Monday, November 11, 2013

ရန်ကုန်တိုင်းဒေသကြီးရှိစက်မှုဇုန်များနွေရာသီ၌လျှပ်စစ်ဓာတ်အားအပြည့် အဝ ရရှိရေးဆွေးနွေး

0 comments
11.11.2013

မိမိသည် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ကတည်းက စက်မှုဇုန်များနှင့်စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ပံ့ပိုးပေးခဲ့ကြောင်း၊ ယခု လည်း နွေရာသီ၌ ရန်ကုန်တိုင်းဒေသကြီးရှိစက်မှုဇုန်များ လျှပ်စစ် ဓာတ်အားအပြည့်အဝရရှိရေး အတွက်ဆွေးနွေး မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ယမန်နေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ အလုံလမ်းရှိ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ဆွေးနွေး ပွဲတွင်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့သည် လျှပ်စစ်ဓာတ်အား အပြည့်အဝ ရမှသာ အဆင်ပြေ မည်ဖြစ်သောကြောင့် ရန်ကုန်မြို့ကို လျှပ်စစ်မီးအပြည့်အဝပေးရမည် ဖြစ်ကြောင်း၊ ယခင်ကထက်စာလျှင် ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားပိုမိုထုတ်လွှတ်ပေးလျက် ရှိကြောင်း၊ ရေအား၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးများဖြင့် လျှပ်စစ်မီးမရရအောင် ဆောင်ရွက်ပေး လျက်ရှိသည်ကို စက်မှုဇုန်များအနေဖြင့် သိစေလိုသောကြောင့် ရှင်းပြရခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များထက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း

၂ဝဝ၁-၂ဝ၃ဝ နှစ် ၃ဝ လျှပ်စစ်မဟာဗျူဟာစီမံကိန်းကိုရေးဆွဲပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA စသည့် အဖွဲ့အစည်းများနှင့် ပညာရှင်များပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၁၉၈၄ ခုနှစ် လျှပ်စစ်ဥပဒေသည် တည်ဆဲဥပဒေဖြစ်၍ တည်ဆဲဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ကို ၂ဝဝ၅ ခုနှစ်တွင် Private Sector အဖြစ် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားနှုန်းထားများနှင့် စပ်လျဉ်း၍ KOCIA,JICA စသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့ ကြောင်း၊ လျှပ်စစ်ဓာတ်အားနှုန်းထားများမှာ ထုတ်လုပ်ရာ တွင်ဈေးကြီးပြီး ရောင်းချရာတွင် ဈေးနည်းလျက်ရှိကြောင်း၊ ထို့ကြောင့် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားရန် စီစဉ်မှုကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှပင်စတင်၍ မီဒီယာမှတစ်ဆင့်ချပြပြီး စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ကလည်း ဓာတ်အားခနှုန်းထားမြှင့်လိုက်သည့်အတွက် ပြည်သူ များ ၏အသံကို ပြန်ကြားလို၍ ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် လုပ်ငန်း ရှင်များက လျှပ်စစ်ဓာတ်အားသုံးစွဲခနှုန်းထားများ သင့်လျော်သလို မြှင့်တင်ခြင်းကို လက်ခံပါကြောင်း၊ သို့ရာတွင် အချိန်ကာလတစ်ခုရွှေ့ပေးရန်၊ဈေးနှုန်းမြှင့်တင်မှုကို လျှော့ပေါ့ပေး ရန်နှင့် လျှပ်စစ်မီး အပြည့်အဝ ရရှိရေးတို့ကို ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြ ကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်တို့က ပြန်လည်ရှင်းလင်းပြောကြားသည်။

The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here