Saturday, November 9, 2013

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငွေရတု အခမ်းအနား ကျင်းပ

0 comments
မြန်မာ့ခေတ်

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားကို နိုဝင်ဘာလ(၉)ရက်နေ့
နံနက်၉နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ကျင်းပလျက်ရှိသည်။

ယင်းအခမ်းအနားသို့ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှ တက်ရောက်အမှာ စကားပြောကြားပြီး
ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစိုင်းခမ်းလှိုင်၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးယောသပ်တို့မှ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာများ ကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားတွင် SNLD ၏ ၂၅နှစ်အတွင်း လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်သုံးသပ်ချက်အား ကိုယ်စားလှယ် အသီးသီးက ဖတ်ကြားမည်ဖြစ်သည်။ ယင်းအပြင် ရှမ်းလူထု၏ SNLD အပေါ် ဝေဖန်ချက်များကို ပါတီဝင်များက ဖတ်ကြား မည်ဖြစ်သည်။

ထို့အပြင် ရှမ်းစော်ဘွားနောက်ဆုံးမျိုးဆက်၏ မိဖုရား စပ်သုစန္ဒီက ပညာရေးနှင့် လူမှုရေး ရွပ်ရွပ်ချွံချွံလုပ်ဆောင်သည့် ပါတီဝင်တစ်ဦးကို နိုဝင်ဘာလ ၁၁ရက်နေ့တွင် ဆုချီးမြှင့်မည်ဖြစ်သည်။

ရှမ်းအမျိုးသားများဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ငွေရတု အခမ်းအနားသို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ သိန္ဒီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မလန်မြို့တို့မှ SNLD တာဝန်ခံဥက္ကဋ္ဌများ၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ်များ အပါအ၀င် ဧည့်ပရိသတ်တစ်ထောင်ကျော် တက်ရောက်ကြသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here