Thursday, November 14, 2013

ခူးဝါးဝန်းစုမ့် သို့မဟုတ် မိုင်းဖုန်းဆရာတော် ဦိးဉာဏသံဝရ

0 comments


မိုင်းဖုန်းဆရာတော် မြန်မာနိုင်ငံသို့ နိုဝင်္ဘာလ အတွင်းပြန်လည်ကြွချီ သီတင်းသုံးမည် ကြားသိရပါသည်။

 မိုင်းဖုန်းဆရာတော်ဟု လူသိများသော ဆရာတော် ဦးဉာဏသံဝရ (ခူးဝါးဝန်းစုမ့်)အား ၁၉၆၅ ခုနှစ် ၊ဇန်နဝါရီလ၊ ၅ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ကျိန်းဆဲမြို့နယ်တွင်   နေထိုင်သူ မြန်မာနိုင်ငံသား  သျှမ်း မိဘနှစ်ပါးမှ ဖွားမြင်ခဲ့ပြီး အသက်၁၀ နှစ်အရွယ်မှစတင်၍ သာသနာ့ဘောင်သို့ ၀င်ရောက်သော ငယ်ဖြူရဟန်း တပါးပင်ခင်ဖြစ်သည် ဆရာတော် ကိုရင်လေးဘ၀ သာသနာဘောင်သို့ ၀င်ရောက်ပြီး နှစ်ဝါမြောက်သို့ ရောက်ရှိသော အခါထိုင်း၊ မြန်မာနှင့် လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ မိုင်းဖုန်းဒေသတွင်သာ သနာ့ပြုလုပ်ငန်းများ ဆောင်ရွက်ရာမှ မိုင်းဖုန်းဆရာတော်ဟု လူသိများထင်ရှားလာ ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်ရဲ့ ဘွဲ့အမည်ကတော့ သျှမ်းလို " ခူးဝါးဝန်းစုမ့်ခေါ်  ဦးဉာဏသံဝရ" ဖြစ်ပြီး မိုင်းဖုန်း ဆရာတော်လို့ လူသိများ ထင်ရှားလှသလို၊ တန်ခိုးကြီးဆရာတော် အဖြစ် ကိုးကွယ်ဆည်းကပ်သူ ဒကာ၊ ဒကာမတွေ များပြားလှပါတယ်။ ဆရာတော်၏ တပည့်ဒါယကာများ ပြောကြားချက်အရ ဆရာတော်သည် အခြားသောရဟန်း သံဃာများနှင့်မတူပဲ ထူးခြားချက်များရှိသည်ဟုဆိုလေသည်။ 

ဆရာတော်၏ ထူးခြားချက်များမှာ....
(၁) ငယ်စဉ်ကတည်းကစပြီး သက်သတ်လွတ်ဘုဉ်းပေးခြင်း။
(၂) ငယ်စဉ်ကတည်းကစ၍ကမ္မဋ္ဌာန်းဘာဝနာကျင့်ကြံခြင်း။
(၃) လူသူကင်းမဲ့သည့် တောတောင်အတွင်းရှိ ဂူများတွင် တစ်ပါးတည်းမကြောက် မ ရွံ့တရားအား ထုတ်ခြင်း။
(၄) ဘာသာစကားအမျိုးမျိုး စာပေအမျိုးမျိုး သင်ယူခြင်းမပြုဘဲ အလိုလိုတတ်မြောက်နေခြင်း။
(၅) မတ်တတ်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် မလှုပ်မရှားပဲ တစ်ဆက်တည်းကျင့်ကြံနိုင်ခြင်း။
(၆) .ထိုင်လျှက် အနေအထားဖြင့်ခုနှစ်ရက်တိုင်တိုင် တစ်ထိုင်တည်းတရားအားထုတ်နိုင်ခြင်း။
(၇) .၀ါတွင်းသုံးလအတွင်းဂူ(သို့) တောတောင်တစ်နေရာရာတွင် စဉ်ဆက်မပြတ်တရားထိုင်ခြင်း။
(၈) .၀ါတွင်းသုံးလ ဂူအောင်းနေစဉ် ဆွမ်းဘုဉ်းပေးခြင်းမရှိဘဲ သစ်သီး၊သစ်ဥ၊ သစ်ဖုများကိုသာ အဟာရ အဖြစ်မှီဝဲခြင်း။
(၉). ၀ါတွင်းသုံးလ ကာလအတွင်း အမြဲတမ်းဝစီပိတ်ကျင့်ကြံခြင်း။
(၁၀). လူ၊နတ်၊သတ္တ၀ါတို့အား သွန်သင်ဆုံးမသြ၀ါဒစကားကို တရားတော်များနာပွားနေခြင်းမှ အလိုလို ပေါ်ပေါက်လာခြင်း။
(၁၁). လူ၊နတ်၊သတ္တ၀ါအားလုံး အဆင့်အတန်းမခွဲခြားဘဲမျှမျှတတ မေတ္တာထား ဆက်ဆံခြင်း။
(၁၂). အများတကာမှာ အလွန်ချမ်းနေပြီး ဖိနပ်၊ ခြေအိတ် အပြည့်အစုံနှင့် သွားလာနေထိုင် သော်လည်း ဆရာတော်မှာ ဗလာခြေဖြင့်ကြွ တော်မူခြင်း။
(၁၃). အများတကာမှာအလွန်ပူလောင်နေသည့် ကျောက်ခဲ
ကျောက်စရစ်သဲပြင်များတွင် ဖိနပ်ဖြင့်သာသွားလာ၍ရသော နေရာများ တွင်လည်း ဆရာတော်မှာ ဗလာခြေဖြင့်သာ ကြွချီတော်မူခြင်း။
(၁၄). ရွှေ ၊ငွေ၊ ရတနာ အ၀တ်အစား အသုံးအဆောင် အစားအစာများအားလုံး
နှမြောတွန့်တိုခြင်းမရှိဘဲ လူအများသို့ဒါန ပေးလှူခြင်း။
(၁၅).မရေမတွက်နိုင်သော သာသနိက အဆောက်အဦး၊ စေတီ၊ ပုထိုးတည်ဆောက်ရေးလုပ်ငန်း တို့တွင်ပါဝင်လှူဒါန်းခြင်း။
(၁၆). ရပ်နီးရပ်ဝေး မည်သည့်နိုင်ငံ၊မည်သည့်နေရာဋ္ဌာနသို့မဆို အဓိဋ္ဌါန်ပြုပါက အခက်အခဲမရှိ ကြွရောက်တော်မူနိုင်ခြင်း။
(၁၇). မိမိ၏အတိတ်ဘ၀ အဆက်ဆက်ကို သိတော်မူခြင်း။
(၁၈). မိမိ၏ အနာဂတ်ကို ကြိုတင်သိတော်မူခြင်း။
(၁၉).မျက်နှာမြင်ရုံမျှဖြင့်တစ်ဖက်သား၏အတွင်းစိတ်ကို သိတော်မူခြင်း။
(၂၀). နေ့စဉ်နံနက်၊ညမပျက်မြတ်စွာဘုရားထံဝတ်ပြုဆုတောင်းမေတ္တာပို့သခြင်း။
(၂၁).ဗုဒ္ဓသာသနာဆိုင်ရာတန်ခိုးကြီးအထွတ်အမြတ်နေရာဋ္ဌာနအားလုံးကိုသိမြင်တော်မူခြင်း။
(၂၂).သီလ၊သမာဓိဂုဏ်ကြောင့် အဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရခြင်းမရှိခြင်း။
(၂၃). ကိုယ်ခန္ဓာမကြီးမသေး၊ မနိမ့်မမြင့်၊ မ၀မပိန်၊ အသံသြဇာရှိခြင်း။ လူအများက သူထက်ငါဖူး မြော်လိုခြင်း၊ တစ်ကြိမ်ထက်မက လှူဒါန်းလိုခြင်း၊ တရားနာပြီးရင်းထပ်မံနာလိုခြင်း၊ သတင်းကြားရုံဖြင့် ဖူးမြော်လိုစိတ် အလိုလိုပေါ်ပေါက်ခြင်း။
(၂၄). မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံတို့မှ ဆရာတော်များကဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံရခြင်း တို့ဖြစ်ကြောင်းထပ်မံသိရသည်။

ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က ဆရာတော်ကို သွားရောက်ဖူးမျှော်ပြီး ငွေသားအမြောက်အများ လှူဒါန်းခဲ့ပေမယ့် အဲဒီအလှူခံ ရရှိငွေတွေ အားလုံးကို ဒကာ၊ ဒကာမတွေကို ပြန်စွန့်ကြဲလှူ လိုက်ပါတယ် ဆိုတာတွေ ပြည်သူတွေ ပါးစပ်ဖျား ပြောစမတ် ဖြစ်ကြရတယ်။

ဆရာတော်အား သျှမ်းခေါင်းဆောင်များကို စည်းရုံးရေးတရားဟောခြင်း၊ ပြည်ထောင်စုမှခွဲထွက်ရေး တရားဟောခြင်း များပြုလုပ်ခဲ့သည့်ဟုဆိုကာ ယခင်အစိုးရမှ မတရားစွပ်စွဲမှုများဖြင့် ၂၀၀၄ ခုနှစ်နှစ် အလည်ပိုင်းတွင် ဆရာတော်အား ဖမ်းဆီးရန် ကြံစည်လာသဖြင့် ဒကာ၊ဒကာမ များ၏ အသနားခံ လျှောက်ထားမူကြောင့် ထိုင်းနိုင်ငံသို့ ခေတ္တ ရှောင်တိမ်းကြွချီရာမှ ပြန်လည် ပြည်ဝင်ခွင့် မပေးတော့ဘဲ ပြည်ဝင်ခွင့် ပိတ်ထားစဲ ဖြစ်သဖြင့် ချက်ကြွေဇာတိ သျှမ်းပြည်သို့ မပြန်နိုင်ဘဲ ယနေ့ထက်တိုင် ထိုင်းနိုင်ငံ၌သာ သီတင်းသုံး နေထိုင်တော်မူရခြင်းဖြစ်သည်။

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် (၃)နှစ် ကာလတိုင်တိုင် ဂူပိတ် တရားကျင့်ကြံပြီး ယခုအခါမှာ တရားဟောရန်အတွက် ဇူလိုင်လ(၁၉)ရက် နေ့က ခေတ္တဂူထွက် လာကြောင်း သိရသည်။
ဆရာတော်သည် ဂူပိတ် တရားကျင့်ကြံနေသည်ဖြစ်တာကြောင့် ဆံတော်များနှင့် မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးများ ရှည်လျားနေလျှက်ရှိသည်ကို တွေ့ရပြီး ဂူကထွက်လာအပြီးမှာတော့ ဆံတော်များ ရိတ်ပယ်ထားသည်ကို တွေ့ရှိရသည်။

ဆရာတော်သည် ဂူပိတ်တရားကျင့်နေစဉ်အတွင်း သစ်သီးဆွမ်းသာ ဘုန်းပေးကြောင်း နှင့် ဇူလိုင်(၂၂)ရက်နေ့မှာ ၀ါဆိုကာ ဂူပိတ်တရားပြန်လည်ကျင့်ကြံမှာ ဖြစ်ကြောင်း သိရသည်။ "ဆရာတော်က ၀ါဆိုပြီးရင် ဂူပိတ်တရားပြန်ကျင့်မှာပါ၊ ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ သက်တော်(၅၀)ပြည့် ၂၀၁၄ခုနှစ် ၁လပိုင်း ၅ရက်နေ့လောက်မှာ ဂူပြန်ထွက်မယ်လို့ သိရပါတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဆရာတော်အား သွားရောက်ဖူးမျှော်သူမှ ပြောကြားလာသည်။ ဆရာတော်အား ဖူးမျှော်ရန်နှင့် တရားနာယူနိုင်ရန် အတွက် မြန်မာနိုင်ငံ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊ တာချီလိတ်မြို့နယ်မှ တိုင်းရင်းသားများ အပါအ၀င် ထိုင်းနိုင်ငံ ဘက်မှ ဆရာတော်အား ကြည်ညိုကြသူများသည် ဆရာတော်ရှိရာ သွားရောက် ဖူးမျှော်ကြသည်မှာ လူဦးရေ ထောင် သောင်းမက ရှိကြောင်း သိရသည်။ ဆရာတော်အား မူလ သီတင်းသုံးရာ ကျောင်းဖြစ်သော သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင်မိုင်းဖုန်း ဒေသသို့   နိုင်ငံတော်မှ ပြန်လည် ပင့်ဆောင်ခွင့်ပြုချက်အရ ပြန်လည် ပင့်ဆောင်နိုင်ရန် အတွက် ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ကျောင်းဂေါပကများ နှင့်သျှမ်းတိုင်းရင်းသားများက ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

"ဆရာတော် ဂူထဲမှာ တရားကျင့်နေချိန် မိုင်းဖုန်းပြန်ကြွဖို့ လျှောက်တိုင်း လျှောက်တိုင်း ဆရာတော်က ပြန်ကြွမယ်၊ ပြန်မကြွဘူးလို့လည်း မဟုတ်ဘူး၊ သာဓု.. သာဓု.. သာဓု လို့ပဲ မိန့်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကတော့ မိုင်းဖုန်းကို ပြန်ကြွမယ်လို့ မျှော်လင့်နေလျှက်ပါ " ဟု ဆရာတော်အား အနီးကပ် ဆည်းကပ်ကိုးကွယ်ခဲ့သူ သျှမ်းတိုင်းရင်းသား တစ်ဦးမှ ပြောကြားလာသည်။

မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကတည်းက တရားဓမ္မ ကျင့်ကြံ ပွားများအားထုတ်ခြင်း၊ အကျင့်သီလ မြဲမြံမှုရှိခြင်း၊ စေတီပုထိုးများစွာ တည်ထား၍ သာသနာပြုခြင်း တို့ကြောင့် မြန်မာပြည်မှ တိုင်းရင်းသားများ သျှမ်းတိုင်းရင်းသားများအပြင် ထိုင်းနိုင်ငံမှလည်း ကြည်ညိုကိုးကွယ်သူများ များပြားကြောင်းတွေ့ရှိရသည်။


ထိုင်းနိုင်ငံသို. သွားရောက်သီတင်းသုံးလျှက်ရှိသော မိုင်းဖုန်းဆရာတော်ဦးဉာဏသံဝရ(ခူးဝါးဝန်းစုမ့်)သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် တကာ၊ တကာမများ၏ လျှောက်ထားပင့်ဖိတ် မှုကြောင့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံ၊ တာချီလိတ်မြို.ရှိဆရာတော် ယခင်သီတင်းသုံးနေထိုင်ခဲ.ရာ ကျောင်းသင်္ခန်းသို.့ ပြန် လည်ကြွေ၇ာက်လာမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာာ၊ တကာမ များထံမှ စုံစမ်းသိရသည်။

ဆရာတော်ပြန်ကြွလာဖို့အတွက် တာချီလိတ်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ တင်သွင်းခဲ့သလို လွှတ်တော်ကလည်းလက်ခံ သဘောတူတဲ့အတွက် ဆရာတော်အား ပြန်လည် ကြွရောက်နိုင်ရန် အတွက် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၃ဦးအနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် အပါအ၀င်ဆရာတော်ရဲ. ဒါယကာ၊ဒါယိကာမ တွေကဆရာတော်လက်ရှိ သီတင်းသုံးနေတဲ့ ထိုင်းနိုင်ငံက ကျောင်းမှာ သွားပင့်တော့ဆရာတော်က နိုဝင်ဘာလထဲမှာ ပြန်ကြွလာမယ်လို့ မိန့်လိုက်တယ်။
 လောလောဆယ်တော့ ပျက်စီးနေတဲ့ ဆရာတော်ရဲ့ကျောင်းကိုပြန် လည်ပြုပြင်နေ ကြတယ်ဟု ၄င်းကပြောသည်။

***ထိုင်းနိုင်ငံကထုတ်လွင့်ခဲ့တဲ့ ဆရာတော်ဂူထွက်သတင်း***

ယခင်စစ်အစိုးရလက်ထက်က အာဏာပိုင်များမှ မတရားအသင်းဖြင့် ဆက်သွယ်သည် ဟုယူဆကာ ဖမ်းဆီးရန်ကြိုးပမ်းခဲ.သည့်အတွက် ထိုင်းနိုင်ငံသို့ သွားရောက် သီတင်းသုံးလျှက်ရှိသော မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ (ခူးဝါးဝန်းစုမ့်)သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် တကာ၊တကာမများ၏
လျှောက်ထားပင့်ဖိတ်မှုကြောင့် နိုဝင်ဘာလ အတွင်းမြန်မာနိုင်ငံ၊ တာချီလိတ်မြို.ရှိ ဆရာတော် ယခင်သီတင်းသုံးနေထိုင်ခဲ့ရာ ကျောင်းသင်္ခန်းသို့ပြန် လည်ကြွရောက်လာမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာာ၊ တကာမများထံမှ စုံစမ်းသိရသည်။

ထုတ်နိုတ်
- @Num Khay 
- Momeik News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here