာ ရ ရက် ယနေ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက်၌ သျှမ်းပြည်နယ် လုံးဆိုင်ရာ သျှမ်းလူဦးရေ ကောက်ခံရေးကော်မတီမှ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပသွား မည်ဟု မြို့ခံများထံမှ သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးတွင် သျှမ်းပြည်နယ်လုံးဆိုင်ရာ သျှမ်းလူဦးရေကောက်ခံမည့် အကြောင်း ကို ဆွေးနွေးသွားမည်ဖြစ်ပြီး တစ်မြို့ နယ်လျှင် ကိုယ်စားလှယ် ၃ ဦးကျ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားသည် ဟု ဆိုပါသည်။

သျှမ်းပြည်အတွင်းရှိ သျှမ်းလူမျိုးစာရင်းကိုသာ အဓိကထားကောက်ယူခြင်းမဟုတ်ဘဲ အခြားတိုင်းရင်းသားများ၏ စာရင်းကိုပါ ကောက်ခံသွားမည်ဖြစ်ကြောင်း သျှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီအတွင်းရေးမှူး စိုင်းစွမ်မိဏ်း ကပြောသည်။

“သျှမ်းလူဦးရေဘယ်လောက်ရှိသလဲ။ ပြီးတော့ သျှမ်းလူဦးရေစာရင်းတစ်ခုထဲ ကောက်တာမဟုတ်ဘဲ သျှမ်းပြည် ထဲမှာ နေထိုင်တဲ့ အခြားတိုင်းရင်းသားတွေဖြစ်တဲ့ ဗမာ ၊ ကချင် ၊ ကယား ၊ ပအိုဝ်း တွေကိုလဲ၊ စာရင်းကောက်ယူသွားမယ်။ သျှမ်းပြည်နယ်ထဲမှာရှိတဲ့ လူဦးရေစာရင်း တိတိကျကျသိချင်လို့လေ” ဟု ပြောပါသည်။

သျှမ်းလူဦးရေစာရင်းကောက်ယူချိန်တွင် မှတ်ပုံတင်မရှိသေးသူများ အတွက်လည်း မှတ်ပုံတင်လုပ်ပေးသွားမည် ဟု စိုင်းစွမ်မိဏ်းက ပြောပါသည်။ “ အဓိက ကတော့ သျှမ်းလူဦးရေ ဘယ်လောက်ရှိလဲ။ ပြီးတော့ နိုင်ငံခြားမှာ ရှိနေတဲ့ သျှမ်းတွေကဘယ် ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့ပါ ” - ဟု ဆိုပါသည်။

သျှမ်းလူဦးရေစာရင်း ကောက်ယူရေးကော်မတီအား ယခုနှစ် သြဂုတ်စ်လ ၂၂ ရက်က လားရှိုးမြို့ ၌ ပထမ အကြိမ်အစည်း အဝေးကျင်းပကာ ဖွဲ့စည်းခဲ့သည်။

ယင်းတွေ့ ဆုံဆွေးနွေးပွဲတွင် သျှမ်းပြည်အပြင် ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းတို့ ရှိ သျှမ်းလူမျိုးစာရင်းကောက်ယူရေးကော်မတီတို့ နှင့် ပူးပေါင်းလက်တွဲအလုပ်လုပ်သွားမည်ဟုဆိုပါသည်။ သျှမ်းလူမျိုးဖြစ်နေလျက်နှင့် လူမျိုး နေရာတွင် အခြားလူမျိုးနာမည် မှားထည့်သွင်းထားခံရသူများအား မိမိဆန္ဒ အတိုင်း ပြင်ဆင်ဖြည့်ဆည်းပေးရန် နှင့် အိမ် ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိသေးသူများ စာရင်း သွင်းပြု လုပ်ပေးရန် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ သျှမ်းပြည် တိုင်း ရင်းသား လူမျိုးများစာရင်း အပြင် ပြည်ပရောက် သျှမ်းလူမျိုးများစာရင်းပါ ကောက်ယူနိုင်ရေးအတွက် ချိတ်ဆက်ဆောင် ရွက်ရန် ဟူသော ရည်ရွယ်ချက် (၅) ချက်ရှိကြောင်း သိရပါသည်။

သျမ်းသံတော်ဆင်.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here