ရန်ကုန်၊ နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံ၏ဥပဒေပြုလွှတ်တော်သည်အုပ်ချုပ်ရေးအာဏာကိုကျင့်သုံးသည့်အစိုးရကို ကောင်းမွန်စွာထိန်းကျောင်းနိုင်သော လွှတ်တော်များ ဖြစ်သည်ဟု ဥရောပ ပါလီမန် ဒုတိယဥက္ကဋ္ဌ Isabelle DURANT က ပြောကြား သည် ။နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ပြည်တွင်း လူမှုအဖွဲ့ အစည်းများနှင့် အလွတ်သဘော တွေ့ဆုံပွဲအပြီး စာနယ်ဇင်း ရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ် သည်။
ဥက္ကဋ္ဌIsabelleDURANTက မြန်မာ့လွှတ်တော်နှင့်ပတ်သက်၍၎င်း၏အမြင်ကို ပြောကြားသည်။“လွှတ်တော်
ဆိုတာ အလုပ်လုပ်ရမယ့်နေရာ ဖြစ်တယ်။တာဝန်ခံမှုရှိရမယ်။ မြန်မာလွှတ်တော်ကအစိုးရကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင် တာကို တွေ့ရပါတယ်” ဟု ဥရောပ ပါလီမန် ဒုတိယအဆိုပါ ပြောဆိုချက်နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အပြည့်အဝသဘောမတူကြောင်း ပြောဆိုသည်။
“လွှတ်တော်က အစိုးရကို Check and Balance ကောင်းကောင်း မလုပ်နိုင်သေးဘူးလို့ တွေ့ရတယ်။ လွှတ်တော်က Check and Balance လုပ်နိုင်ဖို့ဆိုရင် လွှတ်တော်ကို အစိုးရ ဘာတွေလုပ်နေလဲ ဆိုတာ အချက်အလက်တွေပေးဖို့ စာရင်းစစ်တွေ၊ ကော်မတီတွေ လိုတယ်။ အခု လွှတ်တော်က ဒါတွေ သိခွင့်မရှိဘူး ဖြစ်နေတယ်။ လွှတ်တော်ထက် သမ္မတက ပိုအလေးသာသလို ဖြစ်နေတယ်။ ဒါကြောင့် သူ (ဥရောပ ပါလီမန် ဒုတိယဥက္ကဋ္ဌ) ပြောတာ ကျွန်တော် အပြည့်အဝ သဘောမတူဘူး” ဟု ဥရောပ ပါလီမန် ဒုတိယဥက္ကဋ္ဌ Isabella DURANT ၏ ပြောဆိုမှုကို ဦးဖုန်းမြင့်အောင်က အထက်ပါအတိုင်း မှတ်ချက်ပြု သည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်မီတာခ တိုးမြှင့်ရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော် က ပြန်လည် သုံးသပ်ရန် အရေးကြီး အဆိုတင်သွင်းခြင်၊ နေပြည်တော်ရှိ အခြေခံ အဆောက်ဦများ တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများအတွက်ဘဏ္ဍာငွေ တောင်းခံမှုများကိုအသုံးစရိတ် ဖြတ်တောက်ခြင်း စသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သော်လည်း ဒီမိုကရေစီ ကူးပြောင်းရေးကို အထောက် အကူ ပြုစေမည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းနှင့် ခေတ်ကာလ အခြေအနေနင့် မကိုက်ညီသော ဥပဒေများ ပယ်ဖျက်ခြင်းတွင် အားနည်းမှုများ ရှိနေသေးကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများ က ပြောကြား သည်။
The Voice