Friday, November 8, 2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး တိုက်ပွဲများ ပြန်စပြ

0 comments

_______________________________________
၂၀၁၃ ၊ နိုဝင်ဘာလ ၈ ရက်

မကြာသေးမီက အစိုးရနဲ. တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပြီးလို. ၂ ရက်တောင် မရှိသေးခင်မှာ ကချင်ပြည်နယ်နဲ. ရှမ်းပြည်အစပ်က မန်စီမြို.နယ်ထဲမှာ အစိုးရတပ်နဲ. KIA တို.အကြား ယနေ. တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။

မန်စီမြို.နဲ. ၁၀ မိုင် ၀န်းကျင်မှာ ရှိတဲ့ ကောင်လုံရွာ၊ မခေါ်ယမ်ရွာနဲ. ကောင်ဂျာရွာ ဆိုတဲ့ နေရာ သုံးခုမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း ၁၂ နဲ. အစိုးရ စစ်တပ် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေ ဒီနေ. ကြာသာပတေးနေ. မနက် ၉ နာရီ ခွဲခန်.က စပြီး တိုက်ပွဲ သုံးကြိမ် ဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲတွေမှာ ကေအိုင်အေ ဖက်က တပ်သား တစ်ယောက် ကျဆုံးပြီး ရွာသား ၂ ယောက် ဒဏ်ရာ ရကာ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ပုန်းရှောင်နေရပါတယ်။ တိုက်ပွဲသတင်းကို ကေအိုင်အေ တပ်ရင်း ၁၂ တပ်ရင်းမှုး ဗိုလ်မှုးကြီး ဂျွန်အောင် က အတည်ပြု ပြောကြားခဲ့ပါတယ်။

အစိုးရနဲ. အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကနေ ပြန်သွားတဲ့ တိုင်းရင်း သားတွေ နေရပ်တွေ ကိုတောင် ပြန်မရောက်သေး ခင်မှာ ခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတာနဲ. ပက်သက်ပြီး တိုင်းရင်းသားတွေနဲ. အစိုးရ ကြား ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ် ဆောင်ရွက်နေတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေကို ဘီဘီစီ က မေးမြန်းကြည့်တဲ့အခါ သူက အခြေအနေတွေကို အသေးစိတ် မသိရပေမယ့် ဒီတိုက်ပွဲတွေ မကြာခင် ရပ်သွားမယ်လို. ယူဆကြောင်း ပြောပါတယ်။

BBC Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here